Friday 26 September 2014

ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး

Photo: ရေနွေးကျိုရာမှ မီးလောင်ကျွမ်း၍ လူနေအိမ်လေးလုံးပျက်စီး
Friday, September 26, 2014

မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် သီရိမန္တလာအနောက်ပွဲ ကုန်းရပ်ကွက်၊ လမ်း ၉၀၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားတွင်  နံနက် ၄ နာရီ မိနစ်၄၀ ခန့်က ဈေး သည် တစ်ဦး  ၎င်းနေအိမ်၌   မီးသွေး မီးဖိုဖြင့် ရေနွေးအိုးတည်ရာမှတစ် ဆင့် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး ပျက် စီးဆုံးရှုံးခဲ့ပြီး တန်ဖိုး ကျပ်သိန်းလေးဆယ်နှင့် ငါးသောင်းခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီး ဌာနက ခန့်မှန်းတွက်ချက်သည်။

မီးလောင်ချိန်သည် နံနက်မိုးမလင်းမီအိပ်ချိန်ဖြစ်၍ ကိုယ်ပေါ်မှ အ၀တ်အစားမှ တစ်ပါး အခြားပစ္စည်းအသုံးအဆောင်များ  သယ် ယူနိုင်ခဲ့ခြင်းမရှိကြောင်း မီးလောင် ကျွမ်းသွားသည့်နေအိမ်ရှင်များကပြောသည်။ ‘‘ဈေးချိုမှာ အထည်ဆိုင် ဖွင့်ထား တာလည်း   မကြာသေးပါဘူး။ မီးထဲပါသွားတဲ့ အထည်တွေကလည်း မနေ့ကမှ ငွေရှင်းပေးလိုက်တာ။ အခုကိုယ်ပေါ်က အ၀တ်အစားတောင် သူများပေးလို့ ၀တ်ထားရတာ။ ဘာမှကိုမရလိုက်ဘူး’’ဟု   မီးဘေးဒုက္ခ သည် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

မီးလောင်ရာသို့ မန္တလေးမြို့ မှ မီးသတ်ယာဉ်အစီးလေးဆယ် နှင့် မီးသတ် အင်အား ၂၅၀ ကျော်ငြှိမ်းသတ်ပေးခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာအနီးရှိ ဘုန်း တော်ကြီးကျောင်းများမှ သံဃာ တော်များနှင့် ရပ်ကွက်သူ၊ ရပ် ကွက်သား များကလည်း ၀ိုင်းဝန်း ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင် သူများ က ပြောသည်။

မန္တလေးမြို့တွင် မိုးရာသီ ကာလဖြစ်သော်လည်း ပေါ့ဆ သည့်အတွက် မီးလောင် ကျွမ်းမှု များ မကြာခဏဖြစ်ပွားနေပြီး ယခုစက်တင်ဘာလ အတွင်း မွေ့ရာ ပေါ်ခြင်ဆေးခွေ ထွန်းရာမှ ထရံသို့ ကူးစက်လောင်ကျွမ်းခြင်း၊ ပန်ကာအပူလွန်ကဲ ရာမှ လောင်ကျွမ်း ခြင်း၊ အိပ်ခန်းအတွင်း ဆေးလိပ် သောက် ရာမှ မွေ့ရာပေါ်ကျကာ လောင်ကျွမ်းခြင်းများ  ဖြစ်ပွားခဲ့ ကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သတင်းရရှိသည်။

7Day DAILY 

မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မီးလောင်ကျွမ်း၍ ပျက်စီးသွားသော နေအိမ်နှင့်မိသားစုဝင်များ (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးမြို့လယ်၊ ရပ်ကွက်တစ်ခုရှိ၊ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၂၅ ရက် နံနက်မိုးမလင်းမီအချိန်၌ မီးသွေးမီးဖိုဖြင့် ရေနွေးကျိုရာမှ မီးလောင်ကျွမ်းခဲ့၍ အိမ်လေးလုံးပျက်စီးဆုံးရှုံးခဲ့ပြီး မိသားစုလေးစု အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် သီရိမန္တလာအနောက်ပွဲ ကုန်းရပ်ကွက်၊ လမ်း ၉၀၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားတွင်  နံနက် ၄ နာရီ မိနစ်၄၀ ခန့်က ဈေး သည် တစ်ဦး  ၎င်းနေအိမ်၌   မီးသွေး မီးဖိုဖြင့် ရေနွေး အိုး တည်ရာမှတစ် ဆင့် မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကြောင့် နေအိမ်လေးလုံး ပျက် စီးဆုံးရှုံးခဲ့ပြီး တန်ဖိုး ကျပ်သိန်းလေးဆယ်နှင့် ငါးသောင်းခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီး ဌာနက ခန့်မှန်းတွက်ချက် သည်။

မီးလောင်ချိန်သည် နံနက်မိုးမလင်းမီအိပ်ချိန်ဖြစ်၍ ကိုယ်ပေါ်မှ အ၀တ်အစားမှ တစ်ပါး အခြားပစ္စည်း အသုံးအဆောင်များ  သယ် ယူနိုင်ခဲ့ခြင်းမရှိကြောင်း မီးလောင် ကျွမ်းသွားသည့်နေအိမ်ရှင်များကပြောသည်။ ‘‘ဈေးချိုမှာ အထည်ဆိုင် ဖွင့်ထား တာလည်း   မကြာသေးပါဘူး။ မီးထဲပါသွားတဲ့ အထည်တွေကလည်း မနေ့ကမှ ငွေရှင်းပေးလိုက်တာ။ အခုကိုယ်ပေါ်က အ၀တ်အစားတောင် သူများပေးလို့ ၀တ်ထားရတာ။ ဘာမှကိုမရလိုက်ဘူး’’ဟု   မီးဘေးဒုက္ခ သည် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

မီးလောင်ရာသို့ မန္တလေးမြို့ မှ မီးသတ်ယာဉ်အစီးလေးဆယ် နှင့် မီးသတ် အင်အား ၂၅၀ ကျော် ငြှိမ်းသတ်ပေးခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာအနီးရှိ ဘုန်း တော်ကြီးကျောင်းများမှ သံဃာ တော်များနှင့် ရပ်ကွက်သူ၊ ရပ် ကွက်သားများကလည်း ၀ိုင်းဝန်း ကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း ယင်းရပ်ကွက်တွင် နေထိုင် သူများ က ပြောသည်။

မန္တလေးမြို့တွင် မိုးရာသီကာလဖြစ်သော်လည်း ပေါ့ဆသည့်အတွက် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ် ပွားနေပြီး ယခုစက်တင်ဘာလ အတွင်း မွေ့ရာ ပေါ်ခြင်ဆေးခွေ ထွန်းရာမှ ထရံသို့ ကူးစက်လောင် ကျွမ်းခြင်း၊ ပန်ကာအပူလွန်ကဲ ရာမှ လောင်ကျွမ်း ခြင်း၊ အိပ်ခန်းအတွင်း ဆေးလိပ် သောက် ရာမှ မွေ့ ရာပေါ် ကျကာ လောင်ကျွမ်းခြင်းများ  ဖြစ်ပွားခဲ့ ကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment