Thursday 14 August 2014

စက်ရုပ်ဝန်ထမ်းများနှင့် စားသောက်ဆိုင် တစ်ခုကို တရုတ်တွင်ဖွင့်လှစ်

Photo: စက်ရုပ်ဝန်ထမ်းများနှင့် စားသောက်ဆိုင် တစ်ခုကို တရုတ်တွင်ဖွင့်လှစ်
Thursday, August 14, 2014

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ခု၌ စက်ရုပ်များက ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။

လူတူစက်ရုပ် တစ်ဒါဇင်ကျော်သည် ချက်ပြုတ်ကြော်လှော်မှု တာဝန်၊ စားပွဲထိုး တာဝန်တို့ကို အသီးသီး ထမ်းဆောင်နေကြသည်။ ကွန်ရှန်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ စားသောက်ဆိုင်တွင် စက်ရုပ်များက ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ကြော်လှော်ပေးနေသလို ဟင်းပွဲများကိုလည်း မှာယူထားသူများထံ အမှားအယွင်းမရှိ ပို့ဆောင်ပေးလျက် ရှိသည်။

“သမီးက အိမ်အလုပ် မလုပ်ချင်လို့ စက်ရုပ်တစ်ရုပ်လောက် တီထွင်ပါလားလို့ ကျွန်တော့်ကို ပြောရာကနေ အခုလို စိတ်ကူးရလာတာပါ”ဟု စားသောက်ဆိုင်ပိုင်ရှင် ဆွန်ယူဂန်းက AFPသို့ ပြောကြားခဲ့သည်။

စားသောက်ဆိုင်၏ တံခါးဝတွင် စက်ရုပ်နှစ်ရုပ်က အသင့်စောင့်ဆိုင်းနေပြီး ဝင်ရောက်လာသည့် ဧည့်သည်များကို ရွှင်မြူးစွာ နှုတ်ဆက်လေ့ ရှိသည်။ စားပွဲထိုးစက်ရုပ် လေးရုပ်တို့က မီးဖိုခန်းနှင့် စားသောက်ခန်းတို့ကြား ကူးသန်းသွားလာရင်း ဟင်းပွဲများကို သယ်ဆောင်ပေးနေသည်။ မီးဖိုခန်းထဲတွင် LED မီးလုံးအနီများကို မျက်လုံးသဖွယ် တပ်ဆင်ထားသည့် အပြာရောင် စက်ရုပ်ကြီးများက ချက်ပြုတ်ကြော်လှော် နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အပြင် မုန့်ပေါင်းထုပ် ကလေးများ ပြုလုပ်နေသည့် သီးခြားစက်ရုပ်များလည်း ရှိနေသည်။

ဆွန်က အဆိုပါ စက်ရုပ်တစ်ရုပ်လျှင် ယွမ်လေးသောင်းစီမျှ တန်ဖိုးကျသင့်ကြောင်း ဆိုသည်။ “စက်ရုပ်တွေက နေ့စဉ်သုံး ဝါကျ(၄၀)လောက်ကို မှတ်သားထားနိုင်တယ်။ ဖျားနာတာ မရှိဘူး။ အပန်းဖြေ ခရီးထွက်ဖို့ ပူဆာတာ မရှိဘူး။ နှစ်နာရီလောက် အားသွင်းထားပြီးရင် သူတို့က ငါးနာရီ ဆက်တိုက်လောက် အလုပ်လုပ်နိုင်တယ်လေ”ဟု ဆွန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီယန်ဆူး ဒေသတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် မတိုင်မီ ကတည်းက စက်ရုပ်များ အသုံးပြုနေသည့် စားသောက်ဆိုင်တစ်ခု ရှိခဲ့ဖူးသည်။ ယင်းဆိုင်ကို (၂၀၁၂)ခုနှစ်က ဟာဘင်းဒေသတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် လုပ်အားခ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းရှင်များက စက်ရုပ်များဖြင့် အစားထိုးပြီး ယင်းစိန်ခေါ်မှုကို ဖြေရှင်းလာကြသည်။ ထို့ကြောင့်လည်း ပြီးခဲ့သည့်နှစ်က ဂျပန်ကို ကျော်တက်ကာ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်အများဆုံး ဝယ်ယူအသုံးပြုသည့် နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်။

