Thursday 14 August 2014

လေ့ကျင့်ခန်း မလုပ်သင့်သည့်အချိန်

ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုံးလုံးမလုပ်ရမည့်အချိန်များရှိပါသည်။ ထိုကဲ့သို့ လေ့ ကျင့်ခန်းလုပ်ခြင်းရပ်လိုက်ရသည့်အချိန်မျိုးတွင် အပျင်းထူသည်ဟူ၍ မိမိကိုယ်ကိုယ်အပြစ် မတင်ပါနှင့်။
နေထိုင်မကောင်းသောအချိန် လေ့ကျင့်ခန်းမလုပ်ပါနှင့်။ သာမန် အအေးမိဖျားနာချိန်တွင် ကိုယ်လက် မအီ မသာဖြစ်နေပါက လေ့ကျင့်ခန်း လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ ထိုအချိန်မျိုးတွင် ကိုယ်ခံအားစနစ်အားနည်းနေပြီး အဖျားတာရှည်နေပါက လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်ခံအားအပေါ် ပိုမို၍ ဖိအားများဖြစ်စေပါလိမ့်မည်။
စိတ်ဖိစီးမှုများနေပြီး မောပန်းနွမ်းနယ်နေချိန်များတွင် ကိုယ်လက် လေ့ကျင့်ခန်းမလုပ်ပါနှင့်။

အားကစားရုံသို့ မသွားချင်သောအချိန်မျိုး လူတိုင်းကြုံဖူးကြပါလိမ့်မည်။ တစ်ခါတစ်ရံတွင်လည်း ခန္ဓာကိုယ် က လေ့ကျင့်ခန်းမလုပ်ဖို့ရာ တောင်းဆိုပါလိမ့်မည်။ တစ်ရက်တလေ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ဘဲ အနားယူလိုက်ပြီး အေးအေးသက်သာနေလိုက်ခြင်းကလည်း အကျိုးရှိပါသည်။

အရက်နာကျနေချိန် လေ့ကျင့်ခန်းမလုပ်ပါနှင့်။ ယမန်နေ့ညက အသောက်လွန်၊ ပါတီမှာအကလွန်ပြီး အရက်နာကျနေပါသလား။ နောက်တစ်နေ့နံနက်တွင် အားကစားရုံသို့ သွားခြင်း၊ အပြေးလေ့ ကျင့် ခြင်း ကို ရှောင်လိုက်ပါ။ အယ်လ်ကိုဟောမှာ ရေဓာတ်ခန်းခြောက်စေ၍ ရေများများသောက်ပါ။ အာဟာရပြည့် ဝသော နံနက်စာစား၍ အနားယူလိုက်ပါ။

ဒဏ်ရာအနာတရဖြစ်နေချိန် လေ့ကျင့်ခန်းမလုပ်ပါနှင့်။ မည်သည့် ဒဏ်ရာမျိုးရရှိထားသည်ဖြစ်စေ ဒဏ်ရာ အရှင်းပျောက်ကင်းမှသာ ကြံ့ခိုင်မှုလေ့ကျင့်ခန်းပြန်လုပ်သင့်သည်။ ဒဏ်ရာရရှိထားချိန် တွင် လေ့ကျင့်ခန်း အတင်း လုပ်ခဲ့လျှင် မိမိခန္ဓာကိုယ်ကိုသာ ပိုမိုထိခိုက်စေပါလိမ့်မည်။ ဒဏ်ရာမှာ တစ်နေ့ထက်ပို၍ နာကျင်နေလျှင်လည်း ထိခိုက်ဒဏ်ရာအထူးကုတစ်ဦးနှင့် တွေ့ဆုံအကြံဉာဏ်တောင်းသင့်သည်။

—Ref: TOI
7Day DAILY

No comments:

Post a Comment