Sunday 28 September 2014

မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း ဂုဏ်ပြုပွဲ မန္တလေးမြို့တွင် ကျင်းပမည်

၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံရတနာပုံ အသင်း ဂုဏ်ပြုပွဲ အခမ်း အနားကို စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့ အောင်မြေမန္တလာ အားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရတနာပုံ အသင်းသည် ၂၀၁၄ မြန်မာလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်မကုန်မီ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဉ်ကို စက်တင်ဘာ ၂၈ ရက်တွင် ဆောက်သမ်းမြန်မာအသင်းနှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ် သည်။ အဆိုပါ ပွဲစဉ်အပြီးတွင် ရတနာပုံအသင်းအား ချန်ပီယံဆုဖလားဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

၂၀၁၄ မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်းအနေဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ် ဆင့် မန္တလေးမြို့အတွင်း သို့ လှည့်  လည်အောင်ပွဲခံမည်ဖြစ်ကြောင်း ရတနာပုံအသင်း တာဝန်ရှိသူက ပြော သည်။

‘‘လေဆိပ်ကနေတစ်ဆင့် မန္တလေးမြို့တွင်းကို ရတနာပုံအသင်းအနေနဲ့ လှည့်လည်အောင် ပွဲခံမှာဖြစ်ပြီး ချန်ပီယံဖလားအပ် နှံပွဲနဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို အောင်မြေမန္တလာ အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်’’ ဟု ရတနာပုံအသင်း တာဝန်ရှိသူက ပြောသည်။

၂၀၁၄ မြန်မာလိဂ်နောက် ဆုံးပွဲစဉ်များ(ပွဲစဉ်-၂၂) သည် စက်တင်ဘာ ၂၈ ရက်တွင် ပြီး ဆုံးမည်ဖြစ်သော် လည်း ရတနာပုံ အသင်းသည် နေပြည်တော်အ သင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့် ပွဲစဉ် ၂၀ အပြီးတွင် ဗိုလ် စွဲခဲ့ခြင်း ဖြစ်သည်။ ရတနာပုံအ သင်းသည် မြန်မာလိဂ်အမှတ်ပေး ချန်ပီယံဆုကို သုံးကြိမ်မြောက် ရရှိခြင်း ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment