Monday 29 September 2014

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

Photo: မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Monday, September 29, 2014

မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုမှ အမျိုးသမီးရေးရာ ဆိုင်ရာ Ambassador Melanne Verveer ၊ ကမ္ဘောဇအုပ်စု၏ အမှုဆောင် ဒါရိုက်တာနှင့် Chair&Co-founder, Brighter Future Foundational Myanmar မှ ဒေါ်နန်းလန်ခမ်း၊ Inle Princess Co., Ltd. နှင့် Inthar Heritage House ထူထောင်သူ ဒေါ်ယဉ်မျိုးစု၊ Global Responsibility, Human Rights, Gap Inc. မှ Vice President ဖြစ်သူ Wilma Wallace တို့က မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာမှု၊ မြန်မာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် အခွင့် အလမ်းများ၊ မြန်မာ လူမှုအဖွဲ့ အစည်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍအရေးပါမှု စသည်တို့ကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လက်ရှိ အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားတွင်အမျိုးသမီးများ အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာမှု အခြေအနေများကိုဖြည့်စွက် ဆွေးနွေး ခဲ့ပြီး နောက် အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar
မြန်မာ့စီးပွားရေးတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို နယူးယောက်မြို့ mufNrdKUOrrick,Herrington & Sutcliffe ၌ စက်တင်ဘာ၂၅ ရက် နံနက်ပိုင်းတွင် ကျင်းပရာ အဆိုပါ ဆွေးနွေးပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်၍ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးဇေယျာအောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ပရောက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုမှ အမျိုးသမီးရေးရာ ဆိုင်ရာ Ambassador Melanne Verveer ၊ ကမ္ဘောဇအုပ်စု၏ အမှုဆောင် ဒါရိုက်တာနှင့် Chair&Co-founder, Brighter Future Foundational Myanmar မှ ဒေါ်နန်းလန်ခမ်း၊ Inle Princess Co., Ltd. နှင့် Inthar Heritage House ထူထောင်သူ ဒေါ်ယဉ်မျိုးစု၊ Global Responsibility, Human Rights, Gap Inc. မှ Vice President ဖြစ်သူ Wilma Wallace တို့က မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာမှု၊ မြန်မာ အမျိုး သမီးများ၏ စွမ်းဆောင်ရည်နှင့် အခွင့်အလမ်းများ၊ မြန်မာလူမှုအဖွဲ့ အစည်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးပါမှု စသည်တို့ကို ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များနှင့် ပတ်သက်၍ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင် ငံ၏ အုပ်ချုပ်ရေး ယန္တရားတွင်အမျိုးသမီးများ အခန်းကဏ္ဍပိုမိုကျယ်ပြန့်လာမှု အခြေအနေများကိုဖြည့်စွက် ဆွေးနွေးခဲ့ပြီး နောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

MOI Webportal Myanmar 

No comments:

Post a Comment