Thursday 14 August 2014

ဘရာဇီး သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အက်ဒွာဒို ကမ်ပို့စ် လေယာဉ်ပျက်ကျမှုတွင် သေဆုံး


ဘရာဇီး သမ္မတလောင်း အက်ဒွါဒို ကမ်ပို့စ်သည် ဗုဒ္ဓဟူးနေ့ က လေယာဉ် ပျက်ကျမှုတစ်ခုတွင် သေဆုံးခဲ့ရာ တစ်နိုင်ငံလုံး ထိတ်လန့်သွားခဲ့ပြီး အောက်တို ဘာ လ ရွေးကောက်ပွဲများ ကို ထိခိုက်စေခဲ့သည်။




ဘရာဇီး ဆိုရှယ်လစ်ပါတီ၏ သမ္မတလောင်း အက်ဒွါဒိုကမ်ပို့စ်သည် ၄င်းလိုက်ပါ လာသော ကိုယ်ပိုင်လေ ယာဉ် Cessna Citation သည် ဆောပိုလို၏ တောင် ဘက် ၃၅ မိုင်အကွာ ကမ်းရိုးမြို့ ဆန်းတို့စ်၏ လူနေ ဧ၇ိယာအတွင်းသို့ ပျက်ကျခဲ့ရာမှ သေဆုံးခဲ့သည်။

လေယာဉ်မှူးသည် ရာသီဥတုဆိုးဝါးမှုကြောင့် ဆင်းသက်ရာတွင် အောင်မြင်မှု မရခဲ့ပဲ လမ်းကြောင်းပြောင်း ရန် ကြိုးပမ်းခဲ့သည် ဟု အရာရှိများက ပြောကြားခဲ့ သည်။

လေယာဉ်မှူး၊ ဒု-လေယာဉ်မှူး၊ သတင်းထောက်တစ်ဦးနှင့် ဓါတ်ပုံဆရာတစ်ဦး အပါအ၀င် ယာဉ်ပေါ်ပါ ၇ ဦးစလုံး သေဆုံးခဲ့သည်။

Ref: The Wallstreet Journal
Yangon Media Group

No comments:

Post a Comment