Thursday 14 August 2014

MPC ဆွေးနွေးမှုမှ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက် အင်န်အယ်လ်ဒီက ၎င်းတို့သဘောထား မပါဝင်ဟုဆို

Photo: MPC ဆွေးနွေးမှုမှ နိုင်ငံရေးပါတီများ၏ ထုတ်ပြန်ချက် အင်န်အယ်လ်ဒီက ၎င်းတို့သဘောထား မပါဝင်ဟုဆို
Thursday, August 14, 2014

အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။

အင်န်အယ်လ်ဒီနှင့် ကြံ့ခိုင်ရေးပါတီတို့အပါအ၀င် နိုင်ငံရေးပါတီ ၆၆ ခုသည် ဦးအောင်မင်းအပါအ၀င် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် တိုက်တွန်းသည်ဟု သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး။ ဒီခေါင်းစဉ်အတွက် ဆွေးနွေးဖို့လာခဲ့တာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ပါဝင်ခြင်း မရှိဘူးလို့ ပြောတာပါ”ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

သဘောထားစာတမ်းထုတ်ပြန်စဉ် အင်န်အယ်လ်ဒီမှ ဦးဉဏ်ဝင်းမှာ ဆွေးနွေးပွဲအတွင်း ရှိနေခဲ့သော်လည်း စာတမ်းနှင့် ပတ်သက်၍ မဇ္ဈိမက သြဂုတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

အပစ်အမြန်ရပ်ရေး သဘောထားစာတမ်းကို “ကန့်ကွက်မည့်သူ၊ မပါဝင်မည့်သူ ရှိပါသလား”ဟု သုံးကြိမ် မေးမြန်းခဲ့ရာတွင်လည်း အင်န်အယ်ဒီက ပြောဆိုခဲ့ခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သည်ကို မဇ္ဈိမက တွေ့ရှိခဲ့သည်။

Mizzima - News in Burmese 

နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ၂ဝ၁၄ခုနှစ် သြဂုတ်လ ၁၁ရက် ပြုလုပ်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ၂ဝ၁၄ခုနှစ် သြဂုတ်လ ၁၁ရက် ပြုလုပ်ကျင်းပနေ စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် နိုင်ငံရေးပါတီများက သဘောထားထုတ်ပြန်ချက် ဆွေးနွေး စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီသည် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့သော်လည်း ထုတ်ပြန်ချက် ထွက်ရှိပြီး တစ်ရက်အကြာမှ ၎င်းတို့အဖွဲ့မှာ ပါဝင်ခဲ့ခြင်း မရှိဟု ထုတ်ပြန်လိုက်သည်။
အင်န်အယ်လ်ဒီနှင့် ကြံ့ခိုင်ရေးပါတီတို့အပါအ၀င် နိုင်ငံရေးပါတီ ၆၆ ခုသည် ဦးအောင်မင်းအပါအ၀င် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့ကြပြီး အပစ်ရပ်သဘောတူညီမှုကို အမြန်ချုပ်ဆိုနိုင်ရန် တိုက်တွန်းသည်ဟု သြဂုတ် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့က ကန့်ကွက်တာ မဟုတ်ဘူး။ ဒီခေါင်းစဉ်အတွက် ဆွေးနွေးဖို့လာခဲ့တာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ပါဝင်ခြင်း မရှိဘူးလို့ ပြောတာပါ”ဟု အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောသည်။

သဘောထားစာတမ်းထုတ်ပြန်စဉ် အင်န်အယ်လ်ဒီမှ ဦးဉဏ်ဝင်းမှာ ဆွေးနွေးပွဲအတွင်း ရှိနေခဲ့သော်လည်း စာတမ်းနှင့် ပတ်သက်၍ မဇ္ဈိမက သြဂုတ် ၁၃ ရက်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့ သည်။

အပစ်အမြန်ရပ်ရေး သဘောထားစာတမ်းကို “ကန့်ကွက်မည့်သူ၊ မပါဝင်မည့်သူ ရှိပါသလား”ဟု သုံးကြိမ် မေးမြန်းခဲ့ရာတွင်လည်း အင်န်အယ်ဒီက ပြောဆိုခဲ့ခြင်း မရှိဘဲ နှုတ်ဆိတ်နေခဲ့သည်ကို မဇ္ဈိမ က တွေ့ရှိ ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment