Monday 15 September 2014

တောင်တက်သမားနှစ်ဦးအတွက် ဆုတောင်းမေတ္တာ

Photo: တောင်တက်သမားနှစ်ဦးအတွက် ဆုတောင်းမေတ္တာ
Monday, September 15, 2014

မြစ်ဝကျွန်းပေါ်ဒေသ၊ တ လုပ်လပ်အရှေ့ကျေးရွာကလေး တွင် မွေးဖွားကြီးပြင်းခဲ့သည့် ဝေယံမင်းသူ တစ်ယောက် မြန်မာ နိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ၁၉၂၉၆ ပေ (၅၈၈၁ မီတာ)အမြင့်ရှိ၍ အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည့် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ တက်ရောက် ခဲ့ပြီး အမိနိုင်ငံတော်အလံကို လွှင့် ထူနိုင်ခဲ့ခြင်းက သူတို့တစ်ရွာလုံး ကို သာမက အမြို့မြို့အရွာရွာ အတွက်ပါ ဂုဏ်ယူစရာဖြစ်သွား သည်။

‘‘ကလေးက ဒီတောင်ကို သိပ်တက်ချင်တယ်။ သူ့ဆန္ဒက ဒီ တောင်ထိပ်မှာ ခြေချချင်တာ။ လူ့ဘ၀မှာ လုပ်ချင်တာကို လူတိုင်းမလုပ်နိုင်ဘူးလေ။ ကိုယ့်ကလေး က သူလုပ်ချင်တာ တစ်ခုကို လုပ် နိုင်ခဲ့တာကို အဒေါ်တို့က ဂုဏ်ယူ တယ်။ အခုသူ့အတွက် ကောင်း အောင် မိသားစုတွေ ၀ိုင်းဆု တောင်းပေးတာပဲ တတ်နိုင်ပါ တယ်’’

ပြီးခဲ့သည့် ၁၄ ရက်က ခါ ကာဘိုရာဇီတောင်ထိပ်တွင် မြန် မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ သည့် တောင်တက်သမားကို ဝေယံမင်းသူ၏ တစ်အိမ်တည်း နေ အဒေါ်အရင်းဖြစ်သူက လေ သံမှန်မှန်လေးဖြင့် တစ်လုံးချင်း ပြောသည်။ သြဂုတ် ၃၁ ရက်၊ ညနေ ၅နာရီ ၁မိနစ်နောက်ပိုင်း ကတည်းကစ၍ စက်တင်ဘာ ၁၄ ရက်အထိ ဝေယံမင်းသူနှင့် အတူ တောင်တက်သော အောင် မြင့်မြတ်တို့နှစ်ဦးမှာ အဆက် အသွယ် လုံးဝပြတ်တောက်နေ သည်။

၎င်းတို့နှစ်ဦးကို ရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်ထူးဖောင်ဒေးရှင်းနှင့် တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း (သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)က စက် တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင်ခဲ့သည်။ တပ်မတော် (လေ)နှင့် ထူးဖောင်ဒေးရှင်းက ရဟတ် ယာဉ်များအသုံးပြုရှာဖွေခဲ့သည် ဟု ဆိုသည်။ စက်တင်ဘာ ၁၃ ရက်တွင် ဘလူးစကိုင်းအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံးအရပ် သားကယ်ဆယ်ရေး အဖွဲ့သည် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်း လုပ်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ယင်းဘလူးစ ကိုင်းအဖွဲ့အနေဖြင့် ရှာဖွေကယ် ဆယ်ရေးဆက်လက်လုပ်ဆောင် ရန် မသေချာတော့ကြောင်း စက် တင်ဘာ ၁၄ ရက်တွင် ထူးဖောင် ဒေးရှင်းမှ ပြောကြားလာသည်။

‘‘ဝေယံမင်းသူမှာ (အသည်း ရောင်အသားဝါ) ဘီပိုးရော၊ စီပိုး ပါရှိတယ်။ ဒါကြောင့် သူတောင် တက်တယ်။ ကျန်းမာတယ်။ သူက အရမ်းစိတ်ဓာတ်ကြံ့ခိုင် တယ်’’ဟု အသက် (၅၆) နှစ်အ ရွယ် ဒေါ်မမလေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်အ ရှေ့ရွာတွင် မွေးဖွားကြီးပြင်းခဲ့ သည့် ကိုဝေယံမင်းသူသည် အထက်တန်းကို ရန်ကုန်မြို့၊ အထက (၂) ကမာရွတ်တွင် တက်ရောက်အောင်မြင်ခဲ့သည်။ ယင်းနောက် သင်္ချာအဓိကဖြင့် ဘွဲ့ရခဲ့သလို တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း(သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)၏ တောင်တက်သမားတစ်ဦး ဖြစ်လာခဲ့ သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယ၊ တရုတ် နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာတောင် တန်းအရှေ့ဘက်တွင် တည်ရှိ သည်။ ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့ သော ပထ၀ီလေ့လာမှုစစ်တမ်း တစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅၈၈၁ မီတာ(၁၉၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်အဖြစ် သတ်မှတ်ထား သည်။ ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိအိုဇာကီနှင့် တိဗက်လူ မျိုး မြန်မာနိုင်ငံသား နမားဂျွန် ဆင်(ခ)အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ ဖူးသည်။

