Sunday 28 September 2014

မန္တလေးမြို့ သာသနာ့နယ်မြေများအနီး အရက်ဘီယာ ရောင်းချခြင်း တားမြစ်

 မန္တလေးမြို့ရှိ ဘုရား၊ ပုထိုး၊စေတီများနှင့် သာသနာ့နယ် မြေများအနီးတစ်ဝိုက်တွင်   အရက်ဘီယာများ     ရောင်းချခြင်း မပြုရန် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက  သတိ ပေးတားမြစ်ထား 
ကြောင်း    သ တင်းရရှိသည်။

မန္တလေးမြို့ အမရပူရမြို့ နယ် ဦးပိန်တံတားအနောက်ထိပ် တောင်မင်းကြီး ဘုရားဝန်းကျင်ရှိ ဈေးဆိုင်ခန်းပေါင်း ၂၅ ဆိုင်သို့ အရက်ဘီယာများ ရောင်းချခြင်း မပြုရန်    အသိပေးအကြောင်း ကြားစာများ ပေးပို့ထားကြောင်း သတင်းရရှိသည်။ ဦးပိန်တံတား အရှေ့ထိပ် ကျောက်တော်ကြီး ဘုရားဝန်းကျင်တွင်လည်း တား မြစ်သွားမည်ဖြစ်ပြီး အခြားသာ သနာ့နယ်မြေများတွင်လည်း ရောင်းချမှုမရှိရန် စစ်ဆေးသွား မည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီ   အခွန်ဌာနမှ   ဌာနမှူး ဦး အောင်စိုး 
က ပြောကြားသည်။

‘‘ဘုရားကတောင် တားမြစ် ထားတဲ့ ဥစ္စာ၊ သာသနာ့နယ်မြေ နဲ့ ဘယ်လိုမှမသင့်တော်လို့ အ ကြောင်းကြား သတိပေးရတာပါ။ ဆက်ပြီးဖွင့်နေမယ်ဆိုရင်တော့ တရားဥပဒေအတိုင်း ဆောင်ရွက် သွားမယ်’’ ဟု ဌာနမှူးက ပြော သည်။

ထို့အပြင် သမိုင်းဝင်စေတီ ပုထိုးများစွာ     တည်ရှိနေသည့် မန္တလေးတောင်တော်ပေါ်တွင် 
လည်း အရက်ဘီယာရောင်းချ ခြင်းများ မပြုလုပ်ရန် တားမြစ် ထားကြောင်း   ဌာနမှူးက   ပြော 
သည်။

မန္တလေးမြို့တွင် နေထိုင်သူ ဇာတ်ပွဲမန်နေဂျာ ဦးလေးဇင်က ‘‘သူ့နေရာနဲ့သူ တန်ရာတန်ရာ ပေါ့ဗျာ။ စီးပွားရေးအမြင်တစ်ခု တည်းနဲ့ မလုပ်သင့်ပါဘူး။ ကျွန် တော်တို့ကတော့  အရက်ဘီယာ တင်မကဘူး။    ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေပါ  ဆောက် နေတာကို လက်မခံတာ’’ဟု ၎င်း ၏အမြင်ကို 
ပြောသည်။

မန္တလေးမြို့သည် မြန်မာ ဘုရင်များ၏ နောက်ဆုံးမင်းဆက် နန်းစိုက်ရာမြို့ဖြစ်ပြီး ဘုရား ကျောင်းကန်နှင့် ရှေးဟောင်းစေ တီပုထိုးသာသနာ့နယ်မြေများ ပေါများသည့်မြို့တစ်မြို့ ဖြစ် သည်။

7Day DAILY 

No comments:

Post a Comment