Monday 15 September 2014

နာဂဒေသ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရေးကြီးဆုံးမှာ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍဖြစ်

နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်စေရန် အဓိကအရေးကြီးဆုံးမှာ လမ်း ပန်းဆက်သွယ်ရေး အခန်းကဏ္ဍ သာ အဓိကဖြစ်သည်ဟု ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသဥက္ကဋ္ဌ ဦးရူစံကြူးက ပြောသည်။
နာဂဒေသသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရန် လမ်းပန်း ဆက် သွယ်ရေးကဏ္ဍကို အဓိကထားလုပ်ဆောင်လျက်ရှိသော်လည်း နာဂဒေသသည် မိုးများ စွာရွာ သွန်းသော ဒေသဖြစ်ခြင်း ကြောင့် မိုးရာသီတွင် တည် ဆောက်ရေးလုပ်ငန်းများကို ရပ် ဆိုင်းထား ပြီး ပြုပြင်ရေး လုပ်ငန်းကိုသာ လုပ်ကိုင်နေခဲ့ရသည်။

‘‘မိုးရာသီဆိုရင် ခန္တီးမြို့နဲ့ နီး တဲ့လေရှီးမြို့ကိုသာ ကားတွေဝင် ရောက်နိုင်တယ်။ ကျန်တဲ့ နန်း ယွန်းတို့ လဟယ် တို့ဆိုရင် ဆိုင် ကယ်နဲ့ပဲ သွားလာနေရတယ်။ ဆိုင်ကယ်ဆိုတာကလည်း တစ် မြို့နဲ့ တစ်မြို့ အမြဲတမ်း သွားလာ နေတယ်လို့ မဟုတ်ဘဲ အလုပ်ရှိ မှ ကယ်ရီငှားရတာဆိုတော့ ဈေး ကလည်း ကြီးတယ်။ ဒီလို လမ်း ပန်းဆက်သွယ်ရေးခက်နေတဲ့ ဒေသဖြစ်တာကြောင့် ဒေသအ တွင်း ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ဖို့သာ အဓိကဖြစ်ပါတယ်’’ ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ ဥက္ကဋ္ဌ ဦးရူစံကြူးက ပြောသည်။

ယခုနှစ်တွင် နာဂဒေသ လမ်းတံတားတည်ဆာက်ရေးအ တွက် ကျပ်သန်း ၁၆၀၀ ကျော် ရရှိခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ် အတွင်းက နာဂဒေသလမ်းတံ တားတည်ဆောက်ရန် ကျပ်သန်း ၁,၁၀၀ ကျော်ရရှိခဲ့ကာ နာဂဒေသ လမ်းတံတား တည်ဆောက်ရေး အသုံးစရိတ် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်သုံးစွဲဆောင်ရွက် လာ ခဲ့သည်။

7Day DAILY

No comments:

Post a Comment