Sunday 28 September 2014

တစ်နိုင်ငံ စနစ်နှစ်ခု ဖြင့် ကိုရီးယားပြန်လည်ပေါင်းစည်းရေးကို မြောက်ကို ရီးယားက ကုလအထွေထွေညီလာခံတွင် အဆိုပြု

Photo: တစ်နိုင်ငံ စနစ်နှစ်ခု ဖြင့် ကိုရီးယားပြန်လည်ပေါင်းစည်းရေးကို မြောက်ကို ရီးယားက ကုလအထွေထွေညီလာခံတွင် အဆိုပြု
Sunday, September 28, 2014

တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်း ချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခုပုံစံကို ကျင့်သုံး ရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

“ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးကို ထိပ်တိုက်ရင်ဆိုင်မှုနဲ့ မလုပ်သင့်ဘဲ တစ်နိုင်ငံတည်းမှာ စနစ်နှစ်ခုနဲ့ ပေါင်းစည်းထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့် ပါတယ်” ဟု ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြောက်ကိုရီးယားတာဝန်ရှိသူ တစ်ဦး၏ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းတွင် ရီဆုယောင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် လူ့အခွင့်ဆိုင်ရာကိစ္စရပ်များတွင် စံနှုန်းနှစ်မျိုး ခွဲခြားသတ်မှတ်မှုများ လုပ်ဆောင် နေကြောင်းလည်း ရီက စွပ်စွဲခဲ့သည်။

“လုံခြုံရေးကောင်စီအနေနဲ့ လိမ်ညာပြောဆိုမှုတွေလုပ်တဲ့ ဆွေးနွေးပွဲနေရာတစ်ခုအဖြစ် ဆက်ပြီးမ ဖြစ်သင့်တော့ပါဘူး” ဟု ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက် မှုကြောင့် အရပ်သားများ သေဆုံးနေရမှု အပေါ် လျစ်လျှူရှုနေသော်လည်း ဆီးရီးယားနိုင်ငံအတွင်း မတည်ငြိမ်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအား အပြစ်ပေးအရေးယူ မှုများ ပြုလုပ်နေခြင်းတို့ကို ရီက နှိုင်းယှဉ်ထောက်ပြခဲ့သည်။

မိမိတို့အစိုးရအား ရန်မလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းကာ လူ့အခွင့်အရေးကိစ္စများကို ဆောင်ရွက်သွားရန် မြောက်ကိုရီးယားအနေဖြင့် အသင့်ရှိကြောင်း ရီက ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် မိမိတို့အစိုးရအား ဖြုတ်ချရန် လူ့အခွင့်အရေးကိစ္စအား လက်နက်တစ်ခုအဖြစ် အသုံးပြုသည့် ကြိုးပမ်းချက်များကိုလည်း ၎င်းက ကန့်ကွက်ခဲ့သည်။

“နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကိစ္စကို အလွဲသုံးစားလုပ်ခြင်းဟာလည်း လူ့ အခွင့်အရေးချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ရီက ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ရန်လိုသော မူဝါဒကြောင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် များ ထုတ်လုပ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ဟာ အခြားနိုင်ငံတွေကို ခြိမ်းခြောက် တိုက်ခိုက်ဖို့မဟုတ် ပါဘူး။ တစ်စုံတစ်ရာကို အလဲလအလှယ်လုပ်ချင်လို့လည်း လုပ်နေတာမဟုတ်ပါဘူး” ဟု ရီက ပြောကြားသည်။

Ref:Bangkok Post
Mizzima - News in Burmese
တောင်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးသည် မိမိတို့၏ အဓိကရည်မှန်း ချက်ဖြစ်ပြီး တစ်နိုင်ငံ စနစ် နှစ်ခု ပုံစံကိုကျင့်သုံးရန် မြောက်ကိုရီးယားနို င်ငံခြားရေးဝန်ကြီး ရီဆုယောင်းက ကုလသမဂ္ဂအထွေ ထွေညီလာ ခံတွင် စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

“ကိုရီးယားနှစ်နိုင်ငံ ပေါင်းစည်းရေးကို ထိပ်တိုက်ရင်ဆိုင်မှုနဲ့ မလုပ်သင့်ဘဲ တစ်နိုင်ငံတည်းမှာ စနစ်နှစ်ခုနဲ့ ပေါင်းစည်းထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့် ပါတယ်” ဟု ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြောက်ကိုရီးယား တာဝန်ရှိသူ တစ်ဦး၏ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းတွင် ရီဆုယောင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် လူ့အခွင့်ဆိုင်ရာကိစ္စရပ်များတွင် စံနှုန်းနှစ်မျိုး ခွဲခြားသတ်မှတ်မှုများ လုပ်ဆောင် နေကြောင်းလည်း ရီက စွပ်စွဲခဲ့သည်။

“လုံခြုံရေးကောင်စီအနေနဲ့ လိမ်ညာပြောဆိုမှုတွေလုပ်တဲ့ ဆွေးနွေးပွဲနေရာတစ်ခုအဖြစ် ဆက်ပြီးမ ဖြစ်သင့်တော့ပါဘူး” ဟု ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက် မှုကြောင့် အရပ်သားများ သေဆုံးနေရမှု အပေါ် လျစ်လျှူရှုနေသော်လည်း ဆီးရီးယားနိုင်ငံအတွင်း မတည်ငြိမ်မှုဖြစ်ပွားနေမှုအပေါ် အစိုးရအား အပြစ်ပေးအရေးယူ မှုများ ပြုလုပ်နေခြင်းတို့ကို ရီက နှိုင်းယှဉ်ထောက်ပြခဲ့သည်။

မိမိတို့အစိုးရအား ရန်မလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပူးပေါင်းကာ လူ့အခွင့်အရေး ကိစ္စများကို ဆောင်ရွက်သွားရန် မြောက်ကိုရီးယားအနေဖြင့် အသင့်ရှိကြောင်း ရီက ထည့်သွင်းပြောကြား ခဲ့သည်။

သို့သော် မိမိတို့အစိုးရအား ဖြုတ်ချရန် လူ့အခွင့်အရေးကိစ္စအား လက်နက်တစ်ခုအဖြစ် အသုံးပြုသည့် ကြိုးပမ်းချက် များကိုလည်း ၎င်းက ကန့်ကွက်ခဲ့သည်။

“နိုင်ငံရေးရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကိစ္စကို အလွဲသုံးစားလုပ်ခြင်းဟာလည်း လူ့ အခွင့်အရေးချိုးဖော က်ခြင်း ပဲ ဖြစ်ပါတယ်” ဟု ရီက ပြောကြားသည်။

အမေရိကန်နိုင်ငံ၏ ရန်လိုသော မူဝါဒကြောင့် မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် များ ထုတ်လုပ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ဟာ အခြားနိုင်ငံတွေကို ခြိမ်းခြောက် တိုက်ခိုက်ဖို့မဟုတ် ပါဘူး။ တစ်စုံတစ်ရာကို အလဲလအလှယ်လုပ်ချင်လို့လည်း လုပ်နေတာမဟုတ်ပါဘူး” ဟု ရီက ပြောကြားသည်။

Ref:Bangkok Post
Mizzima - News in Burmese 

No comments:

Post a Comment