Monday 15 September 2014

သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိရေး ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံတောင်သူများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်

Photo: သိမ်းဆည်းလယ်ယာမြေများပြန်လည်ရရှိရေး ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံတောင်သူများ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်
Monday, September 15, 2014

၁၉၇၄ ခုနှစ်ကတည်းက သက်ဆိုင်ရာက သိမ်းဆည်းထား သည့် ချောင်းဦးမြို့နယ် ကျေးရွာ အုပ်စု ၆ စုမှသိမ်းဆည်းခံထား ရသည့် လယ်ယာမြေဧကသုံးထောင်ကျော်ပြန်လည်ရရှိရန် မူလပိုင်ရှင်များက ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။

‘‘စက်တင်ဘာ ၇ ရက်မှာ ဆန္ဒထုတ်ဖော်ဖို့ စက်တင်ဘာ ၂ ရက်မှာ သက်ဆိုင်ရာကိုခွင့်ပြု ချက်တင်တယ်။ ခွင့်တော့ပြုတယ် ဒါပေမဲ့ ခွင့်ပြုချက်တောင်းခံတဲ့ ပုံစံထဲက လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖော်ခွင့်မပြုဘူး။ ဒါကြောင့် စက်တင်ဘာ ၉ ရက်မှာခွင့်ပြုချက်ဆက်တင်ပြီး စက်တင် ဘာ ၁၄ ရက်မှာ ပထမဆုံးအ ကြိမ်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါ တယ်’’ဟု သိမ်းဆည်းလယ်ယာ မြေများပြန်လည်ရရှိရေး တောင်းဆိုခဲ့သော ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံကိုရန်နိုင်မြင့် ကပြောကြားခဲ့သည်။

မကျီးခွကျေးရွာအုပ်စု၊ မကျီးဘုတ်ကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ တောကျောင်းကြီးကျေးရွာအုပ်စု၊ သုံးပန်လှကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ ၂၃၀ ခန့်သည် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာ ရီအချိန်မှစတင်၍ ချောင်းဦးမြို့ အရဲကျောင်းဘုရားဆိုင်းဘုတ် ရှေ့ (ချောင်းဦး-ပခုက္ကူလမ်း)တွင် စုရပ်အဖြစ် စတင်ဆန္ဒဖော် ထုတ်ခဲ့သည်။

တောင်သူများလုပ်ကိုင်စား သောက်လျက်ရှိသည့် လယ်ယာ မြေဧက ၃၅၅၀ ကို ပြည်သူ့လုပ်အားနေရာချထားရေးဦးစီးဌာနမှ ၁၉၇၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး အမှတ်(၄) ပေါက်အင်းစိုက်ကွင်းအဖြစ် သတ်မှတ်ကာ ဂျုံ၊ ကုလားပဲစိုက်ခင်းများ တောင်သူများသို့ အနှီး (အငှား)ချကာစိုက်ပျိုးစေ ခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက် နေ့စွဲဖြင့် နိုင်ငံတော်သမ္မတအပါ အဝင် လွှတ်တော်ရေးရာကော် မတီများ၊ ဝန်ကြီးဌာနများသို့ တင် ပြခဲ့သည်။ ၂၀၁၃ နိုဝင်ဘာအ တွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ် ယာမြေများအား မြေယာပိုင်ဆိုင် မှုပုံစံ(၁)လျှောက်ထားခဲ့သဖြင့် လယ်သိမ်းခံ တောင်သူများက ကန့်ကွက်ခဲ့သည်။ ၂၀၁၄ မတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ မကျီး ခွကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထား ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သည့်တောင်သူများအား ရပ်/ကျေးမြေအသုံးချစီမံခန့်ခွဲမှုကော် မတီက စစ်ဆေးခဲ့ကြောင်း သိ ရသည်။

