Wednesday 6 January 2016

နေပြည်တော်တွင် ကျူးကျော်နေထိုင်သူဆိုသူ ခုနစ်ဦးကို စည်ပင်ဥပဒေဖြင့် ထပ်မံအမှုဖွင့်

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ထုံးဘိုကျေးရွာပိုင်မြေတွင် ကျူး ကျော်နေထိုင်သည်ဟုဆိုကာ လူခုနစ်ဦးကို စည်ပင်ဥပဒေ ပုဒ်မ၂၆ ဖြင့် ငွေဒဏ်ကျပ်ငါးသောင်းချမှတ်ခဲ့သည့်အပြင် ထပ်မံတရားစွဲဆိုခဲ့သည်။
နေပြည်တော်ကောင်စီနယ် မြေ ပုဗ္ဗသီရိမြို့နယ် ထုံးဘုံကျေး ရွာ (ယခင်ကျည်တောင်ကန်ရွာ) တွင် နေထိုင်သည့် ဦးကျော်ဒင်၊ ဦးဝင်းစိန်၊ ဒေါ်လှမေ၊ ဒေါ်သန်း စိန်၊ ဒေါ်ဆွေဆွေဝင်း၊ ဒေါ်မာမာ ထွေးနှင့် ဒေါ်ခင်စန်းအေးတို့ ခုနစ် ဦးအား ကျူးကျော်နေထိုင်သည် ဟု ဆိုကာ နေပြည်တော်စည်ပင် သာယာတရားရုံးက ၂၀၁၅ သြဂုတ်၂၅ ရက်တွင် စည်ပင်သာယာဥပ ဒေပုဒ်မ ၂၆ အရ ဒဏ်ငွေ ငါး သောင်းချမှတ်ခဲ့သည့်အတွက် ပေးဆောင်ခဲ့ပြီး ဖြစ်သည်။

၎င်းတို့ ခုနစ်ဦးကို အဆိုပါတရားရုံးတွင် နေပြည်တော်စည်ပင်က စည်ပင်ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုခဲ့သည်။

‘‘အမှုရင်ဆိုင်နေရသော လေးလလောက်ရှိပြီ။ ပုဒ်မ ၂၆ နဲ့ အမှုအမိန့်ချပြီး တစ်လလောက် အကြာမှာ ပုဒ်မ ၂၇ နဲ့ ပြန်စွဲတယ်။ လာဖယ်ခိုင်းတာ ပုဗ္ဗသီရိစည်ပင် အုပ်ချုပ်ရေးမှူးက လာဖယ်ခိုင်း တာ။ ကျွန်တော်တို့က မွေးက တည်းက အဲဒီမှာနေလာတာ’’ဟု တရားစွဲခံထားရသည့် ဦးကျော်ဒင်က ပြောသည်။

ပုဗ္ဗသီရိမြို့နယ် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုဌာန တာဝန်ခံနှစ်ဦးဖြစ်သူ ဦးဖြိုးဝေ ကျော်နှင့် ဒေါ်ခင်ဖြူထွေးတို့က တရားလိုပြုလုပ်ကာ တရားစွဲဆို ထားကြောင်း တရားစွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်သူ ဒီချုပ်ဥပဒေအထောက်အကူပြုအဖွဲ့၏ ရှေ့နေက ပြောသည်။

‘‘သူတို့ပုံစံက ဒီရွာထဲမှာပဲ ဆောက်ထားတယ်။ သူတို့အ ဆောက်အအုံတွေက တချို့ကျ တော့ လျော်ကြေးပေးထားတာ တွေရှိတယ်။ ဒီလူတွေကတော့ လျော်ကြေးမရထားတဲ့သူတွေ ရောပြီးစွဲလိုက်တဲ့ပုံစံမျိုးပေါ့’’ဟု ၎င်းက ပြောသည်။

7Day Daily

No comments:

Post a Comment