Thursday 14 August 2014

မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ

Photo: မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ ဂျပန် ကုမ္ပဏီ သုံးခုက ကြိုးစားနေ
Thursday, August 14, 2014

 မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံက ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေး ရင်းနှီးမြုပ်နှံတဲ့ အနေနဲ့ ဂျပန်ကုမ္ပဏီတွေက ဘဏ်ခွဲသုံးခုကို ဖွင့်နိုင်ဖို့ ပြီးခဲ့တဲ့လကတည်း မြန်မာအစိုးရဆီမှာ လိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။

လိုင်စင်ရဖို့ ကြိုးစားနေကြတဲ့ ဂျပန် ကုမ္ပဏီတွေကတော့ Bank of Tokyo-Mitsubishi UFJ၊ Sumitomo Mitsui Banking Corp. နဲ့ Mizuho Bank တို့ ဖြစ်ပါတယ်။

နိုင်ငံခြားက ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံဖို့နဲ့ ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့ မြန်မာအစိုးရက အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။

နိုင်ငံတကာနဲ့ အိမ်နီးခြင်းတွေကလည်း မြန်မာနိုင်ငံကို အာရှရဲ့ အနာဂတ် ဈေးကွက်ကောင်းနေရာ တခုအဖြစ်မြင်နေကြတဲ့အတွက် အခုဆိုရင် မြန်မာမှာ ဘဏ်ခွဲဖွင့်နိုင်ဖို့ လိုင်စင် လျှောက်ထားတဲ့ ဘဏ် ၂၅ ခု ရှိတယ်လို့လည်း သိရပါတယ်။

အဲဒီထဲက ဘဏ် ၁၀ ခုလောက်ကတော့ စက်တင်ဘာလ ကုန်ပိုင်းမှာ လိုင်စင်ရနိုင်ပြီး ဂျပန်ကုမ္ပဏီက ဘဏ်တွေလည်း ပါဝင်နိုင်တယ်လို့ စက်မှု စီးပွားရေး ကဏ္ဍ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ABC Radio Australia

မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတစ်ခု (Credit: Reuters)
မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတစ်ခု (Credit: Reuters)
မြန်မာနိုင်ငံမှာ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်နိုင်ဖို့အတွက် ​ဂျပန်နိုင်ငံက ​ကြိုးစားနေကြပါတယ်။ ​မြန်မာနိုင်ငံတွင်းမှာ ​စီးပွားရေး ​ရင်းနှီးမြုပ်နှံတဲ့ ​အနေနဲ့ ​ဂျပန်ကုမ္ပဏီတွေက ​ဘဏ်ခွဲသုံးခုကို ​ဖွင့်နိုင်ဖို့ ​ပြီးခဲ့တဲ့လ ကတည်း ​မြန်မာအစိုးရဆီမှာ ​လိုင်စင်လျှောက်ထားတာဖြစ်ပါတယ်။
လိုင်စင်ရဖို့ ​ကြိုးစားနေကြတဲ့ ​ဂျပန် ​ကုမ္ပဏီတွေကတော့ ​Bank ​of ​Tokyo-Mitsubishi ​UFJ၊ ​Sumitomo ​Mitsui ​Banking ​Corp. ​နဲ့ ​Mizuho ​Bank ​တို့ ​ဖြစ်ပါတယ်။

နိုင်ငံခြားက ​ဘဏ်တွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လာရောက် ​ရင်းနှီးမြုပ်နှံဖို့နဲ့ ​ဘဏ်ခွဲတွေ ​ဖွင့်လှစ်ဖို့ ​မြန်မာ အစိုးရက ​အကန့်အသတ်နဲ့ ​ခွင့်ပြုထားပါတယ်။

နိုင်ငံတကာနဲ့ ​အိမ်နီးခြင်းတွေကလည်း ​မြန်မာနိုင်ငံကို ​အာရှရဲ့ ​အနာဂတ် ​ဈေးကွက်ကောင်းနေရာ ​တခုအဖြစ်မြင်နေကြတဲ့အတွက် ​အခုဆိုရင် ​မြန်မာမှာ ​ဘဏ်ခွဲဖွင့်နိုင်ဖို့ ​လိုင်စင် ​လျှောက်ထားတဲ့ ​ဘဏ် ​၂၅ ​ခု ​ရှိတယ်လို့လည်း ​သိရပါတယ်။

အဲဒီထဲက ​ဘဏ် ​၁၀ ​ခုလောက်ကတော့ ​စက်တင်ဘာလ ​ကုန်ပိုင်းမှာ ​လိုင်စင်ရနိုင်ပြီး ​ဂျပန်ကုမ္ပဏီက ​ဘဏ်တွေလည်း ​ပါဝင်နိုင်တယ်လို့ ​စက်မှု ​စီးပွားရေး ​ကဏ္ဍ ​ကျွမ်းကျင်သူတွေက ​ယူဆနေကြပါတယ်။

ABC Radio Australia

No comments:

Post a Comment