Thursday 14 August 2014

မြန်မာလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ဆီဇာဆက်လက်ဦးဆောင်

Photo: မြန်မာလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ဆီဇာဆက်လက်ဦးဆောင်
Thursday, August 14, 2014

 ၂၀၁၄ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၂၀ သွင်း ယူထားသည့် ရန်ကုန်အသင်းမှ ဘရာဇီးတိုက်စစ်မှူးဆီဇာ သည် မြန်မာလိဂ်ဂိုးသွင်းအများဆုံးစာ ရင်းတွင် ဆက်လက်ဦးဆောင် နေသည်။

ဆီဇာသည် ပြီးခဲ့သည့် ပွဲစဉ် ၁၅ ပြီးသည်အထိ မြန်မာလိဂ်ဂိုး သွင်း အများဆုံးစာရင်းတွင် သွင်း ဂိုး ၁၅ ဂိုးဖြင့် တတိယနေရာ၌ ရပ် တည်နေသော်လည်း ပွဲစဉ် ၁၆ တွင် သွင်းဂိုးလေးဂိုးသွင်းယူကာ ဂိုးသွင်း အများဆုံးစာရင်းတွင် ပထမနေရာသို့ ရောက်ရှိလာပြီး ပွဲစဉ် ၁၇ တွင် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် နေခြင်းဖြစ်သည်။

ဆီဇာသည် ပြီးခဲ့သည့် ဘောလုံးရာသီက သွင်းဂိုး ၂၀ ဖြင့် မြန်မာလိဂ်ဂိုးသွင်း ဘုရင်ဆုကို ရရှိထားရာ ယခုနှစ်ပြိုင်ပွဲ မပြီးဆုံးမီအဆိုပါ သွင်းဂိုးအရေအတွက်ကို ရရှိထားပြီ ဖြစ်သည်။

ရန်ကုန်အသင်းသည် ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၄၅ ဂိုးရရှိ ထားပြီး သွင်းဂိုး ၂၀ ဂိုးသွင်းယူ ထားသည့် တိုက်စစ်မှူးဆီဇာက အသင်း၏ သွင်းဂိုးအားလုံးအရေ အတွက်၏ ထက်ဝက်နီးပါး သွင်း ယူပေးထားခြင်း ဖြစ်သည်။

ရတနာပုံအသင်းမှ ကိုလံဘီ ယာတိုက်စစ်မှူးဖွန်ဆီကာက ပွဲ စဉ် ၁၇ အပြီးတွင် သွင်းဂိုး ၁၉ ဂိုး ဖြင့် ဒုတိယနေရာနှင့် သွင်းဂိုး ၁၈ ဂိုးသွင်းယူထားသည့် ချင်းယူ နိုက်တက်မှ လိုက်ဘေးရီးယား တိုက်စစ်မှူးကိတ်မာတူနာက တတိယနေရာ၌ ရပ်တည်လျက် ရှိသည်။

မြန်မာလိဂ်ပြိုင်ပွဲ ဂိုးသွင်း အများဆုံးစာရင်း ထိပ်တန်းစာ ရင်းတွင် အစဉ်အလာအတိုင်း ပြည်ပကစားသမားများကသာ လွှမ်းမိုးထားပြီး ဂိုးသွင်းအများဆုံး စာရင်း အဆင့် ၁၀ အတွင်း၌ ပြည်တွင်းကစားသမားနှစ်ဦးအဖြစ် ဧရာဝတီ တိုက်စစ်မှူး နန္ဒလင်းကျော်ချစ်နှင့် ကမ္ဘောဇတိုက်စစ်မှူး စိုးမင်းဦးတို့ နှစ်ဦးသာ ပါဝင်နေသည်။

မြန်မာလိဂ်ပွဲစဉ် ၁၇ အပြီး တွင် နန္ဒလင်းကျော်ချစ်က သွင်း ဂိုးကိုးဂိုးနှင့် စိုးမင်းဦးက သွင်းဂိုး ရှစ်ဂိုးသွင်းယူထားသည်။ ၂၀၁၄ မြန်မာလိဂ်အမှတ်ပေးပြိုင်ပွဲပြီး ဆုံးရန် ပွဲစဉ်ငါးပွဲကျန်ရှိနေချိန် တွင် ရတနာပုံအသင်းက ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယား ကိုဦးဆောင်နေပြီး ရန်ကုန်အသင်းက ရမှတ် ၃၄ မှတ်ဖြင့် ဒုတိယ နေရာမှ ဖိအားပေးလျက် ရှိသည်။

7Day DAILY
၂၀၁၄ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၂၀ သွင်း ယူထားသည့် ရန်ကုန်အသင်းမှ ဘရာဇီးတိုက်စစ်မှူးဆီဇာ သည် မြန်မာလိဂ်ဂိုးသွင်းအများဆုံးစာ ရင်းတွင် ဆက်လက် ဦးဆောင် နေသည်။
ဆီဇာသည် ပြီးခဲ့သည့် ပွဲစဉ် ၁၅ ပြီးသည်အထိ မြန်မာလိဂ်ဂိုး သွင်း အများဆုံးစာရင်းတွင် သွင်း ဂိုး ၁၅ ဂိုးဖြင့် တတိယနေရာ၌ ရပ် တည်နေသော်လည်း ပွဲစဉ် ၁၆ တွင် သွင်းဂိုးလေးဂိုးသွင်းယူကာ ဂိုးသွင်း အများဆုံးစာရင်းတွင် ပထမနေရာသို့ ရောက်ရှိလာပြီး ပွဲစဉ် ၁၇ တွင် တစ်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့် အတွက် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင် နေခြင်းဖြစ်သည်။

ဆီဇာသည် ပြီးခဲ့သည့် ဘောလုံးရာသီက သွင်းဂိုး ၂၀ ဖြင့် မြန်မာလိဂ်ဂိုးသွင်း ဘုရင်ဆုကို ရရှိထားရာ ယခုနှစ်ပြိုင်ပွဲ မပြီးဆုံးမီအဆိုပါ သွင်းဂိုးအရေအတွက်ကို ရရှိထားပြီ ဖြစ်သည်။

ရန်ကုန်အသင်းသည် ပွဲစဉ် ၁၇ အပြီးတွင် သွင်းဂိုး ၄၅ ဂိုးရရှိ ထားပြီး သွင်းဂိုး ၂၀ ဂိုးသွင်းယူ ထားသည့် တိုက်စစ်မှူးဆီဇာက အသင်း၏ သွင်းဂိုးအားလုံးအရေ အတွက်၏ ထက်ဝက်နီးပါး သွင်း ယူပေး ထားခြင်း ဖြစ်သည်။

ရတနာပုံအသင်းမှ ကိုလံဘီ ယာတိုက်စစ်မှူးဖွန်ဆီကာက ပွဲ စဉ် ၁၇ အပြီးတွင် သွင်းဂိုး ၁၉ ဂိုး ဖြင့် ဒုတိ ယနေ ရာနှင့် သွင်းဂိုး ၁၈ ဂိုးသွင်းယူထားသည့် ချင်းယူ နိုက်တက်မှ လိုက်ဘေးရီးယား တိုက်စစ်မှူး ကိတ်မာတူနာက တတိယနေရာ၌ ရပ်တည်လျက် ရှိသည်။

မြန်မာလိဂ်ပြိုင်ပွဲ ဂိုးသွင်း အများဆုံးစာရင်း ထိပ်တန်းစာ ရင်းတွင် အစဉ်အလာအတိုင်း ပြည်ပ ကစားသမား များကသာ လွှမ်းမိုးထားပြီး ဂိုးသွင်းအများဆုံး စာရင်း အဆင့် ၁၀ အတွင်း၌ ပြည်တွင်းကစား သမားနှစ်ဦး အဖြစ် ဧရာဝတီ တိုက်စစ်မှူး နန္ဒလင်းကျော်ချစ်နှင့် ကမ္ဘောဇတိုက်စစ်မှူး စိုးမင်းဦးတို့ နှစ်ဦးသာ ပါဝင်နေ သည်။

မြန်မာလိဂ်ပွဲစဉ် ၁၇ အပြီး တွင် နန္ဒလင်းကျော်ချစ်က သွင်း ဂိုးကိုးဂိုးနှင့် စိုးမင်းဦးက သွင်းဂိုး ရှစ်ဂိုး သွင်းယူထားသည်။ ၂၀၁၄ မြန်မာလိဂ်အမှတ်ပေးပြိုင်ပွဲပြီး ဆုံးရန် ပွဲစဉ်ငါးပွဲကျန်ရှိနေချိန်တွင် ရတနာပုံ အသင်းက ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယား ကိုဦးဆောင်နေပြီး ရန်ကုန်အသင်းက ရမှတ် ၃၄ မှတ်ဖြင့် ဒုတိယ နေရာမှ ဖိအားပေးလျက် ရှိသည်။

7Day DAILY

No comments:

Post a Comment