Sunday 28 September 2014

စီအင်န်ဂျီဈေးတိုးမြှင့်ရန် မရှိသေးဟုဆို

မော်တော်ယာဉ်များတွင် အသုံးပြုလျက်ရှိသော သဘာဝ ဓာတ်ငွေ့ (CNG) ဈေးနှုန်းကို အောက်တိုဘာတွင် နှစ်ဆတိုးမြှင့် သွားရန် မရှိကြောင်း စွမ်းအင်ဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ် ဦးထံမှ သတင်းရရှိသည်။

‘‘အခုလောလောဆယ် တက်ဖို့ မရှိသေးပါဘူး။ လိုအပ်ချက်အရ ပြောင်းလဲမှုရှိခဲ့ရင် လူထုကိုကြိုတင် အသိပေးပြီး မှ ဆောင်ရွက်မှာပါ’’ဟု စွမ်းအင်ဝန် ကြီးဌာနမှ မီဒီယာပြန်ကြားရေး တာဝန်ခံက ပြောသည်။

စီအင်န်ဂျီဈေးနှုန်းများကို နှစ်ဆခန့် တိုးမြှင့်လိုက်ခြင်း ကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ် လိုင်းများ ယာဉ်စီးခတက်လာမည် ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက် အခြေခံလူတန်းစားများ နှင့် လူထုအကြား စိုးရိမ်ပူပန်မှု များနှင့် ဝေဖန်ကန့်ကွက်မှုများ ရှိခဲ့သည်။

‘‘တကယ်သာ ဈေးတက်ရင် ဗျာ အုံနာခတောင်ရှိတော့မှာ မဟုတ်ဘူး။ ဒီဇယ်ဈေးနဲ့ ဘာထူး တော့မှာလဲ။ ယာဉ်စီးခတိုး တောင်းမယ်ဆိုရင်လည်း ခရီး သည် ပေးနိုင်တဲ့နှုန်းသာဆို ဘယ် လိုမှ ကိုက်မှာမဟုတ်ဘူး။ ဒီကိစ္စ ကို ထိန်းထိန်းသိမ်းသိမ်း လုပ်သင့် တယ်။ အုံနာတွေကလည်း နောက်ကျောက ဘာမှရှိတာ မဟုတ်ဘူး’’ဟု အနောက်ပိုင်း ခရိုင်  မထသယာဉ်လိုင်းရှိ ၁၀၂ အထူးယာဉ်လိုင်းမှ ပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးဟန်မျိုးတင့်က ပြော သည်။

သဘာဝဓာတ်ငွေ့စီအင်န် ဂျီကို ဈေးနှုန်းနှစ်ဆ တိုးမြှင့်ရောင်းချရန် ၂၀၁၃ ခုနှစ်မှ စတင်စီစဉ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အောက် တိုဘာ ၁ ရက်မှစ၍ ဈေးနှုန်းတိုး မြှင့်သွားမည် ဖြစ်သည်။ လက်ရှိ တွင် ဓာတ်ဆီတစ်ဂါလန်နှင့် ညီမျှ သည့် စီအင်န်ဂျီကုဗပေ ၁၆၅(၄,၆၇၂ ဒသမ ၃ လီတာ) လျှင် ကျပ်တစ်ထောင်သတ်မှတ် ထားပြီး အောက်တိုဘာ ၁ ရက်မှ စတင်ကာ ကျပ်နှစ်ထောင်သို့ ပြောင်းလဲကောက်ခံမည်ဖြစ် ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားည်။

စွမ်းအင်ဝန်ကြီးဌာနမှ လက် ရှိ ရောင်းချလျက်ရှိသော စီအင်န် ဂျီဈေးနှုန်းသည် ကာလပေါက် ဈေးနှင့် နှိုင်းယှဉ် ပါက သုံးဆနီး ပါး နည်းနေ၍ အရှုံးပေါ်နေသော ကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ မြှင့်တင်ရန် ပြင် ဆင်နေခြင်းဖြစ် ကြောင်း စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်း အထွေထွေမန်နေဂျာဦးလှ ၀င်းဌေးက ဇွန်လပထမပတ်အ တွင်းက 7Day Daily သို့ ပြော ကြားခဲ့သည်။

ကုန်းတွင်းဓာတ်ငွေ့လုပ် ကွက်များ မရှိတော့သည့်အ တွက် ကမ်းလွန်ဓာတ်ငွေ့လုပ် ကွက်များမှ  ကုဗပေ ၃ ဒသမ ၅ သန်းကို    ပြန်လည်ဝယ်ယူကာ ရောင်းချပေးနေရသဖြင့် ယခင် ဈေးနှုန်းအတိုင်း ဆက်လက် ရောင်းချရန် မဖြစ်နိုင်တော့သည့် အတွက် ဓာတ်ငွေ့ဈေးနှုန်းတိုး မြှင့်ရခြင်း ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ  အမည်မဖော်လို သူ တာဝန်ရှိသူတစ်ဦးက စက် တင်ဘာ ၂၂ ရက်တွင် ပြောကြား ခဲ့သည်။

7Day DAILY 

No comments:

Post a Comment