စားသောက်ဆိုင်သုံး စက်ရုံများတွင် ကန့်သတ်ပမာဏ တစ်ရပ်ဖြင့် မှတ်ဉာဏ်တုစနစ် ထည့်သွင်းထားပြီး ချက်ပြုတ်သည့်အခါ လိုအပ်သည့် ဟင်းအရောအစပ်ကို လူသားဝန်ထမ်း တစ်ဦးက ကူညီပေးရသည်။ စက်ရုပ်များသည် ဆိုင်မှ ဟင်းအားလုံးကို ချက်ပြုတ်နိုင်လောက်အောင် မစွမ်းဆောင်နိုင်ဘဲ လူသားများ၏ လုပ်အားကိုမူ အသုံးပြု မှီခိုရဆဲဟု ဆွန်က ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖောက်သည်များက ဆွန်၏ စားသောက်ဆိုင်ကို သဘောကျကြသည်။

“ကျွန်မကလေးတွေက စက်ရုပ်တွေကို မြင်တော့ အရမ်း စိတ်လှုပ်ရှားနေကြတယ်”ဟု စားသောက်ဆိုင်သို့ ရောက်ရှိလာသည့် ကလေးသုံးဦး၏ မိခင်ဖြစ်သူ ယန်လီမိုင်က ဆိုသည်။ စားပွဲထိုး စက်ရုပ်များသည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာနိုင်ကြပြီး ၎င်းတို့ရှေ့တွင် ဧည့်သည်က ပိတ်ရပ်ထားပါက ဖယ်ရှားပေးပါရန် ပန်ကြားသည့် အသံ ထွက်ပေါ်လာလေ့ ရှိကြောင်း သိရသည်။ “သမီးဘဝမှာ စက်ရုပ်တွေ ယူလာပေးတဲ့ အစားအသောက်တွေကို မစားဖူးဘူး။ တကယ်အံ့ဩမိတယ်”ဟု (၉)နှစ် သမီးလေး ယွမ်ယွမ်က  ဝန်ခံခဲ့သည်။

_Ref: Channelnewsasia
7Day DAILY
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖွင့်လှစ်သည့် စားသောက်ဆိုင် တစ်ခု၌ စက်ရုပ်များက ဝန်ဆောင်မှု ပေးနေကြောင်း သိရှိရသည်။


လူတူစက်ရုပ် တစ်ဒါဇင်ကျော်သည် ချက်ပြုတ်ကြော်လှော်မှု တာဝန်၊ စားပွဲထိုး တာဝန်တို့ကို အသီးသီး ထမ်းဆောင်နေကြသည်။ ကွန်ရှန်တွင် ဖွင့်လှစ်ထားသည့် အဆိုပါ စားသောက်ဆိုင်တွင် စက်ရုပ်များက ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ကြော်လှော်ပေးနေသလို ဟင်းပွဲများကိုလည်း မှာယူထားသူများထံ အမှားအယွင်းမရှိ ပို့ဆောင်ပေးလျက် ရှိသည်။

“သမီးက အိမ်အလုပ် မလုပ်ချင်လို့ စက်ရုပ်တစ်ရုပ်လောက် တီထွင်ပါလားလို့ ကျွန်တော့်ကို ပြောရာကနေ အခုလို စိတ်ကူးရလာတာပါ”ဟု စားသောက်ဆိုင်ပိုင်ရှင် ဆွန်ယူဂန်းက AFPသို့ ပြောကြားခဲ့သည်။

စားသောက်ဆိုင်၏ တံခါးဝတွင် စက်ရုပ်နှစ်ရုပ်က အသင့်စောင့်ဆိုင်းနေပြီး ဝင်ရောက်လာသည့် ဧည့်သည်များကို ရွှင်မြူးစွာ နှုတ်ဆက်လေ့ ရှိသည်။ စားပွဲထိုးစက်ရုပ် လေးရုပ်တို့က မီးဖိုခန်းနှင့် စားသောက်ခန်းတို့ကြား ကူးသန်းသွားလာရင်း ဟင်းပွဲများကို သယ်ဆောင်ပေးနေသည်။ မီးဖိုခန်းထဲတွင် LED မီးလုံးအနီများကို မျက်လုံးသဖွယ် တပ်ဆင်ထားသည့် အပြာရောင် စက်ရုပ်ကြီးများက ချက်ပြုတ်ကြော်လှော် နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့အပြင် မုန့်ပေါင်းထုပ် ကလေးများ ပြုလုပ်နေသည့် သီးခြားစက်ရုပ်များလည်း ရှိနေသည်။

ဆွန်က အဆိုပါ စက်ရုပ်တစ်ရုပ်လျှင် ယွမ်လေးသောင်းစီမျှ တန်ဖိုးကျသင့်ကြောင်း ဆိုသည်။ “စက်ရုပ်တွေက နေ့စဉ်သုံး ဝါကျ(၄၀)လောက်ကို မှတ်သားထားနိုင်တယ်။ ဖျားနာတာ မရှိဘူး။ အပန်းဖြေ ခရီးထွက်ဖို့ ပူဆာတာ မရှိဘူး။ နှစ်နာရီလောက် အားသွင်းထားပြီးရင် သူတို့က ငါးနာရီ ဆက်တိုက်လောက် အလုပ်လုပ်နိုင်တယ်လေ”ဟု ဆွန်က မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီယန်ဆူး ဒေသတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် မတိုင်မီ ကတည်းက စက်ရုပ်များ အသုံးပြုနေသည့် စားသောက်ဆိုင်တစ်ခု ရှိခဲ့ဖူးသည်။ ယင်းဆိုင်ကို (၂၀၁၂)ခုနှစ်က ဟာဘင်း ဒေသ တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်တွင် လုပ်အားခ ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းရှင်များက စက်ရုပ်များဖြင့် အစားထိုးပြီး ယင်းစိန်ခေါ်မှုကို ဖြေရှင်းလာကြသည်။ ထို့ကြောင့်လည်း ပြီးခဲ့သည့်နှစ်က ဂျပန်ကို ကျော်တက်ကာ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်မှုလုပ်ငန်းသုံး စက်ရုပ်အများဆုံး ဝယ်ယူအသုံးပြုသည့် နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်။

စားသောက်ဆိုင်သုံး စက်ရုံများတွင် ကန့်သတ်ပမာဏ တစ်ရပ်ဖြင့် မှတ်ဉာဏ်တုစနစ် ထည့်သွင်းထားပြီး ချက်ပြုတ်သည့်အခါ လိုအပ်သည့် ဟင်းအရောအစပ်ကို လူသားဝန်ထမ်း တစ်ဦးက ကူညီပေးရသည်။ စက်ရုပ်များသည် ဆိုင်မှ ဟင်းအားလုံးကို ချက်ပြုတ်နိုင်လောက်အောင် မစွမ်းဆောင်နိုင်ဘဲ လူသားများ၏ လုပ်အားကိုမူ အသုံးပြု မှီခိုရဆဲဟု ဆွန်က ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖောက်သည်များက ဆွန်၏ စားသောက်ဆိုင်ကို သဘောကျကြသည်။

“ကျွန်မကလေးတွေက စက်ရုပ်တွေကို မြင်တော့ အရမ်း စိတ်လှုပ်ရှားနေကြတယ်”ဟု စားသောက်ဆိုင်သို့ ရောက်ရှိလာသည့် ကလေးသုံးဦး၏ မိခင်ဖြစ်သူ ယန်လီမိုင်က ဆိုသည်။ စားပွဲထိုး စက်ရုပ်များသည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာနိုင်ကြပြီး ၎င်းတို့ရှေ့တွင် ဧည့်သည်က ပိတ်ရပ်ထားပါက ဖယ်ရှားပေးပါရန် ပန်ကြားသည့် အသံ ထွက်ပေါ်လာလေ့ ရှိကြောင်း သိရသည်။ “သမီးဘဝမှာ စက်ရုပ်တွေ ယူလာပေးတဲ့ အစားအသောက်တွေကို မစားဖူးဘူး။ တကယ်အံ့ဩမိတယ်”ဟု (၉)နှစ် သမီးလေး ယွမ်ယွမ်က  ဝန်ခံခဲ့သည်။

_Ref: Channelnewsasia
7Day DAILY 

No comments:

Post a Comment