Sunday 28 September 2014

အစ္စလာမ္မစ်စစ်သွေးကြွ ISIS ပြဿနာနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများက ပထမဆုံးအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်

ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် ISIS စစ်သွေးကြွများ ပြဿနာနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများက ပထမဆုံးအကြိမ်ပူးတွဲကြေညာချက်တစ်ရပ်ကို စက်တင် ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ သီးခြားတွေ့ဆုံမှုအဖြစ် အာဆီယံ-အမေရိကန်ဝန်ကြီးအဆင့် ဆွေး နွေးပွဲ အပြီး အဆိုပါ ကြေညာချက်ကို ထုတ်ပြန် လိုက်ခြင်းဖြစ် သည်။

တစ်နိုင်ငံချင်းအနေဖြင့်မူ စင်ကာပူက အစ္စလာမ္မစ်သူပုန်အဖွဲ့အား ယခင်ကပင် ပြစ်တင်ရှုတ်ချခဲ့သော် လည်း အာဆီယံအဖွဲ့အစည်း တစ်ခုလုံးအနေဖြင့် ယခု အခါမှသာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ISIS စစ်သွေးကြွအဖွဲ့အား အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ တိုက်ခိုက်မှုတွင် အာဆီယံအဖွဲ့ ၀င်နိုင်ငံ များက ပါဝင်ထားခြင်းမရှိသေးပေ။

အဆိုပါကြေညာချက်တွင် ISIS အဖွဲ့ဟု တိတိကျကျဖော်ပြမထားဘဲ အာဆီယံအနေဖြင့် အဖျက်လုပ်ငန်း၊ အကြမ်းဖက်မှုလုပ်ငန်းနှင့် နည်းမျိုးစုံဖြင့် တိုက်ခိုက်နေမှု များကို ကန့်ကွက် ကြောင်း ဖော်ပြထားသည်။

အီရတ်နှင့် ဆီးရီယားနိုင်ငံများတွင် အကြမ်းဖက်၊ အစွန်းရောက်အဖွဲ့များနှင့် လူမျိုးစွဲဘာသာစွဲအုပ်စုများ က အကြမ်းဖက်မှုများ၊ရက်စက်မှုများ ပိုမိုလုပ်ဆောင်လာခြင်း အပေါ် စိုးရိမ်မိကြောင်းနှင့် အဆိုပါ အဖွဲ့များသည် အီရတ်နှင့် ဆီးရီးယားနိုင်ငံများတွင်သာမက အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ပြည်သူများကိုပါ ခြိမ်းခြောက်နေ ကြောင်း၊ စနစ်တကျမဖြေရှင်းပါက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လာနိုင်ကြောင်း အပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 

Ref:The Strait Times 
Mizzima - News in Burmese

No comments:

Post a Comment