Thursday 14 August 2014

တောင်ကိုရီးယား ဂျူနီယာချန်ပီယံ ပြိုင်ပွဲတွင် မြန်မာ တိုက်ကွမ်ဒိုအဖွဲ့ ယှဉ်ပြိုင်မည်

မြန်မာတိုက်ကွမ်ဒိုအား ကစားအဖွဲ့သည် တောင်ကိုရီး ယားနိုင်ငံလေ့ကျင့်ရေးခရီးစဉ်အ တွင်း တတိ ယမြောက် ပြိုင်ပွဲအဖြစ်  ဆောင်နမ်ဂျူနီယာပြိုင်ပွဲ(Song Nam Junior Championships) သို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
အသက်(၁၈)နှစ်အောက် အားကစားသမားများဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည့် အဆိုပါဂျူနီယာ တိုက်ကွမ် ဒိုပြိုင်ပွဲကို သြဂုတ် လ ၁၄ရက်မှ ၁၇ရက်အထိတောင် ကိုရီးယားနိုင်ငံ၊ဆောင်နမ်မြို့တွင် ကျင်းပမည်ဖြစ် သည်။

ပြိုင်ပွဲတွင် ကကွက်နှင့်အ တိုက်ပြိုင်ပွဲအမျိုးအစားနှစ်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မြန်မာတိုက်ကွမ်ဒိုအဖွဲ့ အနေဖြင့် အတိုက်ပြိုင်ပွဲအမျိုးအစားတစ် မျိုးတွင်သာ ၀င်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြာင်း မြန်မာ တိုက်ကွမ်ဒို အဖွဲ့နည်းပြချုပ် ဦးကျော်သန်းဦးကပြောသည်။

‘‘ဂျုနီယာပြိုင်ပွဲမှာတောင် ကိုရီးယားပြည်တွင်းအသင်းတွေ အပြင် ပြည်ပအသင်းတွေလည်း ပါဝင်ယှဉ်ပြိုင် မယ်လို့ သိထားပါ တယ်။ မြန်မာတိုက်ကွမ်ဒိုအဖွဲ့အ တိုက်ပြိုင်ပွဲအမျိုးအစားတစ်မျိုး မှာပဲပြိုင်ပွဲဝင်ငါးဦးခန့် ၀င်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကျော်သန်းဦးကပြောသည်။

အာရှအားကစားပြိုင်ပွဲအ တွက် ပြင်ဆင်နေသည့် မြန်မာ တိုက်ကွမ်ဒိုအဖွဲ့သည်ပြီးခဲ့သည့် ဇူလိုင် ၉ရက်မှ စတင်ကာတောင် ကိုရီးယားနိုင်ငံ၊ ဂါဝန်ဒိုမြို့ရှိ ဆမ် အီးလ်သင်တန်းကျောင်းတွင် ပူး တွဲလေ့ကျင့်မှု များပြုလုပ်လျက်ရှိ ပြီး ပြိုင်ပွဲများတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အတိုက်ကစားသမားခုနစ် ဦးပါဝင်သည့် မြန်မာတိုက်ကွမ်ဒို အဖွဲ့သည် ဂျုနီယာပြိုင်ပွဲယှဉ်ပြိုင်  ပြီးပါက ဆိုးလ်မြို့နှင့် အင်ချွန်းမြို့ ရှိ ကျောင်းများတွင် ပူးတွဲလေ့ ကျင့်မှုများကို စက်တင်ဘာလဒု တိယပတ်အထိ ဆက်လက်ပြု လုပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

7Day DAILY

No comments:

Post a Comment