Sunday 28 September 2014

ကားပါကင်ကိစ္စစကားများရာမှ ပါတီဝင်တစ်ဦးနှင့် ဘောလုံးသမားများကြား အပြန်အလှန် တရားစွဲရန် စီစဉ်

ကားရပ်နားသည့်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ပါတီတစ်ခု၏ မြို့နယ်စည်းရုံးရေးမှူး နှင့် မြန်မာ နေရှင် နယ်လိဂ် ပြိုင်ပွဲဝင် ရတနာပုံအသင်းသားများ အပြန်အလှန် တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ရတနာပုံယူနိုက်တက် ဘောလုံးအသင်းမှ ဘောလုံးသမားများနှင့် အမျိုးသားဒီမိုကရေစီပါ တီသစ်၏ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ စည်းရုံးရေးမှူး၊ ဒုဥက္ကဋ္ဌ တို့သည် စက်တင်ဘာ၂၃ ရက် ည ၈ နာရီ အချိန်ခန့်က တာမွေမြို့ နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းပေါ်ရှိ ဘောလုံးအသင်းသား များ၏ အဆောင်ရှေ့တွင် ကားရပ်ရာမှ စကားများရန်ဖြစ်ကြပြီး တာမွေမြို့မရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း နှစ်ဖက်လုံးမှ တာ ၀န်ရှိသူများက ပြောကြသည်။

‘‘ဦးလေးက ဘောလုံးအား ကစားကို အားပေးပါတယ်။ ဒါပေမဲ့ ဦးလေးတို့ပါတီက မြို့နယ်စည်းရုံးရေးမှူးနဲ့ ဖြစ်ကြတဲ့အချိန်မှာ အားကစားသမားတွေက မူးနေလားမသိဘူး။ အားကစားသမား ဆိုတာ အပြင်မှာရော စရိုက်ကြမ်းကြတယ်။ ဘောလုံးပွဲတွေပျက် တာ အဲလိုလူတွေကြောင့် တွေ့ရတယ်’’ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ ဒုတိယခေါင်းဆောင် ဦးကျော်က စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။

ပါတီစည်းရုံးရေးမှူး ဒေါ် အောင်အောင်မြင့်သည် ပြည်သူတစ်ဦး နာမကျန်းဖြစ်၍ ၎င်း၏အမျိုးသားမောင်းသော တက္ကစီယာဉ်ကိုသုံးကာ စက်တင်ဘာ ၂၃ ရက်ည ၈ နာရီ အချိန်ခန့်က သျှင်ပါဂူဆေးခန်းသို့ လိုက်ပို့စဉ် ယာဉ်ရပ်နားရန် နေရာမရှိ သဖြင့် ဆေးခန်းအနီး ဖိုးစိန် လမ်းရှိ ရတနာပုံဘောလုံး အသင်းသားများ၏ အဆောင်ရှေ့တွင် ကားရပ်နားရာမှ ဘောလုံးကစားသမားများနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း ဦးကျော်က ပြော သည်။ ရတနာပုံယူနိုက်တက် ဘောလုံးအသင်း နည်းပြချုပ် ဦးခင်မောင်တင့်သို့ မေးမြန်းရာ ၎င်းတို့ အသင်းသားများ ၏အဆောင်ရှေ့ တွင် တက္ကစီကားရပ်ရန် စီစဉ်သောအခါ မိမိတို့ကားကြီး ရပ်ရန်နေရာဖြစ်၍ အသင်းသား တစ်ဦးက ထွက်ပြောရာမှ စကားများ ရန်ဖြစ်ခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးက စကတ်လှန်ပြ ဆဲဆိုပြီးနောက် ရဲတပ်ဖွဲ့သို့တိုင်၍ ဘောလုံးသမားများကို ရဲက လက်ထိတ်ခတ် ဖမ်းဆီးခဲ့ကြောင်း ပြော သည်။

‘‘တရားရုံးရောက်ရင် ကျွန်တော်တို့ဆီမှာ သက်သေတွေရှိ တယ်။ ဆိုက်ကားသမားတွေရော၊ တက္ကစီ သမားတွေရော သူအမှုဖွင့်ရင် ကျွန်တော်တို့ကလည်း အမှုဖွင့်မယ်။ စီအီးအိုက မန္တလေးရောက်နေလို့ ညွှန်ကြားချက်တော့ မရှိသေးဘူး။ သေသေချာချာ ဂဃနဏ မသိရသေးဘူး။ သူကလီဆယ်ပြီး အမှုဖွင့်ထားတယ်။ သူက ရဲစခန်းသွားတိုင်တော့ ကားကြီးနှစ်စီးနဲ့ လက်ထိတ်တွေနဲ့ လာဖမ်းတာ။ ဒါတစ်ဖက်ပြော စကားတစ်ခုတည်းနဲ့လုပ်တာ’’ဟုဦးခင်မောင်တင့်က ပြောသည်။

ထိုသို့ဖြစ်ပျက်ခဲ့ကြစဉ် ပါတီဘက်မှ ရဲစခန်းသို့ လာရောက်တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များ က သွားရောက်ကာ စခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အမှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း အမှုစစ်ရဲအရာရှိ ဒုရဲအုပ်ကပြောသည်။

‘‘ကျွန်တော်တို့ ဆောင်ရွက်ချက်ကို လာတိုင်တဲ့သူ သိ ပါတယ်။ အမှုကို လက်ခံပြီး စစ်ဆေးနေဆဲပဲ။ ဆက်သိရရင် ပြောပါမယ်။ ကျွန်တော်က အမှုစစ်ပါ’’ ဟု အဆိုပါ ရဲအရာရှိကပြောသည်။

ပြဿနာ ဖြစ်ပွားခဲ့ပြီးနောက် ရတနာပုံယူနိုက်တက် ဘောလုံးသမား သုံးဦးကို ရဲစခန်းတွင် စစ်ဆေးနေစဉ် အသင်းမှတာဝန်ရှိသူ တစ်ဦးက သွားရောက်ဖြေရှင်းပေး ခဲ့ကြောင်း ဦခင်မောင်တင့်က ပြောသည်။

‘‘သူတို့တွေကို ဘယ်သူတွေမှန်း မသိပါဘူ။ ကျွန်တော်တို့အသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် တမင်လုပ် တာ လားလို့ ထင်မိတယ်။ မန္တလေးမှာ ၂၉ ရက်ကျရင် အောင်ပွဲခံဖို့ ပြင်နေတာ။ အခုကိစ္စက ပါစင်နယ်ကိစ္စကို အမှုဖွင့်တယ်ဆိုတော့၊ နောက်နေ့ကျရင် ကျွန်တော်တို့လည်း ပြန်ဖွင့်မယ်’’ဟု ၎င်းက စက်တင်ဘာ ၂၇ ရက်တွင် ပြောသည်။

စက်တင်ဘာ ၂၃ ရက် ညတွင် စကားများပြီးနောက် ဒေါ်အောင်အောင်မြင့်က စက်တင်ဘာ၂၄ ရက်၌ ရဲစခန်း၌ ထပ်မံတိုင်ကြားသဖြင့် တာမွေ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ၂၉၄/ ၅၀၉/ ၅၀၆/ ၁၁၄ ဖြင့် အမှုဖွင့်ပေးထား ကြောင်း အမှုစစ်ရဲအရာရှိက ပြောသည်။

‘‘ကားကိုမီးရှို့ပစ်မယ်ပြော လို့ ရဲစခန်းမှာ ရဲအကူအညီနဲ့ အဲဒီကားကိုသွားယူရတာ၊ ခိုင်ခိုင်မာမာနဲ့ နစ်နာသူ ဘက်က တရားဥပဒေနဲ့အညီ ရပ်တည်ပေးမယ်။ အာဏာပိုင်ဘက်က အားကစားသမားတွေဘက် လိုက်ရင်တော့ လက်မခံဘူး’’ဟု ဦးကျော်က ပြောသည်။၂၀၁၄ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် ရတနာပုံအသင်းသည် ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံဖြစ်ထားသည့် အသင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးမြို့အတွင်း လှည့်လည်အောင်ပွဲခံရန် စီစဉ်နေသည်။

အမျိုးသား ဒီမိုကရေစီပါ တီသစ်သည် ၂၀၁၁ ခုနှစ်တွင် တည်ထောင်ထားပြီး ယခင် NLD ပါတီဝင်နှင့် NDF ပါတီဝင်ဖြစ်ခဲ့ သော ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်ဦးဆောင် တည်ထောင်ထားသည့် ပါတီဖြစ် သည်။

7Day DAILY

No comments:

Post a Comment