Thursday 14 August 2014

မိန်းမကိစ္စအရှုပ်အရှင်းကြောင့် နာမည်ကြီးနေသည့် NLD ပါတီ အတွင်းရေးမှူးမှ မျိုးစောင့်ဥပေဒဆိုသည်မှာ အပေါစားဆန်ဟု ဝေဖန်ခဲ့

ဒီနေ့မိုးလေးကလည်း အေးအေး ကော်ဖီလေးတစ်ခွက်သောက်ရင်းအပျင်း ပြေဂျာနယ် လေးတစ်စောင်လောက်ဖတ်လိုက်ဦးမယ်ဆိုပြီး ကောက်ကိုင် လိုက်တာမှာ မျက်စိထဲ အမြင်မတော်တာ တန်းတွေ့တယ်။ဘာရေးထားလဲဆိုတော့ မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေးပုံစံပဲဆိုပြီး မျိုးစောင့်ဥပဒေဖြစ်ပေါ်လာဖို့ ကြိုးစားနေကြတဲ့ ဆရာတော်တွေနဲ့မျိုးချစ်လူငယ်မောင်မယ်များကို စော်ကားပြီး ပြောဆိုထားတာကို တွေ့ရတယ်။
ဒီစကားကို ဘာလို့သူပြောသလဲ။ မျိုးရန်နောင်သိမ်းဆိုတာ ဘယ်လိုလူမျိုးလဲ။NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ရဟန်း သံဃာတော်တွေနဲ့မျိုးချစ်လူငယ်တွေကို ဘာကြောင့် စော်ကားတဲ့ စကားပြောခဲ့ရသလဲ၊ ဇတ်လမ်းကတော့ ပုဒ်မ ၅၉ (စ) ကနေ စရတယ် လို့ပြောရမှာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်တယ်လို့ တရားဝင်ထုတ်ပြောလာတဲ့နောက်မှာ NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မှာ အခက်အခဲ အတားအဆီးဖြစ်နေတဲ့နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများနှင့် လက်ထပ်ထားသူများ သမ္မတဖြစ်ခွင့်မရှိအောင်ပြဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လာဖို့ အသဲအသန်ကြိုးစားလာကြတဲ့အခါ အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးသူ လူငယ်များနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရပြီး ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ဖို့ လက်လျှော့သွားခဲ့ရပါတယ်။ အဲဒီအစား ပုဒ်မ ၄၃၆ ဆိုပြီး လူထုကို ထပ်မံလှည့်စားခဲ့ရတာပါ။
အစကို ပြန်ကောက်ရရင် NLD အနေနဲ့ ဒီကိစ္စကို အစာမကြေပါဘူး။ သူတို့အနေနဲ့ အစိုးရကိုလည်း အပြစ်ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ပုဒ်မ ၅၉ (စ) ကို ထောက်ခံတဲ့ ဒီလူတွေဟာ အစိုးရနဲ့ပါတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ မကင်းရာမကင်းကြောင်းတွေမဟုတ်ဘူး အမျိုးဘာသာ၊ သာသနာကိုချစ်မြတ်နိုးတဲ့ အမျိုးသားရေး အင်အားစုကြီးဖြစ်နေတာပါပဲ။
အခုတော့ ဒါကို အခဲမကျေပဲ NLD ပါတီက အတွင်းရေးမှူးတစ်ယောက်အနေနဲ့ မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေး ဆန်တယ်ဆိုပြီး ထုတ်ပြောလာတာဖြစ်ပါတယ်။ တကယ်တော့ မျိုးစောင့်ဥပဒေရေးဆွဲရေးကို ဦးဆောင်ခဲ့တာ ရဟန်းသံဃာတော်တွေပါ။ မျိုးရန်နောင်သိမ်း အခုလို ပြောလိုက်တာဟာ ရဟန်းသံဃာတော်တွေကိုေ စ်ာကားလိုက်တာနဲ့အတူတူပါပဲ။ မျိုးစောင့်ဥပဒေ ဖြစ်ပေါ်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအားလုံးကို စော်ကားလိုက်ခြင်းဖြစ်ပါတယ်။
မိန်းမကိစ္စအရှုပ်အရှင်းကြောင့် မကြာသေးမီက လူမှုကွန်ယက်စာမျက်နှာများမှာ ဝေဖန်ခံခဲ့ရတဲ့ NLD ပါတီမှ အတွင်းရေးမှူး ဗေဒါကျောင်း ကျောင်းအုပ်ကြီး မျိုးရန်နောင်သိမ်းအနေနဲ့ ရဟန်းသံဃာတွေနဲ့ ပြည်သူလူထုကို စော်ကားတာ အခုမှမဟုတ်ဘူး၊ ယခင့်ယခင်ကလည်း အမျိုးမျိုး ပုတ်ခတ် စော်ကား ခဲ့ပါသေးတယ်။ မကြာသေးမီကလည်း တီးတိန်မြို့နယ် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ရှေ့ပြေးစီမံချက်အရ လွယ်ဘွာလ်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အများပြည်သူများ လေ့လာ ကြည့်ရှုရန် ကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ စွဲဖြုတ်သွားခဲ့တဲ့အတွက် တရားစွဲဆိုခြင်း ခံထားရပါသေးတယ်။ တကယ်တော့ မျိုးစောင့်ဥပဒေဆိုတာ
 ၁။မြန်မာအမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာကို ကာကွယ်နိုင်အောင် 
၂။တစ်ဖက်က လွယ်လွယ်နဲ့အနိုင်မကျင့်နိုင်အောင် ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ ဥပဒေတစ်ခုပဲဖြစ်ပါတယ်။ 
၁၉၅၄ ဥပဒေ ရှိခဲ့ဖူးသော်လည်း မြန်မာအမျိုးသမီးတွေ အခွင့်အရေးဆုံးရှုံးနေဆဲဖြစ်ပြီး ရှိပြီးဥပဒေလည်းခိုင်မြဲအောင် ကာကွယ်နိုင်အောင် မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ ရဟန်းသံဃာတော်တွေနဲ့ မျိုးချစ်လူငယ်အများအပြားက ကြိုးပမ်းခဲ့ကြတာပါ။ တစ်နည်းအားဖြင့် ဘာသာခြားတွေနဲ့ အိမ်ထောင်ရေးမှာ အနိုင်ကျင့်ခံရ ညှဉ်းပန်းနှိပ်စက်ခံရ၊ ဘာအခွင့်အရေးမှမရပဲ ဂုဏ်သိက္ခာမဲ့နေတဲ့မြန်မာတိုင်းရင်းသူတွေရဲ့ဘ၀ကို ဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ပေးခြင်းလည်းဖြစ်ပါတယ်။ ဒါကို မျိုးစောင့်ဥပဒေဆိုတာ အပေါစားနိုင်ငံရေးဆန်တယ်ဆိုပြီး ဝေဖန်ခဲ့တာကတော့ လွန်လွန်းပါတယ်။ ဆရာတော်သံဃာတော်များအပါအ၀င် မျိုးချစ်လူငယ်အများအပြားအနေနဲ့ အထက်ပါကိစ္စကို NLD ပါတီမှ တာဝန်ရှိသူအဆင့်ဆင့်ကို ဖြေရှင်းချက်တောင်းသင့်ပါတယ်။ မျိုးရန်နောင်သိမ်းအနေနဲ့လည်း ကိုယ်ပြောခဲ့တဲ့စကားကို ကိုယ်တိုင်တာဝန်ယူဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ပြည်သူတွေပြောနေကြသလို NLD ပါတီကနေ မွတ်ပါတီဖြစ်လာတော့မည် မှာ ယုံမှား သံသယရှိစရာမလိုပေ။ NLD ပါတီ အတွင်းရေးမှူး မျိုးရန်နောင်သိမ်းအနေဖြင့် ၄င်းပြောခဲ့သော စကားများအတွက် တာဝန်ယူခြင်း၊ တာဝန်ခံခြင်း၊ တောင်းပန်ခြင်း မပြုလုပ်ဘဲ ဤအတိုင်းဆက်နေသွားမည်ဆိုပါက ပြင်းထန်သော ဆန့်ကျင်ကန့်ကွက်မှုများဖြင့် ကြုံတွေ့လာရ မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း သတိပေးလိုက်ရပါသည်။
Today Myanmar

No comments:

Post a Comment