Thursday 14 August 2014

အီဘိုလာသံသယလူနာတွေ့ပါက ကုသနိုင်ရန် ကန်တော်နဒီဆေးရုံတွင် စီစဉ်ထား

အီဘိုလာရောဂါရှိ သည့် သံသယလူနာတွေ့ရှိပါက မန္တလေးမြို့ရှိ ကန်တော်နဒီဆေး ရုံသို့ တင်ပို့ ကုသနို င်ရေး စီစဉ် ထားကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အီဘိုလာရောဂါပိုး  ၀င် ရောက်မှုမရှိစေရန်  နိုင်ငံခြား သားများ   ၀င်ထွက်မှု များသည့် တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရောဂါထောက် လှမ်းစောင့်ကြည့်မှုများ ပြု လုပ် နေသော် လည်း သံသယရှိသည့် လူနာများ ၀င်ရောက်လာပါက ကန်တော်နဒီဆေးရုံသို့ အဆင် သင့်တက်ရောက် ကုသနိုင်ရန် ပြု လုပ်ထားကြောင်း မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဒေါက်တာမျိုးသန့် ခိုင်ကပြောသည်။

‘‘အခုထိ အီဘိုလာက ကုဖို့ ဆေးမရှိသေးဘူး။ သံသယလူနာ စောင့်ကြပ်ကြည့်ရှုဖို့ ကန်တော်နဒီမှာ ကုပေး ဖို့ စီစဉ်ထားတယ်’’ ဟု ဒေါက်တာမျိုးသန့်ခိုင်ကပြော သည်။

ထို့အပြင် မန္တလေးမြို့ရှိ ဆေးရုံကြီးများတွင် အီဘိုလာရောဂါပိုး ကာကွယ်ရေးလုပ်ငန်းများ  လုပ်ဆောင်နေပြီး ကျန်းမာရေးပညာ ရှင်များအားလုံးကိုလည်း  ယင်းရောဂါပိုးနှင့် ရင်းနှီးကျွမ်းဝင်စေ ရန် ပညာပေးမှုများ ပြုလုပ် ထား ပြီးဖြစ်ကြောင်း  ၎င်းကပြောသည်။

ယခင်ကနိုင်ငံတကာတွင် ဆားရောဂါ၊ ကြက်ငှက်တုပ်ကွေး ရောဂါများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားစဉ် ကာလ ကလည်း   အဆိုပါရောဂါပိုးများ   ကူးစက်ခံရ သည်ဟု သံသယရှိသူများကို မန္တလေး အထွေေ ထွရော ဂါ ကုဆေးရုံကြီးလက်အောက်ရှိ ကန်တော်နဒီဆေးရုံသို့ပင် တင်ပို့ကုသနိုင်ရန်စီစဉ်ပေးခဲ့ဖူးကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး မှ ဆေးလူမှုဆက်ဆံရေးအရာ  ရှိဦးမင်းလွင်က ပြောသည်။

ကန်တော်နဒီဆေးရုံကြီး တွင် လက်ရှိအချိန်၌ တက်ရောက် ကုသနေသည့် လူနာတစ်ဦးမှမရှိဘဲ ကူးစက်ရောဂါ များအတွက် သာ သီးသန့်ထားသည့် ဆေးရုံတစ်ရုံ ဖြစ်သည်ဟု မန္တလေးတိုင်းဒေသ ကြီး ကျန်းမာရေးဦးစီးဌာနမှ သိ ရသည်။

7Day DAILY

No comments:

Post a Comment