ဝေယံမင်းသူ၊ အောင်မြင့် မြတ်၊ ဟန်လင်းထွန်း၊ ကျော် ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင် မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေ ယျာထွန်း စသည့်တောင်တက်သမားရှစ်ဦးပါဝင်သည့် တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)   အဖွဲ့သည်မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ရန် စီစဉ်ခဲ့ကြသည်။  ပူတာအိုသို့ ရောက်ရှိနေ သော တောင်တက်သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူမိသား စုဝင်တို့နှင့် ဆက်သွယ်ရန် 7 Day Daily မှ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း တယ်လီဖုန်းဆက် သွယ်ရေးကွန်ရက်အဆင်မပြေ ခြင်းကို ကြုံရသည်။

‘‘ရှာဖွေရေးက အခုထိ မစရ သေးဘူး။ ဒီမှာမိုးလေ၀သက မ ကောင်းဘူး။ သဘာဝဖောင်ဒေး ရှင်းရယ်၊ ဦးတေဇရယ်၊ တရုတ် တွေရယ်၊ အင်တိုင်အားတိုက် တော့ ရှာနေကြတာပါပဲ။ အခက် အခဲတွေရှိတယ်လို့ ပြောတယ်။ ကျွန်မတို့က ပူတာအိုမှာပဲ စောင့်  နေရတယ်။ အဲဒီတောင်ခြေဘက် ကို သွားဖို့က မလွယ်ဘူး’’ ဟု ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူ အသက် (၅၈) နှစ်အရွယ် ဒေါ်ခင် ဆွေတင်က 7 Day Daily နှင့် ဖုန်းအဆက်အသွယ်ရစဉ်အတွင်း ပြောကြားသည်။

ဝေယံမင်းသူ၏ ဇာတိ တလုပ်လပ် အရှေ့ကျေးရွာမှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ်တွင်ရှိပြီး  မအူပင်မြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်း ဧရာ ၀တီမြစ်ဝကျွန်းပေါ်တွင် မွေးဖွား ခဲ့သူ ဝေယံမင်းသူသည်သူ့အသက် (၂၈) အရွယ်တွင် မြန်မာနိုင်ငံ မြောက်ဖျားရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ ခြေချနိုင်ခဲ့သည်။

‘‘ကျွန်မတို့ ဘာသာတရားက ကံတရားကို ယုံကြည်တယ်။ ကလေးရဲ့အသက်ရဲ့ကံပဲဆိုတာ ကို နားလည်ထားပါတယ်။ သူက ဘယ်ခရီးသွားသွား အိမ်မှာ လူကြီးတွေကို ကန်တော့ပြီးမှ သွားတတ် တယ်။ နွေးနွေးထွေးထွေးနေတတ် တဲ့ ကလေးတစ်ယောက်ပါ။ အခု သူ့ဘ၀လေး တည်ငြိမ်အောင် မေတ္တာပို့ပေးတာ တစ်ခုပဲပေါ့’’ဟု ဝေယံမင်းသူကို ထိန်းကျောင်းပြု စုလာခဲ့သူ ဒေါ်မမလေးကဆိုပါ သည်။

