Sunday 28 September 2014

အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်

Photo: အိုင်အိုဒင်း ချိုတဲ့ခြင်းကြောင့် ကလေးများတွင် ဦးနှောက်နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်
Sunday, September 28, 2014

အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အိုင်အိုဒင်းဆားကို ပုံမှန် စားသုံးပေးပါက ဉာဏ်ရည် ကောင်းမွန်ခြင်း၊ ဦးနှောက် ဖွံ့ဖြိုးခြင်းနှင့်ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ကြောင်း သိရသည်။

''ယခင်က မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့လူနာများကို မကြာခဏ တွေ့ရှိရကြောင်း၊ အထူးသဖြင့် မကွေးတိုင်းဒေသကြီး မြစ်ဝ ကျွန်းပေါ် ဒေသတချို့နှင့် ချင်းဒေသ များတွင် အများအပြား တွေ့ရှိခဲ့ရပြီး အိုင်အိုဒင်း ချို့တဲ့ရောဂါ၏ သိသာထင်ရှားသော လက္ခဏာမှာ လည်ပင်းကြီးခြင်း ဖြစ်ကြောင်း'' ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''အိုင်အိုဒင်းဓာတ် လွန်ကဲတဲ့ဖြစ်စဉ်က ကြုံခေါင့်ကြုံခဲ ပြဿနာပါ။အိုင်အိုဒင်းက ကိုယ်စားလိုက်တဲ့ အစားအစာက တစ်ဆင့် ဆီးထဲကနေ ပြန်ထွက် တာကြောင့် အိုင်အိုဒင်းဓာတ် လွန်ကဲမှာကို ကြောက်ဖို့ မလိုပါဘူး'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးငယ်များတွင် စာသင်ယူနိုင်မှု စွမ်းရည် လျော့နည်းတတ်ကြောင်း၊ ကြိုးစားပြီး သင်ယူသော်လည်း ဥာဏ်မလိုက် နိုင်ခြင်းများ ဖြစ်တတ်ကြောင်းနှင့် ပိုမိုဆိုးရွားပါက မူလတန်းအထိသာ စာသင်ကြားနိုင်ပြီး နောက်ဆုံး အဆိုးရွားဆုံး အခြေအနေ အဖြစ် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ နားမကြားခြင်းနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ခံစားရတတ်ကြောင်း သိရသည်။

အိုင်အိုဒင်းဆားများကို အရည်အသွေး ပြည့်မီအောင် မြန်မာ့ဆား လုပ်ငန်းမှ စီစစ်လျက် ရှိပြီး အိုင်အိုဒင်းဓာတ် အပြည့်အဝ ရရှိစေရန် အိုင်အိုဒင်းဆား များကို အစိုမပြန်စေဘဲ ခြောက်သွေ့သော နေရာများတွင် စနစ်တကျ ထားရှိသင့်ကြောင်း သိရသည်။

မြ၀တီ
အိုင်အိုဒင်းဓာတ် ချို့တဲ့ပါက ကလေးငယ်များတွင် ဉာဏ်ရည်ဉာဏ်သွေး ချို့တဲ့ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများဖြစ်ပွားနိုင်ကြောင်း Unicef မှ ဒေါက်တာ အေးအေးသော်က ပြောကြားခဲ့သည်။

အိုင်အိုဒင်းဆားကို ပုံမှန် စားသုံးပေးပါက ဉာဏ်ရည် ကောင်းမွန်ခြင်း၊ ဦးနှောက် ဖွံ့ဖြိုးခြင်းနှင့်ခန္ဓာကိုယ် ဖွံ့ဖြိုး တိုးတက်မှုများ ရရှိနိုင်ကြောင်း သိရသည်။

''ယခင်က မြန်မာနိုင်ငံတွင် အိုင်အိုဒင်း ချို့တဲ့လူနာများကို မကြာခဏ တွေ့ရှိရကြောင်း၊ အထူးသဖြင့် မကွေး တိုင်းဒေသကြီး မြစ်ဝကျွန်းပေါ် ဒေသတချို့နှင့် ချင်းဒေသ များတွင် အများအပြား တွေ့ရှိခဲ့ရပြီး အိုင်အိုဒင်း ချို့တဲ့ ရောဂါ၏ သိသာထင်ရှားသောလက္ခဏာမှာ လည်ပင်းကြီးခြင်းဖြစ်ကြောင်း'' ၎င်းကဆက်လက်ပြောကြားခဲ့ သည်။

''အိုင်အိုဒင်းဓာတ် လွန်ကဲတဲ့ဖြစ်စဉ်က ကြုံခေါင့်ကြုံခဲ ပြဿနာပါ။အိုင်အိုဒင်းက ကိုယ်စားလိုက်တဲ့ အစားအစာ က တစ်ဆင့် ဆီးထဲကနေ ပြန်ထွက် တာကြောင့် အိုင်အိုဒင်းဓာတ် လွန်ကဲမှာကို ကြောက်ဖို့ မလိုပါဘူး'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အိုင်အိုဒင်းဓာတ် လုံလောက်စွာ မရရှိပါက ကလေးငယ်များတွင် စာသင်ယူနိုင်မှု စွမ်းရည် လျော့နည်း တတ်ကြောင်း၊ ကြိုးစားပြီး သင်ယူသော်လည်း ဥာဏ်မလိုက် နိုင်ခြင်းများ ဖြစ်တတ်ကြောင်းနှင့် ပိုမိုဆိုးရွားပါက မူလတန်း အထိသာ စာသင်ကြားနိုင်ပြီး နောက်ဆုံး အဆိုးရွားဆုံး အခြေအနေ အဖြစ် ဦးနှောက်မဖွံ့ဖြိုးခြင်း၊ နားမကြားခြင်းနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ခံစားရတတ်ကြောင်း သိရသည်။

အိုင်အိုဒင်းဆားများကို အရည်အသွေး ပြည့်မီအောင် မြန်မာ့ဆား လုပ်ငန်းမှ စီစစ်လျက် ရှိပြီး အိုင်အိုဒင်းဓာတ် အပြည့်အဝ ရရှိစေရန် အိုင်အိုဒင်းဆား များကို အစိုမပြန်စေဘဲ ခြောက်သွေ့သော နေရာများတွင် စနစ်တကျ ထားရှိသင့်ကြောင်း သိရသည်။

မြ၀တီ 

No comments:

Post a Comment