Tuesday 26 August 2014

ခေါင်းလောင်းကြီးကို နဂါးတွေပူဇော်နေလို့ သတင်းထုတ်ပြန်ဖို့ နောက်ကျခဲ့ရ

လူအများ စိတ်ဝင်စားနေကြတဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ပြီလို့ ခေါင်းလောင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ဒီ ကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ 
ဓမ္မစေတီခေါင်းလောင်းတူးဖော်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုလိုသူများကို ပို့ဆောင်ပေးနေသည့် ရန်ကုန်မြို့ ၊ သာကေတမြို့နယ် ၊ ရှုခင်းသာကစားကွင်း အနီးရှိ သမ္မာန်ဆိပ်(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)

ခေါင်းလောင်းကြီးကို သူတို့ တွေ့ရှိထားပြီဖြစ်ပေမယ့် သတင်းထုတ်ပြန်ရတာ နောက်ကျရတာကတော့ နဂါးတွေက ခေါင်းလောင်းကြီးကို ပူဇော်နေလို့ ဖြစ်တယ်လို့ အွန်လိုင်းမှာ ပျံ့နေတဲ့ ဦးစံလင်းရဲ့ ကြေညာ ချက်မှာ တွေ့ရပါတယ်။ 

 “နဂါးများမှာ အကြီးဆုံးရွှေရောင် နဂါးမင်းကြီးနှင့်တကွ နဂါး အပေါင်းတို့က ဓမ္မစေတီခေါင်းလောင်းတော် ကြီး ကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်ပါသည်” လို့ ဦးစံလင်း ( မောင်စံလင်း - မြေပုံ- ကော့သောင်း) ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ 

 ဒီဗွီဘီသတင်းတပုဒ်မှာတော့ ဦးစံလင်းက ခေါင်းလောင်းကြီးကိုတွေ့တာ အတည်ပြု ပြောထားပေမယ့် ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် ကိုတော့ ကုန်းပေါ်ရောက်မှ သိရမယ်လို့ ဆိုထားပါတယ်။ 

ဦးစံလင်းရဲ့ ကြေညာချက်အပြည့်အစုံကိုလည်း ဧရာဝတီပရိသတ်များ ဖတ်နိုင်အောင် တင်ပေးလိုက် ပါတယ်။ 



           ခေါင်းလောင်းဆယ်ယူရေး လာကြည်သူတွေ ဘေးကင်းဖို့ သတင်းပေးနေတဲ့ လုံခြုံရေးတွေ 

                     ခေါင်းလောင်းကြီးအကြောင်း ရေးထားတဲ့ စာရွက်တွေ ရောင်းနေသူ 

               ခေါင်းလောင်းကြီးကို သွားကြည့်သူတွေအတွက် စောင့်ကြိုနေတဲ့ သမ္ဗာန်လေဆိပ်


                    ခေါင်းလောင်းဆယ်ယူရေး ဆုတောင်းမှုတွေ လုပ်နေတဲ့ မြင်ကွင်းတခု
ဧရာဝတီ BLOG

No comments:

Post a Comment