
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ ပြင်သစ်သံရုံးတွေကိုလည်း လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။
ပါရီမြို့တော်နဲ့ အမေရိကန်မြို့ကြီးတွေရဲ့ မြေအောက်ရထားလိုင်းတွေကို အိုင်အက်စ် အကြမ်းဖက်တွေ တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုပါတယ်။
ပြင်သစ်မွတ်စလင်အဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
DVB
No comments:
Post a Comment