Sunday 28 September 2014

ဘရာဇီးဒိုင်လူကြီးများ သပိတ်မှောက်မည်ဟု ခြိမ်းခြောက်

ဆော်ပေါ်လို− နည်းပြများ၊ ကစားသမားများနှင့် ကလပ်ဒါရိုက်တာများထံမှ ဝေဖန်ပြောဆိုမှုများ ပိုများ လာသောကြောင့် ဘရာဇီးနိုင်ငံတွင် ဘောလုံးဒိုင်လူကြီးများက သပိတ်မှောက်မည်ဟု ခြိမ်းခြောက်လျက် ရှိသည်။

ဘောလုံးပွဲကြီးကြပ်ဒိုင်လူ ကြီးများအား မလေးစားသူများကို ဘရာဇီးဘောလုံး အဖွဲ့ချုပ်နှင့် နိုင်ငံ၏ အားကစား အငြင်းပွားမှုဆိုင်ရာ ခုံရုံးတို့က လေးလေး နက်နက် အရေးယူခြင်းမရှိပါက ဘရာဇီးလိဂ် ရပ်တန့်ပစ်မည်ဟု ဒိုင်လူကြီး များက ပြောသည်။

ပင်နယ်တီဧရိယာအတွင်း ဘောလုံးကို လက်နှင့်ထိမိပါက ကစားသမား၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေ ပင်နယ်တီများ ပေးနေခြင်းအပေါ် ကစား သမားနှင့် နည်း ပြများ၏ ဝေဖန်မှုများ ဆူညံခဲ့ သည်။ ဘရာဇီး ဘောလုံး အဖွဲ့ချုပ် ၏ ညွှန်ကြားချက်ဖြင့် ယင်းသို့ အ ပြောင်းအလဲလုပ်ခဲ့ရသည်ဟု ဒိုင် လူကြီးများက ပြောကြား သည်။ သပိတ်မှောက်ရေးကိစ္စကို လာမည့်အင်္ဂါနေ့တွင် ဆန်းစစ် လေ့လာသွားမည်ဟု ဒိုင်လူကြီးများ သမဂ္ဂက ပြောကြားသည်။  

Ref: AP
7Day DAILY 

No comments:

Post a Comment