Thursday 14 August 2014

ထူးအိမ်သင် ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် အဆိုတော်အချို့ ပရိသတ် ဝေဖန်သံမှုများကြောင့် သီဆိုရန်နှုတ်ထွက်

Photo: ထူးအိမ်သင် ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် အဆိုတော်အချို့ ပရိသတ် ဝေဖန်သံမှုများကြောင့် သီဆိုရန်နှုတ်ထွက်
Thursday, August 14, 2014

သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာထားသည့်အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော်ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

"သူတို့ကို မေတ္တာနဲ့သီဆိုပေးဖို့ အစ်မ အကူအညီတောင်းခဲ့တာပါ။ သူတို့တွေ ကမဆိုပေးတော့ဘူး ဆိုတော့ ဘာမှမတတ်နိုင်တော့ပါဘူး"ဟု ၎င်းကပြောသည်။

ယင်းအပြင် အဆိုတော်ဟန်ထူးလွင်(ခ) ကျားပေါက်၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း အဆိုပါဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည် မဟုတ်ဟုရေးသားထားသော်လည်း ဂီတပွဲစီစဉ်သူ ဒေါ်သွယ်သွယ်ထွေးကိုမူ အကြောင်းကြားထားခြင်း မရှိသေးဟု မသွယ်သွယ်ထွေးကပြောသည်။

" ပွဲက ၂၃ ရက်နေ့မှပါ။ သူတို့သဘောဆန္ဒအလျောက် နှုတ်ထွက်သွားတယ် ဆိုပေမယ့် ပွဲမစသေးဘူးလေ။ ပွဲမစခင်အချိန်ထိ သူတို့ပြန်ပြီး လာဆိုမယ်ဆိုရင်လည်း ခွင့်ပြုသွားမှာပါ။ " ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် တေးရေးမြင့်မိုးအောင်က ပြောသည်။

" ပရိသတ်တွေအခုလို ဝေဖန်တဲ့ကိစ္စက ကိုငှက်ကိုချစ်လို့ ကိုငှက်သီချင်းတွေ ပျက်စီးမှာစိုးလို့ ဝေဖန်တာကို နားလည်ပါတယ်။ ကိုငှက်ကိုချစ်လို့ဖြစ်ကြတဲ့ ကိစ္စပါ။ အဲဒီတော့ ချစ်လို့ဖြစ်တဲ့ကိစ္စကို အချစ်နည်းနဲ့ပဲ ဖြေရှင်းမှာပါ။ ကိုငှက်ကို ချစ်ခြင်းအားဖြင့် လွမ်းခြင်းအားဖြင့် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ အမှတ်တရအနေ နဲ့ ကိုငှက်ကိုချစ်ရင် ကိုငှက်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ၊ ကိုငှက်ဆိုထားတဲ့သီချင်းတွေကို အနုပညာရှင်တွေက ကိုငှက်ကိုချစ်ခြင်းအားဖြင့် ဖျော်ဖြေကြမှာကို ခွင့်ပြုနားလည်ပေးနိုင်ကြမယ်လို့ ထင်ကြပါတယ်" ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် တေးရေး ရွှေဂျော်ဂျော် က ပြောသည်။

ထူးအိမ်သင်အလွမ်းပြေဂီတဖျော်ဖြေပွဲတွင်ပါဝင်သီဆိုမည့်သူတစ်ဦးဖြစ်သော စည်သူလွင်ကလည်း " ဒီပွဲမှာ ပါဝင်သီဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ရော့ခ်သီဆိုမှုမှာဆိုရင်ကိုဇော်ဝင်းထွဋ်ကကျွန်တော်ရဲ့ဆရာဖြစ်သ လို ကိုငှက်က ပေါ့ပ်မှာကျွန်တော်ရဲ့ဆရာပါပ။ဲ ကျွန် တော်အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "မင်းအကြောင်းအိမ်မက်" သီချင်းက ကိုငှက်ရေးပေးတာပါ။ ပြီးတော့ ကျွန်တော်နဲ့ ကိုအဲလက်စ်နဲ့ပေါင်းပြီးတော့" သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ "သီချင်းကို ကိုငှက်ခွင့်ပြုချက်နဲ့ပြန်ဆို ခဲ့ပါတယ်။ အဲဒီတုန်းက ကိုငှက်က ကျွန်တော်တို့ကို အသစ်အသစ်သော ဂီတအမျိုးအစားတွေကိုလက်ခံတယ် လို့ပြောခဲ့တယ်။ အခုလည်း ကိုငှက်လက်ခံနိုင်မှာပါ။" ဟု၎င်းက ပြောသည်။

"ပရိသတ်က အမျိုးမျိုးအစားစားဆိုတော့ ပြောကြတာပေါ့။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာတော့ သူကို ချစ်တဲ့သူတွေက ဝိုင်းပြီးတော့ကန့်ကွက်ကြတာမျိုးက ဘယ်နိုင်ငံမှာမဆိုရှိပါတယ်။ ကိုယ်လည်း တကယ်နှစ် သက်တယ်။

ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင်မည်သူမဆိုပါဝင်ခွင့်ရှိတယ်လို့တော့မြင်ပါတယ်။ တစ်ခုပဲရှိတာကသီချင်းတွေကိုရော သူ့ရဲ့ဇစ်မြစ်ကိုရောသေသေချာချာသိပြီးမှဆိုရင်တော့ ပိုကောင်းတာပေါ့။ဒီပွဲ ကိုပြန်လုပ်တာတော့ကောင်းပါတယ်။ ကိုငှက်ကြီးက ဒီလို ဂုဏ်ပြုသင့်တဲ့သူတစ်ယောက်လေ။ချစ်တဲ့သူ၊ ကြိုက်တဲ့သူတွေရဲ့ရင်ထဲမှာရှိမယ်။ အများပြည်သူက ဒီလိုမှမလုပ်ပေးရင် ကြာရင်မေ့သွားနိုင်တယ်လေ။" ဟု ဝါရင့်တေးရေးဆရာတစ်ဦးဖြစ်သူ မင်းချစ်သူကပြောသည်။

ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့်သူစာရင်းမှ နှုတ်ထွက်သွားသည့် အောင်လနှင့် ရေမွန်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သြဂုတ်လ ၂၃ ရက်တွင် ကျင်းပမည့် ထူးအိမ်သင်ကွယ်လွန်ခြင်း  ၁ဝ နှစ်ပြည့် အမှတ်တရဂီတဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ ဇော်ပိုင်၊ R ဇာနည်၊ ဘိုဖြူ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ L လွန်းဝါ၊ ကျားပေါက်၊ ရေမွန်၊ အောင်လ၊ ဖော်ကာ၊ အီတိုး၊ ကောင်းကောင်း၊ဘန်နီဖြိုး၊ ဒေးဗစ်ခွန်နောင်၊ ဒီမွန်၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်၊ဖြူုဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်နှင့် ထူးအိမ်သင်၏ သမီးဖြစ်သူ မိကွန်ထော တို့ပါဝင်သီဆိုကြမည်ဖြစ်သည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁ဝ) နှစ်ပြည့် "ထူးအိမ်သင်ဂီတပွဲတော်" ကို ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmat Event Park  (MEP) တွင် သြဂုတ် ၂၃ ရက်တွင်ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese
သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာ ထားသည့် အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော် ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

"သူတို့ကို မေတ္တာနဲ့သီဆိုပေးဖို့ အစ်မ အကူအညီတောင်းခဲ့တာပါ။ သူတို့တွေ ကမဆိုပေးတော့ဘူး ဆိုတော့ ဘာမှမတတ်နိုင်တော့ပါဘူး"ဟု ၎င်းကပြောသည်။

ယင်းအပြင် အဆိုတော်ဟန်ထူးလွင်(ခ) ကျားပေါက်၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း အဆိုပါဂီတ ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည် မဟုတ်ဟုရေးသားထားသော်လည်း ဂီတပွဲစီစဉ်သူ ဒေါ်သွယ်သွယ်ထွေးကိုမူ အကြောင်းကြားထားခြင်း မရှိသေးဟု မသွယ်သွယ်ထွေးကပြောသည်။

" ပွဲက ၂၃ ရက်နေ့မှပါ။ သူတို့သဘောဆန္ဒအလျောက် နှုတ်ထွက်သွားတယ် ဆိုပေမယ့် ပွဲမစသေးဘူးလေ။ ပွဲမစခင်အချိန်ထိ သူတို့ပြန်ပြီး လာဆိုမယ်ဆိုရင်လည်း ခွင့်ပြုသွားမှာပါ။ " ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် တေးရေးမြင့်မိုးအောင်က ပြောသည်။

" ပရိသတ်တွေအခုလို ဝေဖန်တဲ့ကိစ္စက ကိုငှက်ကိုချစ်လို့ ကိုငှက်သီချင်းတွေ ပျက်စီးမှာစိုးလို့ ဝေဖန်တာကို နားလည်ပါတယ်။ ကိုငှက်ကိုချစ်လို့ဖြစ်ကြတဲ့ ကိစ္စပါ။ အဲဒီတော့ ချစ်လို့ဖြစ်တဲ့ကိစ္စကို အချစ်နည်းနဲ့ပဲ ဖြေရှင်းမှာပါ။ ကိုငှက်ကို ချစ်ခြင်းအားဖြင့် လွမ်းခြင်းအားဖြင့် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ အမှတ်တရအနေ နဲ့ ကိုငှက်ကိုချစ်ရင် ကိုငှက်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ၊ ကိုငှက်ဆိုထားတဲ့သီချင်းတွေကို အနုပညာရှင် တွေက ကိုငှက်ကိုချစ်ခြင်းအားဖြင့် ဖျော်ဖြေကြမှာကို ခွင့်ပြုနားလည်ပေးနိုင်ကြမယ်လို့ ထင်ကြပါတယ်" ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် တေးရေး ရွှေဂျော်ဂျော် က ပြောသည်။

