Thursday 14 August 2014

ဓမ္မစေတီခေါင်းလောင်းပေါ်မှ သင်္ဘောပျက်ကိုတွေ့ရှိသည်မှာ မမှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့် နေရာအနီးတစ်ဝိုက် လက်ရှိရှာဖွေနေဆဲဖြစ်

Photo: ဓမ္မစေတီခေါင်းလောင်းပေါ်မှ သင်္ဘောပျက်ကိုတွေ့ရှိသည်မှာ မမှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့် နေရာအနီးတစ်ဝိုက် လက်ရှိရှာဖွေနေဆဲဖြစ်
Thursday,  August 14, 2014

နှစ်ပေါင်း ၄၀၀ ကျော် ရေအောက်တွင်နစ်မြုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်တစ်စီးအားတွေ့ပြီဟုဆိုသည်မှာ မဟုတ်မှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့်အနီးတစ်ဝိုက်တွင် ရှာဖွေနေဆဲဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှဦးဝင်းမြင့်က သြဂုတ် ၁၃ရက် ညနေပိုင်းတွင် The Daily Eleven သို့ပြောကြားခဲ့သည်။
    
ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ရှာဖွေရာတွင် ခေါင်းလောင်းကြီးအပေါ်ရှိ သင်္ဘောပျက်အားတွေ့ရှိပြီး နှုန်းများ စတင်ဖယ်ရှားနေပြီဟု ပြည်တွင်းထုတ် သတင်းစာဂျာနယ်အချို့တွင် ဖော်ပြခဲ့ကြသည်။
    
ယင်းခေါင်းလောင်းကြီးနစ်မြုပ်နေသည်ဟုယူဆရသည့် မြစ်ကြမ်းပြင်တစ်ဝိုက်တွင် သင်္ဘောပျက်များစွာတွေ့ရှိရကြောင်း ဦးဝင်းမြင့်က သြဂုတ် ၁၃ ရက်က ပြောကြားသည်။
    
ဦးဝင်းမြင့်က "ဒီနေ့အထိ ခေါင်းလောင်းရှာဖွေမှုက အခက်အခဲမရှိသေးပါဘူး။ အေးအေးချမ်းချမ်းပါပဲ။ ခေါင်းလောင်းပေါ်က သင်္ဘောပျက်ကြီးတွေ့တယ်ဆိုတာက သင်္ဘောပျက်တွေက မြစ်ကြမ်းပြင်မှာ အများကြီးပါပဲ။ အရင်အခေါက်တွေရှာတုန်းကလည်း တွေ့ပါတယ်။ ဒီနေ့ရှာဖွေရေးလုပ်တဲ့သင်္ဘောတွေကိုတော့ နေရာရွှေ့ထားပါတယ်။ မြစ်ကြမ်းပြင်က သဲတွေစုပ်ထုတ်တာတော့ ဒီနေ့မလုပ်သေးပါဘူး" ဟု ပြောကြားခဲ့သည်။
    
သို့ရာတွင်ခေါင်းလောင်းကြီးတွေ့ရှိခြင်း မတွေ့ရှိခြင်းနှင့်ပတ်သက်၍ ၎င်းက အတိအကျပြောကြားခြင်းမရှိသေးဘဲ မကြာမီသိရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
    
"ခေါင်းလောင်းကိုတွေ့ပြီလား မတွေ့သေးဘူးလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် အခုဘာမှမပြောနိုင်သေးပါဘူး။ မကြာခင် အားလုံးသိကြရမှာပါ။ ဒီလောက်ဆိုသဘောပေါက်ကြမှာပါ" ဟု သြဂုတ် ၁၃ ရက်က ပြောကြားသည်။
    
ခေါင်းလောင်းကြီးရှာဖွေမှုကို စိတ်ဝင်စားစောင့်ကြည့်နေသည့် တာမွေမြို့နယ်နေ ဦးကျော်စိန်က "ခေါင်းလောင်းကြီးကိုပြန်ဆယ်မယ့်အသံကြားကတည်းက ကျွန်တော်စိတ်ဝင်စားနေတာ။ သတင်းစာတွေဂျာနယ်တွေမှာလည်း အဲ့ဒီခေါင်းလောင်းသတင်းကို စောင့်ပြီးဖတ်ဖြစ်ပါတယ်။ ဂျာနယ်တစ်စောင်မှာရေးထားတာက ခေါင်းလောင်းကြီးပေါ်မှာရှိတဲ့ သင်္ဘောပျက်ကြီးကိုတွေ့ပြီလို့ ရေးထားတော့ ခေါင်းလောင်းကိုတွေ့တဲ့သဘောဖြစ်နေတယ်။ ဒီတော့ပိုစိတ်ဝင်စားသွားတယ်။ လူကိုယ်တိုင်လည်း နှစ်ခေါက်သွားကြည့်ပြီးပါပြီ။ ဒီခေါင်းလောင်းကြီးအကြောင်းကို စာတွေထဲမှာပဲဖတ်ဖူးတော့ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျမြင်ဖူးချင်တယ်" ဟုဆိုသည်။
    
ဓမ္မစေတီခေါင်းလောင်းကြီးမှာ အလေးချိန် ပိဿာ ၁ ၈၀၀၀၀၊ တန်ချိန် ၂၉၀ ကျော်ရှိပြီး ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ကာ ရွှေတိဂုံစေတီအရှေ့မြောက်ထောင့်၌ ၁၂၃ နှစ်တိုင်တိုင် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရသိရှိရကာ အလေးချိန်နှင့်ပတ်သက်ပြီး လေ့လာသူပညာရှင်များအကြား ကွဲလွဲမှုများရှိနေသည်။
    
အဆိုပါဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိဆယ်ယူရရှိခဲ့ပါက ကမ္ဘာပေါ်တွင် အကြီးဆုံးခေါင်းလောင်းဖြစ်နိုင်ဖွယ်ရှိပြီး လက်ရှိကမ္ဘာ့အကြီးဆုံးခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်သော တန်ချိန် ၂၀၀ ကျော်ရှိသည့် ဇာကိုလိုကောခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။  

Eleven Media Group 

မြစ်ထဲရှိ ခေါင်းလောင်းကြီးအား ရှာဖွေနေသည့် သင်္ဘောကြီးကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
မြစ်ထဲရှိ ခေါင်းလောင်းကြီးအား ရှာဖွေနေသည့် သင်္ဘောကြီးကို သြဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
နှစ်ပေါင်း ၄၀၀ ကျော် ရေအောက်တွင်နစ်မြုပ်နေသည့် ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်တစ်စီး အားတွေ့ ပြီဟုဆိုသည်မှာ မဟုတ်မှန်ဘဲ ခေါင်းလောင်းနစ်မြုပ်နေသည်ဟုယူဆရသည့်အနီးတစ်ဝိုက်တွင် ရှာဖွေနေဆဲဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးအဖွဲ့မှဦးဝင်းမြင့်က သြဂုတ် ၁၃ရက် ညနေပိုင်းတွင် The Daily Eleven သို့ပြောကြားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစတင်ကာ ရှာဖွေမှုများပြုလုပ်နေခြင်းဖြစ်ပြီး ယင်းသို့ရှာဖွေ ရာတွင် ခေါင်းလောင်းကြီးအပေါ်ရှိ သင်္ဘောပျက်အားတွေ့ရှိပြီး နှုန်းများ စတင်ဖယ်ရှားနေပြီဟု ပြည်တွင်း ထုတ် သတင်းစာဂျာနယ်အချို့တွင် ဖော်ပြခဲ့ကြသည်။
   
ယင်းခေါင်းလောင်းကြီးနစ်မြုပ်နေသည်ဟုယူဆရသည့် မြစ်ကြမ်းပြင်တစ်ဝိုက်တွင် သင်္ဘောပျက်များစွာတွေ့ ရှိ ရကြောင်း ဦးဝင်းမြင့်က သြဂုတ် ၁၃ ရက်က ပြောကြားသည်။
   
ဦးဝင်းမြင့်က "ဒီနေ့အထိ ခေါင်းလောင်းရှာဖွေမှုက အခက်အခဲမရှိသေးပါဘူး။ အေးအေးချမ်းချမ်း ပါပဲ။ ခေါင်းလောင်းပေါ်က သင်္ဘောပျက်ကြီးတွေ့တယ်ဆိုတာက သင်္ဘောပျက်တွေက မြစ်ကြမ်းပြင်မှာ အများကြီးပါပဲ။ အရင်အခေါက်တွေရှာတုန်းကလည်း တွေ့ပါတယ်။ ဒီနေ့ရှာဖွေရေးလုပ်တဲ့ သင်္ဘောတွေ ကိုတော့ နေရာရွှေ့ထားပါတယ်။ မြစ်ကြမ်းပြင်က သဲတွေစုပ်ထုတ်တာတော့ ဒီနေ့မလုပ်သေးပါဘူး" ဟု ပြော ကြားခဲ့သည်။
   
သို့ရာတွင်ခေါင်းလောင်းကြီးတွေ့ရှိခြင်း မတွေ့ရှိခြင်းနှင့်ပတ်သက်၍ ၎င်းက အတိအကျပြောကြားခြင်း မရှိသေး ဘဲ မကြာမီသိရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
   
"ခေါင်းလောင်းကိုတွေ့ပြီလား မတွေ့သေးဘူးလားဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော် အခုဘာမှမပြောနို င်သေး ပါဘူး။ မကြာခင် အားလုံးသိကြရမှာပါ။ ဒီလောက်ဆိုသဘောပေါက်ကြမှာပါ" ဟု သြဂုတ် ၁၃ ရက် က ပြောကြားသည်။
   
ခေါင်းလောင်းကြီးရှာဖွေမှုကို စိတ်ဝင်စားစောင့်ကြည့်နေသည့် တာမွေမြို့နယ်နေ ဦးကျော်စိန်က "ခေါင်းလောင်းကြီးကိုပြန် ဆယ်မယ့်အသံကြားကတည်းက ကျွန်တော်စိတ်ဝင်စားနေတာ။ သတင်းစာတွေ ဂျာနယ်တွေ မှာလည်း အဲ့ဒီခေါင်းလောင်းသတင်းကို စောင့်ပြီးဖတ်ဖြစ်ပါတယ်။ ဂျာနယ်တစ်စောင်မှာရေး ထားတာက ခေါင်းလောင်းကြီးပေါ်မှာရှိတဲ့ သင်္ဘောပျက်ကြီးကိုတွေ့ပြီလို့ ရေး ထားတော့ ခေါင်းလောင်း ကိုတွေ့တဲ့သဘောဖြစ်နေတယ်။ ဒီတော့ပိုစိတ်ဝင်စားသွားတယ်။ လူကိုယ်တိုင်လည်း နှစ်ခေါက် သွားကြည့်ပြီးပါပြီ။ ဒီခေါင်းလောင်းကြီးအကြောင်းကို စာတွေထဲမှာပဲဖတ်ဖူးတော့ အပြင်မှာ ကိုယ်တိုင် ကိုယ်ကျမြင်ဖူးချင်တယ်" ဟုဆိုသည်။
   
ဓမ္မစေတီခေါင်းလောင်းကြီးမှာ အလေးချိန် ပိဿာ ၁ ၈၀၀၀၀၊ တန်ချိန် ၂၉၀ ကျော်ရှိပြီး ခရစ်နှစ် ၁၄၈၅ ခုနှစ်က မွန်ရှင်ဘုရင် ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ကာ ရွှေတိဂုံစေတီအရှေ့မြောက်ထောင့်၌ ၁၂၃ နှစ်တိုင်တိုင် တည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရသိရှိရကာ အလေးချိန်နှင့်ပတ် သက် ပြီး လေ့ လာ သူပညာရှင်များအကြား ကွဲလွဲမှုများရှိနေသည်။
   
အဆိုပါဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိဆယ်ယူရရှိခဲ့ပါက ကမ္ဘာပေါ်တွင် အကြီး ဆုံးခေါ င်းလော င်းဖြစ်နိုင် ဖွယ်ရှိပြီး လက်ရှိကမ္ဘာ့အကြီးဆုံးခေါင်းလောင်းမှာ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်သော တန်ချိန် ၂၀၀ ကျော်ရှိသည့် ဇာကိုလိုကောခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment