Thursday 14 August 2014

စောငမန်းနှင့် တူးတူး ထိုးသတ်မည့် ချန်ပီယံစိန် ခေါ်ပွဲအား ပရိသတ် စိတ်ဝင်စား မှုနှုန်းမြင့်မားနေ

Photo: စောငမန်းနှင့် တူးတူး ထိုးသတ်မည့် ချန်ပီယံစိန် ခေါ်ပွဲအား ပရိသတ် စိတ်ဝင်စား မှုနှုန်းမြင့်မားနေ
Thursday, August 14, 2014

လာမည့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ၌ ပြုလုပ်မည့် မြန်မာပြည် ချန်ပီယံရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲအား ပရိသတ်စိတ် ၀င်စားမှုနှုန်း မြင့်တက်လျက်ရှိ ပြီးလက်ဝှေ့ပွဲ အထူးတန်း လက်မှတ်များ ကုန်သလောက် ရှိနေပြီဟု အဆိုပါလက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်မိုးက မဇ္ဈိမသို့ ပြောသည်။

မြန်မာပြည် ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းဖြစ်သည့် စောငမန်းနှင့် တူးတူးတို့ပွဲစဉ်တွင် စိန်ခေါ်သူတူးတူး အနိုင်ရရှိပါက မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့ ရရှိမည်ဖြစ်သလိုစောငမန်းအနေဖြင့်လည်း လက်ရှိချန်ပီယံဘွဲ့ကာကွယ်ရန် လိုအပ်နေသည့်အတွက် အဆိုပါ ချန်ပီယံလုပွဲအား ပရိသတ်စိတ်ဝင်စားမှု ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

လက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက “ အထူးတန်းလက်မှတ်ကုန်သလောက် နီးပါးဖြစ်နေပြီ။ ရိုးရိုးတန်းကပွဲနေ့ကျမှပဲ ရောင်းမှာပါ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ နှစ်သောင်းတန်းကကုန်သွားပြီ။ တစ်သောင်းခွဲ ခုံတောင် လေးပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ” ဟု ပြောသည်။ မြန်မာပြည် ချန်ပီယံ စိန်ခေါ်ပွဲကို T &T Group နှင့် NAING MOE ENTERTAINMENT တို့မှ စီစဉ်ပြီး Victory MyanmarGroup မှ ငွေကျပ် သိန်း ၂၀၀ ကျော် စပွန်ဆာပေးထားသည်။
 
ထို့ပြင်လက်ဝှေ့ပွဲသို့ အစောဆုံးလာရောက်မည့် ပရိသတ် ၆၀၀ အား စောငမန်းနှင့်တူးတူးတို့၏ ပုံများပါရှိသည့် အကျီလက်ဆောင် များ ပေးရန် စီစဉ်ထားသည်။

မြန်မာပြည် ချန်ပီယံရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ပါဝင်သည့် တွဲဆိုင်း ၈ဆိုင်းမှာ စောရွှကျော်(ရွှေဖူး)နှင့် စောလယ်ဖွယ်ထူး(T&T)၊ သားအသဲတစ်ပွင့် (စွမ်းကေကေ)နှင့်အားမာန်(T&T)၊ ရွှေဝါထွန်း(ရွှေ သောင်းရင်း)နှင့်လုံးချော(သတ္တိ)၊ဖိုးလပြည့်(ရွှေဖူး)နှင့် စောအယ်လေး(ထော့မဲပါ)၊ကျားပေါက်(ရွှေသောင်းရင်း)နှင့် ရဲတံခွန် (အလင်းရောင်)၊ရဲရင့်အောင်(နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲပါ)၊ထွန်းထွန်း(၀ါဆို)နှင့် စောဂေါ်မူတို(သတ္တိ)၊ စောငမန်း (ရွှေဖူး)နှင့်တူးတူး (နဂါးမာန်) တို့ ထိုးသတ်ကြမည်ဖြစ်သည်။

Mizzima - News in Burmese
လာမည့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၂း၀၀ နာရီတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ ၁ သုဝဏ၌ ပြုလုပ်မည့် မြန်မာပြည် ချန်ပီယံရိုးရာ လက်ဝှေ့စိန်ခေါ် ပွဲအား ပရိသတ်စိတ် ၀င်စားမှုနှုန်း မြင့်တက်လျက်ရှိ ပြီးလက်ဝှေ့ပွဲ အထူးတန်း လက်မှတ်များ ကုန်သလောက် ရှိနေပြီဟု အဆိုပါလက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ် သည့် ဦးအောင်နိုင်မိုး က မဇ္ဈိမသို့ ပြောသည်။

မြန်မာပြည် ချန်ပီယံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းဖြစ်သည့် စောငမန်းနှင့် တူးတူးတို့ပွဲစဉ်တွင် စိန်ခေါ်သူတူးတူး အနိုင်ရရှိပါက မြန်မာပြည် အလွတ်တန်း ချန်ပီယံဘွဲ့ ရရှိမည်ဖြစ်သလိုစောငမန်း အနေဖြင့် လည်း လက်ရှိချန်ပီယံဘွဲ့ကာကွယ်ရန် လိုအပ်နေသည့်အတွက် အဆိုပါ ချန်ပီယံလုပွဲအား ပရိသတ် စိတ်ဝင် စားမှု ပိုမိုမြင့်မားနေခြင်းဖြစ်သည်။

လက်ဝှေ့ပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက “ အထူးတန်းလက်မှတ်ကုန်သလောက် နီးပါးဖြစ် နေပြီ။ ရိုးရိုးတန်းကပွဲနေ့ကျမှပဲ ရောင်းမှာပါ။ တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ နှစ်သောင်းတန်းကကုန်သွားပြီ။ တစ်သောင်းခွဲ ခုံတောင် လေးပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ” ဟု ပြောသည်။ မြန်မာပြည် ချန်ပီယံ စိန်ခေါ်ပွဲကို T &T Group နှင့် NAING MOE ENTERTAINMENT တို့မှ စီစဉ်ပြီး Victory MyanmarGroup မှ ငွေကျပ် သိန်း ၂၀၀ ကျော် စပွန်ဆာပေးထားသည်။

ထို့ပြင်လက်ဝှေ့ပွဲသို့ အစောဆုံးလာရောက်မည့် ပရိသတ် ၆၀၀ အား စောငမန်းနှင့်တူးတူးတို့၏ ပုံများပါရှိသည့် အကျီလက်ဆောင် များ ပေးရန် စီစဉ်ထားသည်။

မြန်မာပြည် ချန်ပီယံရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ပါဝင်သည့် တွဲဆိုင်း ၈ဆိုင်းမှာ စောရွှကျော်(ရွှေဖူး)နှင့် စောလယ်ဖွယ်ထူး(T&T)၊ သားအသဲတစ်ပွင့် (စွမ်းကေကေ)နှင့်အားမာန်(T&T)၊ ရွှေဝါထွန်း(ရွှေ သောင်းရင်း)နှင့်လုံးချော(သတ္တိ)၊ဖိုးလပြည့်(ရွှေဖူး)နှင့် စောအယ်လေး(ထော့မဲပါ)၊ကျားပေါက်(ရွှေသောင်းရင်း)နှင့် ရဲတံခွန် (အလင်းရောင်)၊ရဲရင့်အောင်(နဂါးမာန်)နှင့် စောဂပရေမှူး(ထော့မဲပါ)၊ထွန်းထွန်း(၀ါဆို)နှင့် စောဂေါ်မူတို(သတ္တိ)၊ စောငမန်း (ရွှေဖူး)နှင့်တူးတူး (နဂါးမာန်) တို့ ထိုးသတ်ကြမည်ဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment