Thursday 14 August 2014

လုံခြုံရေး အဖွဲ့ဝင်များကို အသက်အန္တရာယ်ပြုပါက ပစ်မိန့်ပေးထားသည်ဟူသောသတင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ငြင်းဆို

ဝန်ကြီးချုပ်သစ်လက် ထက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များကို အသက်အန္တရာယ်ပြုလုပ် ရန် ကြံစည်လာပါက အထက်အ မိန့်စောင့်ဆိုင်းရန် မလိုဘဲ တရား ၀င် ပစ်မိန့်ပေးထားပြီးဖြစ်ကြောင်း ဆိုသည့်သတင်းမှာ မှန်ကန်မှု မရှိ ဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပြောကြားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အသစ်လက်ထက်တွင် ဒုက္ခသည် စခန်းအချို့၌ တာဝန်ထမ်းဆောင် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသက်အန္တရာယ်ပြုရန် ကြံစည်လာပါက အထက်အမိန့် စောင့်ဆိုင်းစရာ မလိုဘဲ တရားဝင် ပစ်မိန့်ပေးထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်   ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး    စောမြင့် က    ပြော ကြား သည် ဟု ပြည်တွင်းသတင်းစာနှင့် အင်တာနက်သတင်းအချို့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုးကား၍ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး ၌    ဒုရဲမှူးစော မြင့်မရှိဘဲ စစ်တွေမြို့မရဲစခန်းမှူး  ဒုရဲမှူးစောမြင့်သာ ရှိကြောင်းနှင့် ၎င်းထံသို့လည်း အဆိုပါ သတင်း နှင့်ပတ်သက်၍ ဆက်သွယ်မေး မြန်းမှုများမရှိခဲ့ခြင်းကြောင့် မှန် ကန်မှု မရှိေ ကြာင်း ဖော်ပြထား သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀င်တစ်ဦးက ၀န်ကြီးချုပ်အနေ ဖြင့် ပစ်မိန့်ပေးထားသည်မှာ မ ဟုတ်နိုင်ဘဲ ဥပဒေနှင့်ဆောင်ရွက် ရန် မှာကြားခြင်းသာဖြစ်ကြောင်း ပြောသည်။

‘‘လုံခြုံရေးတာဝန်ယူတဲ့ ရဲ၊   တပ်၊   လုံထိန်းရဲဘော်တစ် ယောက်ကို လူအုပ်စုနဲ့ လူတစ်ဦး နဲ့   အကြမ်းဖက် မယ်ဆိုရင်  အ ကြမ်းဖက်ခံရသူက အကြမ်းဖက် ခံရဖို့    စိုးရိမ်လောက်တဲ့အနေအ ထားရှိတာနဲ့ ဥပဒေအရ လိုအပ် တဲ့အတိုင်းအတာအထိ ခုခံကာ ကွယ်ပိုင်ခွင့် ရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

သာမန်ပြည်သူများကဲ့သို့ ပင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေ ဖြင့်လည်း ဥပဒေနှင့်အညီ ခုခံ ကာကွယ်ရာတွင် အထက်ကို သ တင်းပို့ရန် မလိုအပ်ကြောင်း ၎င်း ကဆက်လက်ပြောသည်။

‘‘ပစ်မိန့်ပေးတယ်ဆိုတာ ပစ်ခတ်ဖို့ လိုအပ်တဲ့ကိစ္စတွေမှာ ထက်အရာရှိက ဆောင်ရွက်တာ ဖြစ်ပါတယ် ။ သေ နတ် ကိုင်ပြီး တာဝန်ထမ်းရတဲ့ လုံခြုံရေးဝန် ထမ်းကို တုတ်နဲ့ရိုက်မယ်၊ သေ နတ်လုဖို့ ကြိုးစားမယ် ဆိုရင် ထိ ထိရောက်ရောက် ခုခံတွန်းလှန်မှာ ပဲ။ ပစ်ဖို့လိုအပ်ရင် ပစ်မှာပေါ့’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

စစ်တွေမြို့ အနောက်ပိုင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများ၊ ကျေးရွာများတွင် တာဝန်ထမ်း ဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ ၀င်များကို ဘင်္ဂါလီလူမျိုးက လူစု လူဝေးဖြင့် တိုက်ခိုက်ခြင်းများ ယ မန်နှစ်အတွင်းမှစတင်၍ မကြာ ခဏ ဖြစ်ပွားခဲ့သည်။

7Day DAILY

No comments:

Post a Comment