Sunday 28 September 2014

အစိုးရနှင့် DKBA တပ်များ ကျိုက်မရောမြို့နယ်အတွင်းတွင် တိုက်ပွဲထပ်မံ ဖြစ်ပွား

ကျိုက်မရောမြို့နယ် ငါးပြေမကျေးရွာအနီးတွင် စက်တင်ဘာ ၂၈ ရက် နံနက်မှစတင်ကာ အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ 
တိုက်ပွဲများ ဖြစ်ပွားနေကြောင်းDKBA မှ ဗျူဟာမှူးဗိုလ်မှူးကြီးစောဆန်းအောင်က အတည်ပြုခဲ့သော်လည်း အသေးစိတ် ကိုမူ ပြောကြားခဲ့ခြင်း မရှိပါ။

စက်တင်ဘာ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သော မြ၀တီမြို့တွင်မူ တိုက်ပွဲများ ဆက်လက်မဖြစ်ပွားသော်လည်း အခြေ အနေ မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေကြောင်း လုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့် တပ်ဖွဲ့ (BGF) မှ ဗိုလ်မှူးသိန်းဇော်မင်းက ပြောသည်။

7Day Daily

No comments:

Post a Comment