Monday 15 September 2014

ပြည်နယ်အစိုးရဆောင်ရွက်သော ဆောက်လုပ်ရေး စီမံကိန်းများကို ကော် မတီဖွဲ့၍ ပြန်စစ်မည်

ပြည်နယ်အစိုးရက ဆောင်ရွက်ခဲ့သော ဆောက်လုပ် ရေးစီမံကိန်းများကို ကော်မတီ ဖွဲ့ စည်း၍ ပြန်လည် စိစစ် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ဆောင်ရွက်ပြီးစီးခဲ့သော ဦးဥတ္တမခန်းမပြန်လည်ပြင်ဆင် ခြင်းလုပ်ငန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ရုံးဆောက် လုပ်ခြင်းလုပ်ငန်း များကို ပြန်လည်စိစစ်ရန် ကော် မတီဖွဲ့စည်းဆောင်ရွက်နေ ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင်ဆောင်ရွက်ပြီးစီးခဲ့ သော အခြားဆောက်လုပ်ရေး လုပ်ငန်းစီမံကိန်းများ ကိုလည်း ပြန်လည် စိစစ် သွားမည်ဟု   ဆိုသည်။  ဆောက်လုပ်ရေးစီမံကိန်း များဆောင်ရွက်ခဲ့သော ကုမ္ပဏီ များအနေဖြင့် ယင်း ကဲ့သို့ပြန် လည်စိစစ်ရာတွင် အရည်အသွေး စံချိန်စံနှုန်းမပြည့်မီပါက ပြန် လည်ပြင်ဆင်ပေးရမည်ဖြစ် သည်။ အကယ်၍ ပြန်လည်မပြင် ဆင်ပေးနိုင်ပါက ဒဏ်ငွေပေး ဆောင်စေခြင်း၊ အမည်ပျက်စာ ရင်း   ထည့် သွင်းခြင်းများအပြင် တရားစွဲဆိုမှုများပြုလုပ် သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ  အဖွဲ့က သတင်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ ဖြိုးရေးအခြေခံအဆောက်အအုံ များကို အရှိန်အဟုန်မြှင့်ဆောင် ရွက်နေသောေ ကြာင့် ဆောက် လုပ်ရေးလုပ်ငန်းမှာ အဓိကအ ရေးပါလာပြီး ကုမ္ပဏီရာဂဏန်း ခန့်ဆောက်လုပ်ရေး လုပ်ငန်း များ ဆောင်ရွက်နေကြောင်း ဒေသခံ များကဆိုသည်။

7Day DAILY

No comments:

Post a Comment