ထူးအိမ်သင်အလွမ်းပြေဂီတဖျော်ဖြေပွဲတွင်ပါဝင်သီဆိုမည့်သူတစ်ဦးဖြစ်သော စည်သူလွင်ကလည်း " ဒီပွဲမှာ ပါဝင်သီဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ရော့ခ်သီဆိုမှုမှာဆိုရင်ကိုဇော်ဝင်းထွဋ်က ကျွန်တော်ရဲ့ ဆရာဖြစ်သလို ကိုငှက်က ပေါ့ပ်မှာကျွန်တော်ရဲ့ဆရာပါပ။ဲ ကျွန် တော်အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "မင်းအကြောင်းအိမ်မက်" သီချင်းက ကိုငှက်ရေးပေးတာပါ။ ပြီးတော့ ကျွန်တော်နဲ့ ကိုအဲလက်စ်နဲ့ ပေါင်းပြီးတော့" သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ "သီချင်းကို ကိုငှက်ခွင့်ပြုချက်နဲ့ပြန်ဆို ခဲ့ပါတယ်။ အဲဒီတုန်းက ကိုငှက်က ကျွန်တော်တို့ကို အသစ်အသစ်သော ဂီတအမျိုးအစားတွေကိုလက်ခံတယ် လို့ပြောခဲ့တယ်။ အခုလည်း ကိုငှက်လက်ခံနိုင်မှာပါ။" ဟု၎င်းက ပြောသည်။

"ပရိသတ်က အမျိုးမျိုးအစားစားဆိုတော့ ပြောကြတာပေါ့။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာတော့ သူကို ချစ်တဲ့သူတွေက ဝိုင်းပြီးတော့ကန့်ကွက်ကြတာမျိုးက ဘယ်နိုင်ငံမှာမဆိုရှိပါတယ်။ ကိုယ်လည်း တကယ်နှစ် သက်တယ်။

ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင်မည်သူမဆိုပါဝင်ခွင့်ရှိတယ်လို့တော့မြင်ပါတယ်။ တစ်ခုပဲရှိတာက သီချင်းတွေကိုရော သူ့ရဲ့ဇစ်မြစ်ကိုရော သေသေချာချာ သိပြီးမှဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒီပွဲကိုပြန် လုပ် တာတော့ ကောင်းပါတယ်။ ကိုငှက်ကြီးက ဒီလို ဂုဏ်ပြုသင့်တဲ့သူတစ်ယောက်လေ။ချစ်တဲ့သူ၊ ကြိုက်တဲ့သူတွေရဲ့ရင်ထဲမှာရှိမယ်။ အများပြည်သူက ဒီလိုမှမလုပ်ပေးရင် ကြာရင်မေ့သွားနိုင်တယ်လေ။" ဟု ဝါရင့်တေးရေးဆရာတစ်ဦးဖြစ်သူ မင်းချစ်သူကပြောသည်။

ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့်သူစာရင်းမှ နှုတ်ထွက်သွားသည့် အောင်လနှင့် ရေမွန်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သြဂုတ်လ ၂၃ ရက်တွင် ကျင်းပမည့် ထူးအိမ်သင်ကွယ်လွန်ခြင်း  ၁ဝ နှစ်ပြည့် အမှတ်တရဂီတ ဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ ဇော်ပိုင်၊ R ဇာနည်၊ ဘိုဖြူ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ L လွန်းဝါ၊ ကျားပေါက်၊ ရေမွန်၊ အောင်လ၊ ဖော်ကာ၊ အီတိုး၊ ကောင်းကောင်း၊ဘန်နီဖြိုး၊ ဒေးဗစ်ခွန်နောင်၊ ဒီမွန်၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်၊ ဖြူုဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်နှင့် ထူးအိမ်သင်၏ သမီးဖြစ်သူ မိကွန်ထော တို့ပါဝင်သီဆိုကြမည်ဖြစ်သည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁ဝ) နှစ်ပြည့် "ထူးအိမ်သင်ဂီတပွဲတော်" ကို ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmat Event Park  (MEP) တွင် သြဂုတ် ၂၃ ရက်တွင်ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment