Friday 26 September 2014

တရုတ်တွင် ဓားဖြင့်ရမ်းကား တိုက်ခိုက်သူ တစ်ဦးကြောင့် ကလေးငယ် လေးဦး သေဆုံး

တရုတ်နိုင်ငံတွင် ဓားဖြင့် ရမ်းကားတိုက်ခိုက်သူ တစ်ဦးကြောင့် မူလတန်း ကျောင်းသူကျောင်းသား ကလေးငယ် လေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
နိုင်ငံတောင်ပိုင်း ဂွမ်ရှီဇောင်း ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသရှိ ပင်ရှန်း မြို့ငယ်လေးတွေ စက်တင်ဘာ (၂၆)ရက် နံနက်အစောပိုင်းက ယခုကဲ့သို့ ရက်စက်သော တိုက်ခိုက်မှု ဖြစ်ပွားခြင်းဟု ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

ကျောင်းသူကျောင်းသား ကလေးငယ်များ စာသင်ကျောင်းသို့ အသွားတွင် လူတစ်ဦးက တိုက်ခိုက်ခဲ့ပြီး ကလေးသုံးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ နောက်တစ်ဦးမှာ ဆေးရုံသို့ တင်ပို့ပေးခဲ့သော် လည်း သေဆုံးသွားခဲ့သည်။ ယခုအကြမ်းဖက်မှု ကျူးလွန်သူကို ဖမ်းမမိသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေ ဆဲ ဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သူသည် သက်လတ်ပိုင်းအရွယ် ရှိကြောင်းလည်း သိရသည်။

စက်တင်ဘာလ အစောပိုင်းက တရုတ်နိုင်ငံတွင် သမီးဖြစ်သူ ကျောင်းအပ်သည်ကို လက်မခံသည့် မူလ တန်းကျောင်း တစ်ခု၌ လူတစ်ဦး ဓားဖြင့် ဝင်ရောက်တိုက်ခိုက်ရာ ကလေးငယ်(၃)ဦးနှင့် သင်ကြားရေး ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ဖူးသည်။ (၂၀၁၀)ပြည့်နှစ် တစ်ခုတည်းတွင်ပင် တရုတ်နိုင်ငံ၌ စာသင်ကျောင်း များတွင် အလားတူ တိုက်ခိုက်မှု (၅)ခု ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က ကလေးငယ် (၁၅)ဦး အပါအဝင် လူ(၁၇)ဦး သေ ဆုံးကာ လူ(၈၀)ကျော် ဒဏ်ရာများ ရရှိခဲ့ဖူးသည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment