Friday 26 September 2014

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား

Photo: လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတဘက်တော်သားတွေလား
Friday, September 26, 2014

ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန်လည်ဖွဲ့စည်း လိုက်ပါတယ်။ 

လူဟောင်း၊ နာမည်ဟောင်းနဲ့ ပြန်ဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ သမ္မတရဲ့ ဘက်တော်သားတွေဖြစ်တယ်လို့ ဘယ်သူတွေက စွပ်စွဲလိုက်လဲ။
အရင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂစင်မြင့်ထက်ကနေ အကာအကွယ်ပေးခဲ့သူတွေနဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေမပါဘဲ လွတ်လပ်တဲ့ ပြောဆိုအစီရင်ခံမှုတွေ မလုပ်နိုင်တာဟာ ဒီကော်မရှင်ရဲ့ အားနည်ချက်ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံး ကျုးလွန်တာမို့ ဒီကိစ္စတွေကို လူ့အခွင့်အရေးကော်မရှင်က မကိုင်တွယ်ရဲသလို မြေယာသိမ်းဆည်းမှုတွေ၊ မုန်းတီးမှုအခြေခံတဲ့ ပြောဆိုမှုတွေ၊ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေကို တရားဝင်ကန့်ကွက်ပြောဆိုတာလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ NGO များကွန်ရက်ရဲ့ ၂ဝ၁၄ခုနှစ် အစီရင်ခံစာဖြစ်တဲ့ "သမ္မတ၏ ဘက်တော်သားများသာဖြစ်သည်”တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အကြောင်း ရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ 

ဒီအစီရင်ခံစာမှာ မြန်မာကဏ္ဍကိုတော့ Equality Myanmarနဲ့ Burma Partnership အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းထုတ်ဝေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလို သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တဲ့အပြင် ချိုးဖောက်မှုပုံစံအသစ်တွေပါ တွေ့လာရတယ်လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ 

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတကို ဗဟိုပြုတာမျိုးမဖြစ်သင့်ဘဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြအစီရင်ခံစာမျိုးပဲ ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။

Kamayut Media
ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ သမ္မတက ၂ဝ၁၁မှာ လုပ်ပိုင်ခွင့်အာဏာအရ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ကော်မရှင်ဥပဒေ ပုဒ်မ ၆၉အရ စက်တင်ဘာ ၂၄ရက်နေ့က ပြန် လည် ဖွဲ့စည်း လိုက်ပါတယ်။
လူဟောင်း၊ နာမည်ဟောင်းနဲ့ ပြန်ဖွဲ့လိုက်တဲ့ ကော်မရှင်ဟာ သမ္မတရဲ့ ဘက်တော်သားတွေဖြစ်တယ်လို့ ဘယ်သူတွေက စွပ်စွဲလိုက်လဲ။ အရင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလ သမဂ္ဂစင်မြင့်ထက်ကနေ အကာအကွယ်ပေးခဲ့သူတွေနဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားတာဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေမပါဘဲ လွတ်လပ်တဲ့ ပြောဆိုအစီရင်ခံမှုတွေ မလုပ်နိုင်တာဟာ ဒီကော်မရှင်ရဲ့ အားနည်ချက်ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာပြည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံး ကျုးလွန်တာမို့ ဒီကိစ္စတွေကို လူ့အခွင့်အရေးကော်မရှင်က မကိုင်တွယ်ရဲသလို မြေယာသိမ်းဆည်းမှုတွေ၊ မုန်းတီးမှုအခြေခံ တဲ့ ပြောဆို မှုတွေ၊ သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေကို တရားဝင်ကန့်ကွက်ပြောဆိုတာလည်း မရှိဘူးလို့ သူက ဆိုပါတယ်။

အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ NGO များကွန်ရက်ရဲ့ ၂ဝ၁၄ခုနှစ် အစီရင်ခံစာဖြစ်တဲ့ "သမ္မတ၏ ဘက်တော်သားများသာဖြစ်သည်”တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အကြောင်း ရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ မြန်မာကဏ္ဍကိုတော့ Equality Myanmarနဲ့ Burma Partnership အဖွဲ့နှစ်ဖွဲ့က ပူးပေါင်း ထုတ်ဝေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကလို သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တဲ့အပြင် ချိုးဖောက်မှုပုံစံအသစ်တွေပါ တွေ့လာရတယ် လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်ဟာ သမ္မတကို ဗဟိုပြုတာမျိုးမဖြစ်သင့်ဘဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အစီရင်ခံစာမျိုးပဲ ဖြစ်သင့်တယ်လို့ သူက ဆိုပါတယ်။

Kamayut Media

No comments:

Post a Comment