Tuesday 26 August 2014

အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း စုပေါင်း ကန့်ကွက်

Photo: အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း စုပေါင်း ကန့်ကွက်
Tuesday, August 26, 2014

 ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသော အမျိုးသားပညာရေး ဥပဒေသည် ပညာရေးလွတ်လပ်မှုကို အာမခံ ထားခြင်းမရှိသောကြောင့် တက္က သိုလ်ဆရာ၊ ဆရာမများအသင်း တို့က စုပေါင်း၍ ကန့်ကွက် ကြောင်း ကြေညာချက် ထုတ်ပြန် သည်။

မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍလွတ်လပ်မှုအပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးချုပ်ချယ် ခဲ့သောကြောင့် အာရှထိပ်တန်း အဆင့်မှ တဖြည်းဖြည်းကျဆင်း ပျက်စီးခဲ့ရာ အရှေ့တောင်အာရှ  နိုင်ငံများကပင် အသိအမှတ်မပြု တော့သည်ကို သမိုင်းသင်ခန်းစာ ယူရန် အရေးကြီးကြောင်း တက္က သိုလ်ဆရာများက ထောက်ပြ ထားသည်။

အခြေခံပညာကျောင်းများ ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ၀န်ကြီးဌာန က ရရှိထားပြီး အဆင့်မြင့်ကဏ္ဍ တွင်လည်း တက္ကသိုလ်များအား လွတ်လပ်သော   ကိုယ်ပိုင်စီမံ ခန့်ခွဲပိုင်ခွင့်   ပေးအပ်ရာတွင် လွှမ်းမိုးချုပ်ကိုင်လိုသော ပြဋ္ဌာန်း ချက်များရှိနေကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။ ကျောင်းသားသမဂ္ဂများ၊ ဆရာ သမဂ္ဂများ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာဆောင်ရွက်လုပ် ကိုင်ခွင့်ကို ချုပ်ကိုင်ရန် ပြဋ္ဌာန်း ချက်များပါဝင်နေခြင်းနှင့် ဆရာ များကိုယ်ကျင့်တရားကောင်းလာ မှသာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ မည်ဟု အဓိပ္ပာယ်ရသော ပြဋ္ဌာန်း ချက်သည် ဆရာများ၏ ဂုဏ်သိက္ခာကို သေးသိမ်စေခြင်းကြောင့် အပြင်းအထန်ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုကို အမှန်တ ကယ်အကျိုးပြုနိုင်မည့် အမျိုး သားပညာရေးဥပဒေတစ်ရပ်ပေါ် ပေါက်လာရန် ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ပြီး ပညာရေး ကဏ္ဍတွင် အဓိကအကျုံးဝင်သူ များဖြင့် ဆွေးနွေးညှိနှိုင်းပြီးမှသာ  အမျိုးသားပညာရေးဥပဒေကို ပြန်လည်အတည်ပြုပြဋ္ဌာန်းရန် တက္ကသိုလ်ဆရာများက တောင်း ဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသားပညာရေး ဥပဒေဖြစ်လာမည့် ဥပဒေကို ကျောင်းသားသမဂ္ဂများကလည်း ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်နေ ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် ကလည်း ကန့်ကွက်ထားသည်။

ဥပဒေကြမ်းတင်သွင်းချိန် က ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကော်မတီတို့ ထိပ် တိုက်တွေ့ဆုံခဲ့ပြီး   ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် တို့ကြား  သဘောထားကွဲလွဲမှု အများအပြားဖြစ်ပေါ်ခဲ့သော အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခြင်းမရှိဘဲ ပြန်လည်ပြင် ဆင်ရန် ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်ပေးပို့ထားသည်။

