Thursday 14 August 2014

မြို့တော်မနီလာတွင် မြေအောက်ရထား လမ်းချော်

Photo: မြို့တော်မနီလာတွင် မြေအောက်ရထား လမ်းချော်
Thursday, August 14, 2014

ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ မြေအောက်ရထားတစင်း ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က လမ်းချော်ပြီး ခြံစည်းရိုးကို ၀င်တိုက်မိခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရ တယ်လို့ ရဲနဲ့ သယ်ယူပို့ဆောင်ရေးအရာရှိတွေက ပြောပါတယ်။

ရထားစီးခရီးသည်တွေနဲ့ အနားက ဖြတ်သွားဖြတ်လာ လူတွေကို အပျက်အစီးတွေ ထိမှန်ခဲ့လို့ လူ ၃၄ ယောက် ဒဏ်ရာရခဲ့ပြီး အသေးစား စုတ်ပြဲဒဏ်ရာရသူတွေကိုတော့ ဆေးရုံမှာ ကုသပေးခဲ့တာပါ။
ရထားဌာန ပြောခွင့်ရကတော့ ရထားတွဲ ၂ ခုကြားက အဆက်နေရာက ကျိုးပဲ့သွားပြီး ရထားတွဲတခုက ရထားသံလမ်းကနေ ပြုတ်ထွက်သွားခဲ့ချိန်မှာ ရထားလမ်းချော်ခဲ့တာလို့ ပြောပါတယ်။

သံဘီးတွေ အားလုံး လမ်းချော်သွားခဲ့တယ်လို့ ဖိလစ်ပိုင်အမျိုးသားရဲချုပ် ဖလိုရန်စီယို အော်တေးလ်လာက ပြောပါတယ်။

မြေအောက်ရထားစနစ်ဟာ မနီလာရဲ့ အမြန်ရထားလိုင်း ၃ ခုထဲက တခုပါ။ နေ့စဉ် ခရီးသည် ၅ သိန်းလောက်ကို သယ်ယူပို့ဆောင်ဖို့ မလုံမလောက် ဖြစ်နေတယ်လို့လည်း ဝေဖန် ခံနေရပါတယ်။

အရင်နှစ်တွေကလည်း ရထားလမ်းစနစ်တွေမှာ နည်းပညာဆိုင်ရာ ယာယီချို့ယွင်းမှုတွေ အတော်များများ ဖြစ်ခဲ့လို့ ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြင့်နေပါတယ်။

ဒီဗွီဘီ
ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာမှာ မြေအောက်ရထားတစင်း ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက်နေ့က လမ်းချော် ပြီး ခြံစည်းရိုးကို ၀င်တိုက်မိခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာရ တယ်လို့ ရဲနဲ့ သယ်ယူပို့ဆောင်ရေး အရာရှိတွေက ပြောပါတယ်။
ရထားစီးခရီးသည်တွေနဲ့ အနားက ဖြတ်သွားဖြတ်လာ လူတွေကို အပျက်အစီးတွေ ထိမှန်ခဲ့လို့ လူ ၃၄ ယောက် ဒဏ်ရာရခဲ့ပြီး အသေးစား စုတ်ပြဲဒဏ်ရာရသူတွေကိုတော့ ဆေးရုံမှာ ကုသပေးခဲ့တာပါ။ ရထားဌာန ပြောခွင့်ရကတော့ ရထားတွဲ ၂ ခုကြားက အဆက်နေရာက ကျိုးပဲ့သွားပြီး ရထားတွဲတခုက ရထားသံလမ်း ကနေ ပြုတ်ထွက်သွားခဲ့ချိန်မှာ ရထားလမ်းချော်ခဲ့တာလို့ ပြောပါတယ်။

သံဘီးတွေ အားလုံး လမ်းချော်သွားခဲ့တယ်လို့ ဖိလစ်ပိုင်အမျိုးသားရဲချုပ် ဖလိုရန်စီယို အော်တေးလ် လာက ပြောပါတယ်။

မြေအောက်ရထားစနစ်ဟာ မနီလာရဲ့ အမြန်ရထားလိုင်း ၃ ခုထဲက တခုပါ။ နေ့စဉ် ခရီးသည် ၅ သိန်းလောက် ကို သယ်ယူပို့ဆောင်ဖို့ မလုံမလောက် ဖြစ်နေတယ်လို့လည်း ဝေဖန် ခံနေရပါတယ်။

အရင်နှစ်တွေကလည်း ရထားလမ်းစနစ်တွေမှာ နည်းပညာဆိုင်ရာ ယာယီချို့ယွင်းမှုတွေ အတော်များ များ ဖြစ် ခဲ့ လို့ ပြုပြင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ တိုးမြင့်နေပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment