Thursday 14 August 2014

ဟောင်ကောင်ကိုယ်ဝန်ဆောင်အမျိုးသမီး သစ်ပင်ပိ သေဆုံးသော်လည်း သန္ဓေသား အသက်ရှင်ခဲ့

ဟောင်ကောင်မှ မျိုးရိုးအမည်ကျန်ဟုပါသော အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး သည် သြဂုတ် ၁၄ ရက် ညနေ ၂ နာရီ မိနစ် ၃၀ ခန့် က လဲကျလာသည့် သစ်ပင်တစ်ပင်ပိမှုကြောင့် ဆေးရုံ အရောက်တွင် သေဆုံးသွားသော်လည်း ဆရာဝန်များက သန္ဓေသားအား အောင်မြင်စွာ မွေးဖွားပေးခဲ့နိုင် ကြောင်း သိရသည်။


တစ်စုံတစ်ဦးက သစ်ပင်ကို တွန်းလှဲလိုက်သကဲ့သို့ဖြစ်ကာ အဆိုပါ အမျိုးသမီးအပေါ်သို့ ပိသွားခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောခဲ့သည်။

“မိခင်ကတော့ သေဆုံးသွားပါပြီ။ ကလေးငယ်ကတော့  စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေး တာ ကြောင့် အရေးပေါ် ဌာနမှာ စောင့်ရှောက်ထားရပါတယ်” ဟု ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသမီးအား ပိနေသည့်သစ်ပင်ကို အနီးရှိလူများက ၀ိုင်းဝန်းဖယ်ရှားပေးခဲ့သော်လည်း အမျိုးသမီး သည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ သွားခြင်းဖြစ်ကြောင်း  သိရသည်။ 

Ref:AFP
Mizzima - News in Burmese 

No comments:

Post a Comment