Tuesday 30 September 2014

ကုလ အထွေထွေ ညီလာခံမှာ ဦးဝဏ္ဏမောင်လွင် ဘာပြောလဲ

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမေရိကန် ပြည်ထောင်စု ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာ ခံ မှာ ပြော လိုက်တဲ့ စကားကြောင့် မြန်မာ့နိုင်ငံရေးလောကနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူ တွေ ကြားမှာ ဝေဖန်သံတွေ ဆူညံနေပါပြီ။ 
အကြောင်းကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ကို တော်တော် များများ ဖြေရှင်းပြီးဖြစ်တဲ့အပြင် မြန်မာ့လူ့အခွင့်အရေးအခြေအနေဟာ တိုးတက်လာပြီဖြစ် တာကြောင့် လူ့အခွင့် အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီတို့ မှာ မြန်မာကိစ္စ ခေါင်းစဉ်တခုအနေနဲ့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးလို့ ဦးဝဏ္ဏမောင်လွင် က ပြောဆိုသွားခဲ့တာပါ။ 

“မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ မှာ ဆွေးနွေး ရမယ့် ခေါင်းစဉ် တခုအဖြစ် ဆက်ပြီး ရှိမနေသင့်တော့ဘူးဆိုတာ ကျနော်တို့ အပြည့်အ၀ ယုံကြည်တယ်”လို့ သူက ဆိုထားတာကို ဗွီအိုအေ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

လတ်တလော ရခိုင်ပြည်နယ်တွင်းက မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းကြားမှာ ရှိနေတဲ့ ခွဲခြားမှု၊ အတူယှဉ်တွဲ မနေနိုင်ပဲ ရန်သူတွေလို သဘောထားနေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအ၀င် တိုင်းရင်း သား လက်နက်ကိုင် ဒေသတွေမှာ စစ်ပွဲတွေနဲ့ အခုထိ လူ့အခွင့် အရေးချိုးဖောက်နေမှုတွေကို ဝေဖန်သူတွေ က ထောက်ပြနေကြ ပါပြီ။ 

ဒီအပြင် မြန်မာနိုင်ငံ မြို့ပေါ်နဲ့ နယ်မြို့တွေမှာလည်း တားဆီးမှုတွေ၊ ဆန္ဒပြမှုတွေအပေါ် ဖမ်းဆီးမှု၊ ထိန်းသိမ်းမှုတွေနဲ့ မတရား ထောင်သွင်း အကျဉ်းချနေမှုတွေ ဆက်ရှိနေတယ်လို့လည်း ထောက်ပြနေ ကြပါပြီ။

ပြည်တွင်း နိုင်ငံရေးအင်အားစုတွေကြားမှာလည်း လူ့အခွင့်အရေးဆိုတဲ့ ကိစ္စကို အဓိက ချိတ်ဆက် ထင်ဟတ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုတောင် အခုထိ အစိုးရက ပြင်ဆင်ဖို့ မရှိသေးတဲ့ အပြင် ပြည်သူ ၅ သန်းကျော် လက်မှတ်ရေး ထိုး ဆန္ဒပြုတာတောင်မှ အခုထိ မထူးခြားသေးတဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပြီး တက်ကြွလှုပ်ရှား သူတွေကိုလည်း နည်းမျိုးစုံသုံး ဖမ်းဆီးမှုတွေ ဆက်ရှိနေတယ်လို့ ထောက်ပြနေကြပါတယ်။ 

Irrwaddy

No comments:

Post a Comment