7Day DAILY 

ချောင်းဦးမြို့နယ် ပေါက်အင်းဒေသမြေအသိမ်းခံတောင်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)
ချောင်းဦးမြို့နယ် ပေါက်အင်းဒေသမြေအသိမ်းခံတောင်သူများ (ဓာတ်ပုံ − မျိုးမင်းဦး)
၁၉၇၄ ခုနှစ်ကတည်းက သက်ဆိုင်ရာက သိမ်းဆည်းထား သည့် ချောင်းဦးမြို့နယ် ကျေးရွာ အုပ်စု ၆ စုမှ သိမ်းဆည်း ခံထားရသည့် လယ်ယာမြေဧကသုံးထောင်ကျော်ပြန်လည်ရရှိရန် မူလပိုင်ရှင်များက ဆန္ဒ ထုတ် ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။
‘‘စက်တင်ဘာ ၇ ရက်မှာ ဆန္ဒထုတ်ဖော်ဖို့ စက်တင်ဘာ ၂ ရက်မှာ သက်ဆိုင်ရာကိုခွင့်ပြု ချက်တင်တယ်။ ခွင့်တော့ပြုတယ် ဒါပေမဲ့ ခွင့်ပြုချက်တောင်းခံတဲ့ ပုံစံထဲက လမ်းကြောင်းအတိုင်း ဆန္ဒထုတ်ဖော်ခွင့်မပြုဘူး။ ဒါကြောင့် စက်တင်ဘာ ၉ ရက်မှာခွင့်ပြုချက်ဆက်တင်ပြီး စက်တင် ဘာ ၁၄ ရက်မှာ ပထမဆုံးအ ကြိမ်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါ တယ်’’ဟု သိမ်းဆည်းလယ်ယာ မြေများပြန်လည် ရရှိရေး တောင်းဆို ခဲ့သော ချောင်းဦးမြို့နယ် ပေါက်အင်းဒေသခံကိုရန်နိုင်မြင့် ကပြောကြားခဲ့သည်။

မကျီးခွကျေးရွာအုပ်စု၊ မကျီးဘုတ်ကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ တောကျောင်းကြီးကျေးရွာအုပ်စု၊ သုံးပန်လှကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ ၂၃၀ ခန့်သည် စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာ ရီအချိန်မှစတင်၍ ချောင်းဦးမြို့ အရဲကျောင်းဘုရားဆိုင်းဘုတ် ရှေ့ (ချောင်းဦး-ပခုက္ကူလမ်း)တွင် စုရပ်အဖြစ် စတင်ဆန္ဒဖော် ထုတ်ခဲ့သည်။

တောင်သူများလုပ်ကိုင်စား သောက်လျက်ရှိသည့် လယ်ယာ မြေဧက ၃၅၅၀ ကို ပြည်သူ့ လုပ်အားနေရာ ချထားရေးဦးစီးဌာနမှ ၁၉၇၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး အမှတ်(၄) ပေါက်အင်းစိုက်ကွင်းအဖြစ် သတ်မှတ်ကာ ဂျုံ၊ ကုလားပဲစိုက်ခင်းများ တောင်သူများသို့ အနှီး (အငှား)ချကာစိုက်ပျိုးစေ ခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးအတွက် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၄ ရက် နေ့ စွဲဖြင့် နိုင်ငံတော်သမ္မတအပါ အဝင် လွှတ်တော်ရေးရာကော် မတီများ၊ ဝန်ကြီးဌာနများသို့ တင် ပြခဲ့ သည်။ ၂၀၁၃ နိုဝင်ဘာအ တွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လယ် ယာမြေများ အား မြေယာပိုင်ဆိုင် မှုပုံစံ(၁)လျှောက်ထားခဲ့သဖြင့် လယ်သိမ်းခံ တောင်သူများက ကန့်ကွက်ခဲ့သည်။ ၂၀၁၄ မတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ မကျီး ခွကျေးရွာအုပ်စု၊ ငါးလုံးတင်ကျေးရွာ အုပ်စု၊ ရွှေလှေကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် လယ်ယာမြေလုပ်ပိုင် ခွင့် လျှောက် ထား ခြင်းနှင့် ပတ်သက်၍ ကန့်ကွက် သည့်တောင်သူများအား ရပ်/ကျေးမြေအသုံးချစီမံခန့်ခွဲမှုကော် မတီက စစ်ဆေးခဲ့ကြောင်း သိ ရသည်။

7Day DAILY

No comments:

Post a Comment