7Day DAILY 

တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၄ ရက်က တိုင်ပင်နေကြ စဉ် (ဓာတ်ပုံ− ထူးဖောင်ဒေးရှင်း)
တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာ ၁၄ ရက်က တိုင်ပင်နေကြ စဉ် (ဓာတ်ပုံ− ထူးဖောင်ဒေးရှင်း)
မြစ်ဝကျွန်းပေါ်ဒေသ၊ တလုပ်လပ်အရှေ့ကျေးရွာကလေးတွင် မွေးဖွားကြီးပြင်းခဲ့သည့် ဝေယံမင်းသူ တစ်ယောက် မြန်မာ နိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ၁၉၂၉၆ ပေ (၅၈၈၁ မီတာ)အမြင့်ရှိ၍ အရှေ့တောင် အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ် မှတ်ထားသည့် ခါကာဘိုရာဇီ ရေခဲတောင်ထိပ်သို့ တက်ရောက် ခဲ့ပြီး အမိနိုင်ငံတော်အလံကို လွှင့်ထူနိုင်ခဲ့ခြင်းက သူတို့တစ်ရွာလုံး ကို သာမက အမြို့မြို့အရွာရွာ အတွက်ပါ ဂုဏ်ယူစရာဖြစ်သွား သည်။
‘‘ကလေးက ဒီတောင်ကို သိပ်တက်ချင်တယ်။ သူ့ဆန္ဒက ဒီ တောင်ထိပ်မှာ ခြေချချင်တာ။ လူ့ဘ၀မှာ လုပ်ချင်တာကို လူတိုင်းမလုပ်နိုင်ဘူးလေ။ ကိုယ့်ကလေး က သူလုပ်ချင်တာ တစ်ခုကို လုပ် နိုင်ခဲ့တာကို အဒေါ်တို့က ဂုဏ်ယူ တယ်။ အခုသူ့အတွက် ကောင်း အောင် မိသားစုတွေ ၀ိုင်းဆု တောင်းပေးတာပဲ တတ်နိုင်ပါ တယ်’’

ပြီးခဲ့သည့် ၁၄ ရက်က ခါ ကာဘိုရာဇီတောင်ထိပ်တွင် မြန် မာနိုင်ငံအလံကို စိုက်ထူနိုင်ခဲ့ သည့် တောင် တက်သမားကို ဝေယံမင်းသူ၏ တစ်အိမ်တည်း နေ အဒေါ်အရင်းဖြစ်သူက လေ သံမှန်မှန်လေးဖြင့် တစ်လုံးချင်း ပြောသည်။ သြဂုတ် ၃၁ ရက်၊ ညနေ ၅နာရီ ၁မိနစ်နောက်ပိုင်း ကတည်းကစ၍ စက်တင်ဘာ ၁၄ ရက်အထိ ဝေယံမင်းသူနှင့် အတူ တောင်တက်သော အောင် မြင့်မြတ်တို့နှစ်ဦးမှာ အဆက် အသွယ် လုံးဝပြတ်တောက်နေ သည်။

၎င်းတို့နှစ်ဦးကို ရှာဖွေရန် အတွက် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်ထူးဖောင်ဒေးရှင်းနှင့် တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း (သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)က စက် တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင်ခဲ့သည်။ တပ်မတော် (လေ)နှင့် ထူးဖောင်ဒေးရှင်းက ရဟတ် ယာဉ်များအသုံးပြုရှာဖွေ ခဲ့သည် ဟု ဆိုသည်။ စက်တင်ဘာ ၁၃ ရက်တွင် ဘလူးစကိုင်းအမည်ရှိ တရုတ်နိုင်ငံမှ အကြီးဆုံးအရပ် သားကယ်ဆယ်ရေး အဖွဲ့သည် ရှာဖွေကယ်ဆယ်ရေး ပူးပေါင်း လုပ်ရန်အတွက် မြန်မာနိုင်ငံ သို့ ရောက်ရှိ လာခဲ့သည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ယင်းဘလူးစ ကိုင်းအဖွဲ့အနေဖြင့် ရှာဖွေကယ် ဆယ်ရေး ဆက်လက် လုပ်ဆောင် ရန် မသေချာတော့ကြောင်း စက် တင်ဘာ ၁၄ ရက်တွင် ထူးဖောင် ဒေးရှင်း မှ ပြောကြားလာသည်။

‘‘ဝေယံမင်းသူမှာ (အသည်း ရောင်အသားဝါ) ဘီပိုးရော၊ စီပိုး ပါရှိတယ်။ ဒါကြောင့် သူတောင် တက်တယ်။ ကျန်းမာတယ်။ သူက အရမ်းစိတ်ဓာတ်ကြံ့ခိုင် တယ်’’ဟု အသက် (၅၆) နှစ်အ ရွယ် ဒေါ်မမလေး က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ တလုပ်လပ်အ ရှေ့ရွာတွင် မွေးဖွားကြီးပြင်းခဲ့ သည့် ကိုဝေယံမင်းသူ သည် အထက်တန်းကို ရန်ကုန်မြို့၊ အထက (၂) ကမာရွတ်တွင် တက်ရောက်အောင်မြင်ခဲ့ သည်။ ယင်းနောက် သင်္ချာအဓိကဖြင့် ဘွဲ့ရခဲ့သလို တက္ကသိုလ်ခြေလျင် နှင့် တောင်တက်အသင်း(သဘာ ၀ခေါ်သံဖောင်ဒေးရှင်း)၏ တောင်တက်သမားတစ်ဦး ဖြစ်လာခဲ့ သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယ၊ တရုတ် နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမ၀န္တာတောင် တန်းအရှေ့ဘက်တွင် တည်ရှိ သည်။ ၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့ သော ပထ၀ီလေ့လာမှုစစ်တမ်း တစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅၈၈၁ မီတာ(၁၉၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်အဖြစ် သတ်မှတ်ထား သည်။ ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ်က ဂျပန်လူမျိုး တာကာရှိအိုဇာကီနှင့် တိဗက်လူ မျိုး မြန်မာနိုင်ငံ သား နမားဂျွန် ဆင်(ခ)အောင်ဆည်တို့ ပထမ ဆုံးအကြိမ်အဖြစ်တက်ရောက်ခဲ့ ဖူးသည်။

ဝေယံမင်းသူ၊ အောင်မြင့် မြတ်၊ ဟန်လင်းထွန်း၊ ကျော် ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင် မောင်ပြည့်စုံ ၊ ဇော်ဇင်ခိုင်၊ ဇေယျာထွန်း စသည့်တောင်တက်သမားရှစ်ဦးပါဝင်သည့် တက္ကသိုလ်များ ခြေလျင်နှ င့် တောင်တက်အ သင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း)   အဖွဲ့သည်မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံး အကြိမ်အဖြစ် တက်ရောက်ရန် စီစဉ်ခဲ့ကြသည်။  ပူတာအိုသို့ ရောက်ရှိနေ သော တောင်တက် သမား အောင် မြင့်မြတ်နှင့် ဝေယံမင်းသူမိသား စုဝင်တို့နှင့် ဆက်သွယ်ရန် 7 Day Daily မှ အကြိမ်ကြိမ် ကြိုးစားခဲ့ သော်လည်း တယ်လီဖုန်းဆက် သွယ်ရေးကွန်ရက်အဆင်မပြေ ခြင်းကို ကြုံရသည်။

‘‘ရှာဖွေရေးက အခုထိ မစရ သေးဘူး။ ဒီမှာမိုးလေ၀သက မ ကောင်းဘူး။ သဘာဝဖောင်ဒေး ရှင်းရယ်၊ ဦးတေဇရယ်၊ တရုတ် တွေရယ်၊ အင်တိုင်အားတိုက် တော့ ရှာနေကြတာပါပဲ။ အခက်အခဲတွေ ရှိတယ်လို့ ပြောတယ်။ ကျွန်မတို့က ပူတာအိုမှာပဲ စောင့်  နေရတယ်။ အဲဒီတောင်ခြေဘက် ကို သွားဖို့က မလွယ်ဘူး’’ ဟု ကိုဝေယံမင်းသူ၏ မိခင်ဖြစ်သူ အသက် (၅၈) နှစ်အရွယ် ဒေါ်ခင် ဆွေတင်က 7 Day Daily နှင့် ဖုန်းအဆက်အသွယ်ရစဉ်အတွင်း ပြောကြားသည်။

ဝေယံမင်းသူ၏ ဇာတိ တလုပ်လပ် အရှေ့ကျေးရွာမှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ်တွင်ရှိပြီး  မအူပင်မြို့၏ တစ်ဖက်ကမ်းတွင် တည်ရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်း ဧရာ ၀တီမြစ်ဝကျွန်းပေါ်တွင် မွေးဖွား ခဲ့သူ ဝေယံမင်းသူသည်သူ့အသက် (၂၈) အရွယ်တွင် မြန်မာနိုင်ငံ မြောက်ဖျားရှိ ခါကာဘိုရာဇီ တောင်ထိပ်သို့ ခြေချနိုင်ခဲ့သည်။

‘‘ကျွန်မတို့ ဘာသာတရားက ကံတရားကို ယုံကြည်တယ်။ ကလေးရဲ့အသက်ရဲ့ကံပဲဆိုတာ ကို နားလည် ထားပါတယ်။ သူကဘယ်ခရီးသွားသွား အိမ်မှာလူကြီးတွေကို ကန်တော့ပြီးမှသွားတတ် တယ်။ နွေးနွေးေ ထွးေ ထွးနေ တတ် တဲ့ ကလေးတစ်ယောက်ပါ။ အခု သူ့ဘ၀လေး တည်ငြိမ်အော င် မေတ္တာ ပို့ပေးတာ တစ်ခုပဲပေါ့’’ဟု ဝေယံမင်းသူကို ထိန်းကျောင်းပြု စုလာခဲ့ သူ ဒေါ်မမလေးက ဆိုပါ သည်။

7Day DAILY

No comments:

Post a Comment