Thursday 14 August 2014

မိုဘိုင်းဖုန်းလိုင်းကျပ်ခြင်းပြဿနာဖြေရှင်းရန် ကွန်ရက်များအဆင့်မြှင့်မည်ဟုဆို

မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများတွင် မိုဘိုင်းဖုန်းများ လိုင်းကျပ်ခြင်းပြဿနာကိုဖြေ ရှင်းနိုင်ရန် ဂျပန် ဆက် သွယ်ရေး ကုမ္ပဏီ KDDIနှင့် ပူးပေါင်း၍ မိုဘိုင်းကွန်ရက်များ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို  စတင်ဆော င် ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
‘‘ဖုန်းပြောတဲ့အခါမှာ အသံ ကြည်လင်ပြတ်သားမှု၊ တစ်ခါ တည်းနဲ့ ခေါ်လို့မရတာ၊ ဖုန်းပြော နေရင်း နဲ့ ပြုတ် ကျသွား တာ၊ တစ် ဖက်ကအသံကို မကြားရတာမျိုး ပြဿနာတွေမရှိတော့အောင်လို့ မိုဘိုင်းကွန်ရက်ရဲ့ အရည် အသွေး ကို မြှင့်တင်မှုတွေစပြီးတော့လုပ် နေပါပြီ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင် နီယာမှူး ဦးငွေသောင်းကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ကွန်ရက်အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကိုမိုဘိုင်း ဖုန်း အသုံးပြုသူဦးရေများသောမြို့ကြီးများတွင် စတင်ပြုလုပ် ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်နယ် မြို့များ၌ပါ ဆက် လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် KDDIနှင့်  Sumitimo Cooperationတို့အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ ကန်ဒေါ် လာနှစ် ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီးလက်ရှိကြုံတွေ့နေရသော  မိုဘိုင်းကွန်ရက်နှင့် အင်တာနက် အသုံးပြုမှုဆိုင်ရာ ပြဿနာများကိုဖြေရှင်းပေးသွားမည်ဟုကတိပြုထားသည်။

‘‘ကျွန်တော်တို့ ကွန်ရက်ကို အရည်အသွေးမြှင့်တင်မှုတွေ လုပ်သလို ၀န်ဆောင်မှုအသစ် တွေလည်း တိုးချဲ့ပြီး ပေးနိုင် ဖို့ လုပ်နေပါတယ်။ နောက်ပိုင်းမှာ အသုံးပြုသူတွေအနေနဲ့ အရည်အ သွေးကောင်းတဲ့ ဖုန်းတွေကို ရွေး သုံးနိုင်တော့မှာပါ’’ဟု ဦးငွေ သောင်းကဆိုသည်။

လက်ရှိတွင်  မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံ တစ်ဝန်းတွင် မိုဘိုင်းဖုန်း ကိုးသန်း ကျော်ရောင်း ချပေးထားပြီးပြည် သူများအား အကန့်အသတ်မရှိ ရောင်းချပေးနိုင်ရန် ဆွေးနွေးမှု များလည်း ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment