Thursday 14 August 2014

လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် သွင်းထားသူများအတွက် အိမ်ရာပိုင်ခွင့် မဆောင်ရွက်နိုင်သေး

Photo: လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် သွင်းထားသူများအတွက် အိမ်ရာပိုင်ခွင့် မဆောင်ရွက်နိုင်သေး
Thursday, August 14, 2014

လူမှုဖူလုံရေးဥပဒေသစ်အရ လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် ပေးသွင်းထားသည့် အလုပ်သမားများအတွက် အိမ်ရာတည်ဆောက်ပြီး လုပ်ခလစာထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်လက်ပေးသွင်းလျှင် အိမ်ပေါ်တက် နေထိုင်နိုင်သည့် စီမံကိန်းမှာ လက်ရှိတွင် ဆောင်ရွက်နိုင်မည်မဟုတ်သေးကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ၎င်း၏ရုံးခန်း၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“အလုပ်သမားတွေ ပေးနိုင်မလားဆိုတာ စဉ်းစားနေပါတယ်။ သူရတဲ့ လစာထဲက ၂၅ ရာခိုင်နှုန်း သွင်းရမှာဆိုတော့ သူ့မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေပါ့မလားဆိုတာလည်း ရှိသေးတယ်”ဟု ဒုတိယ၀န်ကြီးက ပြောသည်။

ဥပဒေသစ်အရ ၁၅ နှစ်အထက် လူမှုဖူလုံရေးကြေးသွင်းထားသူများသာ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ပြီး၊ လက်ရှိတွင် လုပ်သက် ၂၄ နှစ်အထိ ပေးသွင်းထားသူများလည်း ရှိသည်။

အလုပ်သမားက ၂၅ ရာခိုင်နှုန်းသွင်းရမည်ဟုဆိုသော်လည်း အလုပ်ရှင်ဘက်ကလည်း အလုပ်သမားလစာ၏ ၁၂ ရာခိုင် နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။

“၃၇ ရာခိုင်နှုန်းသွင်းပြီးပြီဆိုတာနဲ့ အိမ်ပေါ်တက်နေနိုင်တယ်။ ဆောက်တာတော့ ဆောက်မယ်။ လာမယ့် တစ်နှစ်ကျော်လောက်မှ ဖြစ်မလားဆိုတာ မပြောနိုင်သေးဘူး။ ဥပဒေအရ ဒုတိယအဆင့်မှ စတင်ဆောင်ရွက်ရမှာဖြစ်တယ်”ဟု ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ဆက်ပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ဆောက်လုပ်ရန် မြေနေရာများ မရှိသေးသကဲ့သို့ ဘဏ္ဍာငွေလည်း အလုံအလောက် မရှိသေးပေ။

ဥပဒေသစ်စတင်ကျင့်သုံးပြီးချိန် လူမှုဖူလုံကြေးကောက်ခံရရှိမှု အခြေအနေမှာပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လလျှင်ကျပ်သန်း ၇၅၀ သာရရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် သုံးဆကျော် မြင့်တက်လာကာ တစ်လလျှင်ကျပ်သန်း ၂,၅၂၀ အထိ တိုးမြှင့်ကောက်ခံရရှိခဲ့သည်။

လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက်ပေးသွင်းထားသည့် အလုပ်သမားအရေအတွက်ကို အတိအကျပြောဆိုနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အင်အား ၃၇ သန်းအထိရှိကာ အလုပ်လက်မဲ့မှာ ၁၀ သန်းရှိသည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရသည်။

လူမှုဖူလုံရေးဥပဒေသစ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး လက်ရှိတွင် နည်းဥပဒေများအပါအ၀င် အသက်ဝင်လာသည်မှာ လေးလသာရှိသေးသည်။ ဥပဒေသစ်မှာ ၁၉၅၈ ခုနှစ် ဥပဒေကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်တွင် ခုံးကျော်တံတားဆောက်လုပ်ရန် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်က စတင် ပန္နက်ရိုက်နေသည့် ဆောက်လုပ်ရေးအလုပ်သမားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်တွင် ခုံးကျော်တံတားဆောက်လုပ်ရန် ၂၀၁၄ ခုနှစ်၊ ဩဂုတ် လ ၁၃ ရက်က စတင် ပန္နက်ရိုက်နေသည့် ဆောက်လုပ်ရေးအလုပ်သမားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
လူမှုဖူလုံရေးဥပဒေသစ်အရ လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက် ပေးသွင်းထားသည့် အလုပ်သမားများ အတွက် အိမ်ရာတည်ဆောက်ပြီး လုပ်ခလစာထဲမှာ ၂၅ ရာခိုင်နှုန်း ဆက်လက်ပေးသွင်းလျှင် အိမ်ပေါ် တက် နေထိုင်နိုင်သည့် စီမံကိန်းမှာ လက်ရှိတွင် ဆောင်ရွက်နိုင်မည်မဟုတ်သေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ၎င်း၏ရုံးခန်း၌ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“အလုပ်သမားတွေ ပေးနိုင်မလားဆိုတာ စဉ်းစားနေပါတယ်။ သူရတဲ့ လစာထဲက ၂၅ ရာခိုင်နှုန်း သွင်းရမှာဆိုတော့ သူ့မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေပါ့မလားဆိုတာလည်း ရှိသေးတယ်”ဟု ဒုတိယ၀န်ကြီးက ပြောသည်။

ဥပဒေသစ်အရ ၁၅ နှစ်အထက် လူမှုဖူလုံရေးကြေးသွင်းထားသူများသာ ၀ယ်ယူခွင့်ရရှိမည်ဖြစ်ပြီး၊ လက်ရှိတွင် လုပ်သက် ၂၄ နှစ်အထိ ပေးသွင်းထားသူများလည်း ရှိသည်။

အလုပ်သမားက ၂၅ ရာခိုင်နှုန်းသွင်းရမည်ဟုဆိုသော်လည်း အလုပ်ရှင်ဘက်ကလည်း အလုပ်သမားလစာ ၏ ၁၂ ရာခိုင် နှုန်းကို ပေးသွင်းရမည်ဖြစ်သည်။

“၃၇ ရာခိုင်နှုန်းသွင်းပြီးပြီဆိုတာနဲ့ အိမ်ပေါ်တက်နေနိုင်တယ်။ ဆောက်တာတော့ ဆောက်မယ်။ လာမယ့် တစ်နှစ်ကျော်လောက်မှ ဖြစ်မလားဆိုတာ မပြောနိုင်သေးဘူး။ ဥပဒေအရ ဒုတိယအဆင့်မှ စတင်ဆောင် ရွက် ရမှာဖြစ်တယ်”ဟု ဒု-၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ဆက်ပြောသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် ဆောက်လုပ်ရန် မြေနေရာများ မရှိသေးသကဲ့သို့ ဘဏ္ဍာငွေလည်း အလုံအလောက် မရှိသေးပေ။

ဥပဒေသစ်စတင်ကျင့်သုံးပြီးချိန် လူမှုဖူလုံကြေးကောက်ခံရရှိမှု အခြေအနေမှာပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် တစ်လလျှင်ကျပ်သန်း ၇၅၀ သာရရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် သုံး ဆကျော် မြင့်တက်လာကာ တစ်လလျှင်ကျပ်သန်း ၂,၅၂၀ အထိ တိုးမြှင့်ကောက်ခံရရှိခဲ့သည်။

လူမှုဖူလုံရေးကြေး ၁၅ နှစ်အထက်ပေးသွင်းထားသည့် အလုပ်သမားအရေအတွက်ကို အတိအကျပြော ဆိုနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အင်အား ၃၇ သန်းအထိရှိကာ အလုပ် လက်မဲ့မှာ ၁၀ သန်းရှိသည်ဟု အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံမှ သိရသည်။

လူမှုဖူလုံရေးဥပဒေသစ်ကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပြီး လက်ရှိတွင် နည်းဥပဒေများအပါအ၀င် အသက်ဝင်လာသည်မှာ လေးလသာရှိသေးသည်။ ဥပဒေသစ်မှာ ၁၉၅၈ ခုနှစ် ဥပဒေကို ပြင် ဆင်ခဲ့ခြင်းဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment