Thursday 14 August 2014

မန္တလေးထွေ/ကု ဆေးရုံကြီး ယခုနှစ်ဘတ်ဂျက်ငွေ ကျပ်သန်းထောင့်ရှစ်ရာကျော် ရရှိ

ယခုနှစ် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သည် ဘဏ္ဍာငွေ ခွဲတမ်း ငွေကျပ် သန်းပေါင်း ၁,၈၅၀ ရရှိထား ကြောင်း သတင်းရရှိသည်။

ခုတင်တစ်ထောင်ဆံ့ မန္တ လေးအထွေထွေရောဂါကုဆေးရုံ ကြီးအတွက် တစ်နှစ်ပတ်လုံးစာ ဆေးဝါးနှင့် လိုအပ်သည့် ဆေးရုံ သုံးစက်ကိရိယာများဝယ်ယူရန် ယင်းဘဏ္ဍာငွေခွဲတမ်းကို ပြည် ထောင်စုအစိုးရက ယခုလဆန်း ပိုင်းတွင်  ချထားပေးခဲ့ခြင်းဖြစ် ကြောင်း ယင်းဆေးရုံကြီးမှ ဆေး 
လူမှု ဆက်ဆံရေးအရာရှိ ဦးမင်း လွင်ကပြောသည်။

‘‘လူနာတွေကို ဆေးတွေပို ပေးနိုင်အောင် လုပ်သွားမယ်။ ပြီး ရင် သက်ဆိုင်ရာကုသရေး ဌာနတွေက ဆရာ ၀န်ကြီး တွေရဲ့ တင် ပြမှုတွေအရ နောက်ဆုံးပေါ် စက် ကိရိယာတွေ ထပ်ဖြည့်ဖို့ရှိတယ်’’ ဟု ဦးမင်းလွင် ကပြောသည်။

လက်ရှိအချိန်တွင် ဆေးရုံ ကြီးသို့ တက်ရောက်ကုသနေ သည့် လူနာများအတွက် အခြေခံဆေးပစ္စည်းများ အခမဲ့ပေးထား ပြီး အလုံးစုံအခမဲ့ဆေးကုသပေးနိုင် မည့်စနစ်ကို လက်ရှိအချိန်တွင် အသုံးမပြုနိုင် သေးကြောင်း သို့သော် ငွေကြေးမတတ်နိုင်သည့် လူနာများအတွက် အခမဲ့နီးပါးဆေး ကုသပေးကြောင်း ၎င်းကဆို သည်။

ယင်းဆေးရုံကြီးသို့ တက် ရောက်ကုသနေသည့် ကင်ဆာ ရောဂါဖြစ်ပွားနေသူ လူနာများ အတွက်လည်း ယခင်က အခမဲ့ ပေးနေသည့် ကင်ဆာဆေးငါးမျိုး မှ ရှစ်မျိုးအထိ ထပ်တိုးပေးနေပြီ ဖြစ်သည်။ ထို့အပြင် ငွေကြေးမတတ်နိုင်သော အထူးဆေးဝါး များဖြင့် ကုသနေသည့် လူနာများ အတွက် ဆေးလူမှုဆက်ဆံရေး ဌာနမှဦးဆောင်ပြီး ပြင်ပလူမှု ရေးအသင်းအဖွဲ့များနှင့် ချိတ် ဆက်ပေးနေရဆဲဖြစ်ကြောင်း အဆိုပါ ဆေးရုံကြီးရှိ ဆေးလူမှု ဆက်ဆံရေးဌာနမှ သိရသည်။

မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးအတွက် ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က အစိုးရထံမှ ဘဏ္ဍာငွေ ခွဲ တမ်း ငွေ ကျပ်သန်းပေါင်း ၁၅၀၀ ရရှိခဲ့ ပြီး ယခုနှစ်တွင် သန်းပေါင်း ၃၅၀ ပိုမို တိုးမြှင့်ရရှိခဲ့ခြင်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment