Monday 15 September 2014

တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် “A Little Chaos” ဇာတ်ကား မိတ်ဆက်ပွဲသို့ ကိတ်ဝင်းစလက် တက်ရောက်

Photo: တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် “A Little Chaos” ဇာတ်ကား မိတ်ဆက်ပွဲသို့ ကိတ်ဝင်းစလက် တက်ရောက်
Monday, September 15, 2014

စက်တင်ဘာ ၁၃။ စက်တင်ဘာ၁၃ရက်၌ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပလျက် ရှိသည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မင်းသမီးချော ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသည့် “A Little Chaos” ဇာတ်ကားသစ်ကို ညနေပိုင်း အထူးပွဲအဖြစ် မိတ်ဆက် ပြသ ခဲ့ရာယင်း ပွဲသို့ တက်ရောက်လာသည့်အသက် ၃၈ နှစ်အရွယ် မင်းသမီး ကိတ်ဝင်းစလက်မှာ အထူး လှပနေသည်ကို တွေ့ခဲ့ရသည်။

ထိုပွဲသို့ ထိုဇာတ်ကားထဲမှ တွဲဘက်သရုပ်ဆောင် အလန်ရစ်မန်းလည်း တက်ရောက်ခဲ့သည်။ ထိုသရုပ်ဆောင် နှစ်ဦးလုံးသည် ဂရေးဂုစ် ကုမ္ပဏီ နှင့် ဆိုဟိုဟောက်စ်တိုရွန်တို တို့က ထိုနေ့ညတွင် ကျင်းပခဲ့သော ပါတီသို့လည်း တက်ရောက်ခဲ့ကြသည်။

ထိုရုပ်ရှင်ကို ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ရှစ်ပတ်ကြာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ယူကေ၌ စတင် ရုံတင်ပြသမည် ဖြစ်သည်။

“A Little Chaos” ဇာတ်ကားထဲတွင် ကိတ်ဝင်းစလက်က ဥယျာဉ်ပန်းမန်ဗိသုကာ အဖြစ် သရုပ်ဆောင်ထားပြီး  Versaillers တွင် လူးဝစ်စ်၁၄ ဘုရင်အတွက် ခမ်းနားသော ဥယျာဉ်များ တည်ဆောက်ရမည့်သူ အဖြစ် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။ အလန်ရစ်မန်းက လူးဝစ်စ်၁၄ ဘုရင်အဖြစ် ပါဝင် သရုပ်ဆောင်ထားသည်။

Ref: Just Jared
Mizzima - News in Burmese
စက်တင်ဘာ ၁၃။ စက်တင်ဘာ၁၃ရက်၌ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် ကျင်းပလျက် ရှိသည့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မင်းသမီးချော ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသည့် “A Little Chaos” ဇာတ်ကားသစ်ကို ညနေပိုင်း အထူးပွဲအဖြစ် မိတ်ဆက် ပြသခဲ့ရာယင်းပွဲသို့ တက်ရောက်လာသည့် အသက် ၃၈ နှစ်အရွယ် မင်းသမီး ကိတ်ဝင်းစလက်မှာ အထူး လှပနေသည်ကို တွေ့ခဲ့ရသည်။
ထိုပွဲသို့ ထိုဇာတ်ကားထဲမှ တွဲဘက်သရုပ်ဆောင် အလန်ရစ်မန်းလည်း တက်ရောက်ခဲ့သည်။ ထို သရုပ်ဆောင် နှစ်ဦးလုံးသည် ဂရေးဂုစ် ကုမ္ပဏီ နှင့် ဆိုဟိုဟောက်စ်တိုရွန်တို တို့က ထိုနေ့ညတွင် ကျင်းပ ခဲ့သော ပါတီသို့လည်း တက်ရောက်ခဲ့ကြသည်။

ထိုရုပ်ရှင်ကို ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်ကာ ရှစ်ပတ်ကြာ ရိုက်ကူး ခဲ့ခြင်းဖြစ်သည်။ ထိုရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ယူကေ၌ စတင် ရုံတင်ပြသ မည် ဖြစ်သည်။

“A Little Chaos” ဇာတ်ကားထဲတွင် ကိတ်ဝင်းစလက်က ဥယျာဉ်ပန်းမန်ဗိသုကာ အဖြစ် သရုပ်ဆောင် ထားပြီး  Versaillers တွင် လူးဝစ်စ်၁၄ ဘုရင်အတွက် ခမ်းနားသော ဥယျာဉ်များ တည်ဆောက်ရမည့်သူ အဖြစ် သရုပ်ဆောင်ထားခြင်း ဖြစ်သည်။ အလန်ရစ်မန်းက လူးဝစ်စ်၁၄ ဘုရင်အဖြစ် ပါဝင် သရုပ်ဆောင် ထားသည်။

Ref: Just Jared
Mizzima - News in Burmese

No comments:

Post a Comment