Thursday 14 August 2014

လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်

Photo: လှိုင်သာယာလက်ဖက်ရည်ဆိုင်လူသတ်မှု လူငယ်သုံးဦးကို ရုံးထုတ်
Thursday, August 14, 2014

လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင်တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။

‘‘သားက ရမ်းရမ်းကားကား လူငယ်ထဲမှာမပါဘူး။ သူငယ်ချင်း တွေနဲ့တော့ အဲဒီလက်ဖက်ရည် ဆိုင်မှာ ညဘက်တွေထိုင်နေကျ ပါ။ လူငယ်သဘာဝတစ်ယောက် နဲ့တစ်ယောက် နောက်နောက် ပြောင်ပြောင်နေတတ်တာကို လူ စိမ်းတွေက မသိဘူး။ ဆူညံနေ တယ်ဆိုပြီး သားတို့သူငယ်ချင်း တွေကို ဆိုင်ရှင်နဲ့မောင်းထုတ်ခိုင်း တာ။ သားတို့က တောင်းပန်သေး တယ်။ အဲဒီလူက ခက်ရင်းနဲ့ စထိုးလို့ သားမျက်နှာက သွေးထွက်လာတာနဲ့ ဒေါသထွက်ပြီးကောက်ရတဲ့ဓားနဲ့ ထိုးလိုက်တာပါ’’ဟု ဓားဖြင့်ထိုးခဲ့သော လူငယ်၏ မိခင်က ခုခံပြောဆိုသည်။

 ဇူလိုင် ၁၈ ရက်တွင် ပြစ်မှု ကျူးလွန်သူငါးဦးကို မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ ရာ ပြစ်မှုကျူးလွန်သူ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်အရွယ် လူ ငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးမှ ကလေးသူငယ်ပြစ်မှု ဖြင့် စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်သည်။

‘‘ဥပဒေအကြံတောင်းတင်ပြီးရုံးထုတ်စစ်ဆေးနေတာ။ နောက်တစ်ချိန်းကိုတော့ ဩဂုတ် ၂၀ ရက်ပြန်ချိန်းလိုက်တယ်’’ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရုံးထုတ်ချိန် ဩဂုတ် ၁၃ ရက် နံနက်ကတည်းက လူသတ်မှု ၃၀၂၊ နာကျင်စေမှု ၃၂၃ နှင့်အားပေးကူညီမှု ၁၁၄ ပုဒ်မများဖြင့်  တရားရင်ဆိုင်နေရသော လူငယ်သုံးဦး၏ မိသားစုဝင်များ မှာ အင်းစိန်မြို့နယ်၊ မြောက်ပိုင်း ခရိုင် အချုပ်ခန်းဘေးတွင် စောင့် ဆိုင်းနေခဲ့ကြသည်။

7Day DAILY 

လူသတ်မှု ကျူးလွန်သူများကို သြဂုတ် ၁၃ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - သန်းဌေး)
လူသတ်မှု ကျူးလွန်သူများကို သြဂုတ် ၁၃ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - သန်းဌေး)
လှိုင်သာယာလက်ဖက် ရည်ဆိုင်ထဲ၌ လူသတ်မှုကျူးလွန် ခဲ့သော လူငယ်သုံးဦးကို မြောက် ပိုင်းခရိုင် တရားရုံး ဩဂုတ် ၁၃ ရက် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၉ ရက်ညတွင် လှိုင် သာယာမြို့နယ်၊ အမှတ်(၁၉)ရပ် ကွက်၊ ဗိုလ်အောင်ကျော်လမ်း ပေါ်ရှိ  လက်ဖက်ရည်ဆိုင်တစ် ဆိုင်၌ စားသုံးသူချင်းခိုက်ရန် ဖြစ်ပွားရာမှ  လူသတ်မှုကျူးလွန်ခဲ့ သော လူငယ်ငါးဦးထဲမှ သုံးဦးကို အင်းစိန်မြို့နယ်၊  မြောက်ပိုင်းခရိုင်တရားရုံးတွင် ဩဂုတ် ၁၃ ရက်ညနေက ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တွေ့ရှိရသည်။


‘‘သားက ရမ်းရမ်းကားကား လူငယ်ထဲမှာမပါဘူး။ သူငယ်ချင်း တွေနဲ့တော့ အဲဒီလက်ဖက်ရည် ဆိုင်မှာ ညဘက်တွေထိုင်နေကျ ပါ။ လူငယ်သဘာဝတစ်ယောက် နဲ့တစ်ယောက် နောက်နောက် ပြောင်ပြောင်နေ တတ်တာကို လူစိမ်းတွေကမသိဘူး။ ဆူညံနေတယ်ဆိုပြီး သားတို့သူငယ်ချင်း တွေကို ဆိုင်ရှင် နဲ့မောင်းထုတ်ခိုင်းတာ။ သားတို့က တောင်းပန်သေးတယ်။ အဲဒီလူက ခက်ရင်းနဲ့ စထိုးလို့ သားမျက်နှာ က သွေးထွက်လာတာနဲ့ ဒေါသထွက်ပြီးကောက်ရတဲ့ဓားနဲ့ ထိုးလိုက်တာပါ’’ဟု ဓားဖြင့်ထိုးခဲ့သော လူငယ်၏ မိခင်က ခုခံပြောဆိုသည်။

 ဇူလိုင် ၁၈ ရက်တွင် ပြစ်မှု ကျူးလွန်သူငါးဦးကို မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ ရာ ပြစ်မှု ကျူးလွန်သူ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်အရွယ် လူ ငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးမှ ကလေးသူငယ်ပြစ်မှု ဖြင့် စစ်ဆေးနေကြောင်း သတင်း ထုတ်ပြန်သည်။

‘‘ဥပဒေအကြံတောင်းတင်ပြီးရုံးထုတ်စစ်ဆေးနေတာ။ နောက်တစ်ချိန်းကိုတော့ ဩဂုတ် ၂၀ ရက်ပြန်ချိန်း လိုက်တယ်’’ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ရုံးထုတ်ချိန် ဩဂုတ် ၁၃ ရက် နံနက်ကတည်းက လူသတ်မှု ၃၀၂၊ နာကျင်စေမှု ၃၂၃ နှင့်အားပေးကူညီမှု ၁၁၄ ပုဒ်မများဖြင့်  တရားရင်ဆိုင်နေရသော လူငယ်သုံးဦး၏ မိသားစုဝင်များ မှာ အင်းစိန်မြို့န ယ်၊ မြောက်ပိုင်း ခရိုင် အချုပ်ခန်းဘေးတွင် စောင့် ဆိုင်းနေခဲ့ကြသည်။

7Day DAILY

No comments:

Post a Comment