Saturday 20 February 2016

သမိုင်းဝင် ချစ်ကြည်ရေးရီးစဉ်အဖြစ် အိုဘားမား ကျူးဘားသို့ သွားမည်

လာမယ့်မတ်လမှာ ကျူးဘားနိုင်ငံကို သမိုင်းဝင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတ တဦးက နှစ်ပေါင်း ၉၀ အတွင်း ကျူးဘားနိုင်ငံကို ပထမဆုံး သွားရောက်မယ့် အမေရိကန်သမ္မတ ဖြစ်လာပါမယ်။
သမိုင်းမှာ ပထမဆုံး သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတကတော့ သမ္မတ ဟဲရီထရူးမင်းဖြစ်ပြီး ၁၉၂၈ ခုနှစ်က သွားရောက်ခဲ့တာပါ။

အတိုက်အခံ ရီပတ်ဗလစ်ကန်ပါတီကတော့ ဒီခရီးစဉ်ကို ဝေဖန်လိုက်ပြီး ကတ်စထရို မိသားစုဝင်တွေ အာဏာရနေတဲ့ ကာလအတွင်း မသွားရောက်သင့်ဘူးလို့ ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစပြီး အမေရိကန်နဲ့ ကျူးဘားနိုင်ငံတို့ တရားဝင် သံတမန်အဆက်အသွယ် ပြန်ထားရှိခဲ့ကြပြီး ခရီးသွားနဲ့ ကုန်သွယ်ရေး ကန့်သတ်မှုတွေကိုလည်း ၅၄ နှစ်အတွင်း ပြန်ဖျက်သိမ်းပေးခဲ့ပါတယ်။

လာမယ့် မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာ သမ္မတကတော် မီရှယ်အိုဘားမားနဲ့ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ အာဂျင်တီးနားနိုင်ငံကို ၂ ရက်ကြာ ဆက်ပြီး သွားရောက်မယ်လို့ ဆိုပါတယ်။

အမေရိကန်-ကျူးဘား ဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်မယ်လို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပြီး ကျူးဘား လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သာမန် ကျူးဘားပြည်သူတွေနဲ့လည်း သမ္မတအိုဘားမား တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကျူးဘားမိသားစုတွေက ဆင်းသက်လာကြတဲ့ အခုနှစ် အမေရိကန်သမ္မတလောင်းတွေ ဖြစ်ကြတဲ့ မာခရို ရူဘီယို (Marco Rubio) နဲ့ တက်ခရုဒ်စ် (Ted Cruz) တို့ကတော့ သမ္မတအိုဘားမားရဲ့ ခရီးစဉ်ဟာ မှားယွင်းတဲ့ ခရီးစဉ်လို့ ဝေဖန်ပြောဆိုကြပါတယ်။
burmese.dvb.no

No comments:

Post a Comment