7Day DAILY 

အမျိုးသားပညာရေး ဥပဒေကြမ်းကို ယခုနှစ် မတ်လ ၃၀ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ −နိုင်လင်းအောင်)
အမျိုးသားပညာရေး ဥပဒေကြမ်းကို ယခုနှစ် မတ်လ ၃၀ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ −နိုင်လင်းအောင်)
 ပြည်ထောင်စုလွှတ် တော်က အတည်ပြုထားသော အမျိုးသားပညာရေးဥပဒေသည် ပညာရေး လွတ်လပ်မှု ကို အာမခံထားခြင်း မရှိသောကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းတို့က စုပေါင်း၍ ကန့် ကွက် ကြောင်း ကြေညာချက်ထုတ်ပြန် သည်။
မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍလွတ်လပ်မှုအပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးချုပ်ချယ် ခဲ့သောကြောင့် အာရှထိပ်တန်း အဆင့်မှ တဖြည်းဖြည်းကျဆင်း ပျက်စီးခဲ့ရာ အရှေ့တောင်အာရှ  နိုင်ငံများကပင် အသိ အမှတ်မပြု တော့သည်ကို သမိုင်းသင်ခန်းစာယူရန် အရေးကြီးကြောင်း တက္ကသိုလ်ဆရာများ က ထောက်ပြ ထားသည်။

အခြေခံပညာကျောင်းများ ၏ စီမံခန့်ခွဲပိုင်ခွင့်ကို ၀န်ကြီးဌာန က ရရှိထားပြီး အဆင့်မြင့်ကဏ္ဍ တွင်လည်း တက္ကသိုလ်များအား လွတ်လပ်သော ကိုယ်ပိုင်စီမံ ခန့်ခွဲပိုင်ခွင့်   ပေးအပ်ရာတွင် လွှမ်းမိုးချုပ်ကိုင်လိုသော ပြ ဋ္ဌာန်း ချက်များရှိနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ကျောင်းသားသမဂ္ဂများ၊ ဆရာ သမဂ္ဂများ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာဆောင်ရွက်လုပ် ကိုင်ခွင့်ကို ချုပ်ကိုင်ရန် ပြဋ္ဌာန်း ချက်များ ပါဝင်နေခြင်းနှင့် ဆရာများကိုယ်ကျင့်တရားကောင်းလာမှသာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချ မည်ဟု အဓိပ္ပာယ် ရသော ပြဋ္ဌာန်း ချက်သည် ဆရာများ၏ ဂုဏ်သိက္ခာကို သေးသိမ်စေခြင်းကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုကို အမှန်တ ကယ်အကျိုးပြုနိုင်မည့် အမျိုး သားပညာရေးဥပဒေတစ်ရပ်ပေါ် ပေါက်လာရန် ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ပြီး ပညာရေး ကဏ္ဍတွင် အဓိကအကျုံးဝင်သူ များဖြင့် ဆွေးနွေးညှိနှိုင်း ပြီးမှသာ  အမျိုးသားပညာရေးဥပဒေကို ပြန်လည်အတည်ပြုပြဋ္ဌာန်းရန် တက္ကသိုလ်ဆရာများက တောင်း ဆိုလိုက်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသားပညာရေး ဥပဒေဖြစ်လာမည့် ဥပဒေ ကို ကျောင်းသား သမဂ္ဂများကလည်း ဆန့်ကျင်ဆန္ဒပြမှုများပြုလုပ်နေ ပြီး ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် ကလည်း ကန့်ကွက်ထားသည်။

ဥပဒေကြမ်းတင်သွင်းချိန် က ပညာရေးဝန်ကြီးဌာနနှင့် လွှတ်တော်ကော်မတီတို့ ထိပ် တိုက်တွေ့ဆုံ ခဲ့ပြီး   ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော် တို့ကြား  သဘောထားကွဲလွဲမှု အများအပြားဖြစ်ပေါ် ခဲ့သော အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်သမ္မတက သဘောတူ လက်ခံခြင်းမရှိဘဲ ပြန်လည်ပြင် ဆင်ရန် ပြည်ထောင်စုလွှတ်တော် သို့ ပြန်လည်ပေးပို့ထားသည်။

7Day DAILY

No comments:

Post a Comment