Sunday 28 September 2014

အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား

Photo: အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြန်လေ့လာပြီး လွှတ်တော်ပြန်တင်ရန် သူရဦးရွှေမန်း ညွှန်ကြား
Sunday, September 28, 2014

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြားချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည်တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်း ပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ဥပဒေ ပြင်ဆင် သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြန်လည်ပြင်ဆင် ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း လက် ခံဆွေးနွေးရန် ကိုယ်စားလှယ်မရှိသဖြင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက နိုင်ငံတော်အစိုးရလျှို့ဝှက်ဥပဒေ နှင့်ပတ်သက်သော ¤င်း၏သဘောထားကို ပြောဆိုရာတွင် ''ဒီဥပဒေနဲ့ပတ်သက်ပြီး ပိုမို တိကျအောင် နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ဖို့လိုမလိုဆိုတာကို စဉ်းစား ဖို့ လိုတယ်။ ဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာ မှာ ပြင်ဆင်အဆိုနဲ့အတူ လွှတ်တော်ကိုယ်
စားလှယ်တွေကို ဖြန့်ဝေထားတဲ့ အတိုင်း အင်္ဂလိပ်လိုရေးသား ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံဥပဒေမှာ မြန်မာစာကိုသာ အဓိကထားပြီး ရုံးသုံးဘာသာအဖြစ် ဆောင်ရွက်ထား တာကြောင့် အင်္ဂလိပ်လိုရေးသားတဲ့ဥပဒေဟာလဲ ပြည် သူတွေ နားလည်ခဲပါတယ်။ ဒီဥပဒေတွေကို ကျင့်သုံး နေတဲ့ ပညာရှင်တချို့၊ တရားရေးရာဝန်ထမ်းတချို့လဲ နားလည်ရန်ခက်ခဲတဲ့အတွက် မြန်မာလိုဘာသာပြန်ဖို့ လိုပါတယ်။ ထွက်လာတဲ့အခြေအနေကိုမူတည်ပြီး ပြင် ဆင်ရန်လိုမလိုပေါ့။ ဘယ်ကိစ္စမှာ လိုအပ်တယ်ဆိုတာ ကို လေ့လာဖို့လိုပါတယ်''ဟု ပြောဆိုခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ သည် ၁၉၂၃ခုနှစ် ဧပြီ ၂ရက်တွင် အင်္ဂလိပ်အစိုးရမှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာ မတည်မီ နှစ်ပေါင်း ၉ဝကျော်ခန့်က ပြဋ္ဌာန်းခဲ့သောဥပဒေဖြစ်သော ကြောင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိ သော ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

Yangon Media Group
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ဥပဒေအား ပြန်လည်လေ့လာ၍ နည်း ဥပဒေရှိမရှိ အမိန့်ကြော်ငြာ ညွှန်ကြား ချက်များ ရှိမရှိ လေ့လာသုံးသပ်ပြီး ဥပဒေရေးရာနှင့် တရားရေးရာကော်မတီမှ လွှက်တော်သို့ ပြန် လည် တင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက စက်တင်ဘာ၂၅ရက်တွင်ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်က ပြန်လည်ပြင်ဆင် ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း လက် ခံဆွေးနွေးရန် ကိုယ်စားလှယ်မရှိသဖြင့် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းက နိုင်ငံတော်အစိုးရလျှို့ဝှက်ဥပဒေ နှင့်ပတ်သက်သော ¤င်း၏ သဘောထားကို ပြောဆိုရာတွင် ''ဒီဥပဒေနဲ့ပတ်သက်ပြီး ပိုမို တိကျအောင် နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများ ထုတ်ပြန်ဖို့လိုမလိုဆိုတာကို စဉ်းစား ဖို့ လိုတယ်။ ဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့နေရာ မှာ ပြင်ဆင်အဆိုနဲ့ အတူ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေထားတဲ့ အတိုင်း အင်္ဂလိပ်လိုရေးသား ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံဥပဒေမှာ မြန်မာစာကိုသာ အဓိကထားပြီး ရုံးသုံးဘာသာအဖြစ် ဆောင်ရွက်ထား တာကြောင့် အင်္ဂလိပ်လိုရေးသားတဲ့ဥပဒေဟာလဲ ပြည် သူတွေ နားလည်ခဲပါတယ်။ ဒီဥပဒေတွေကို ကျင့်သုံး နေတဲ့ ပညာရှင်တချို့၊ တရားရေးရာဝန်ထမ်းတချို့လဲ နားလည်ရန်ခက်ခဲတဲ့အတွက် မြန်မာလိုဘာသာပြန်ဖို့ လိုပါတယ်။ ထွက်လာတဲ့အခြေအနေကိုမူတည်ပြီး ပြင် ဆင်ရန်လိုမလိုပေါ့။ ဘယ်ကိစ္စမှာ လိုအပ်တယ်ဆိုတာ ကို လေ့လာဖို့လိုပါတယ်''ဟု ပြောဆိုခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေ သည် ၁၉၂၃ခုနှစ် ဧပြီ ၂ရက်တွင် အင်္ဂလိပ်အစိုးရမှ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာ မတည်မီ နှစ်ပေါင်း ၉ဝကျော်ခန့်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်သော ကြောင့် ယနေ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိ သော ဥပဒေဖြစ်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။

Yangon Media Group 

No comments:

Post a Comment