Tuesday 26 August 2014

သူရဦးရွှေမန်းအမေရိကသွားမည်

ယခုနှစ် နိုဝင်ဘာလ မကုန်မီ အချိန်အတွင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် အမေရိ ကန်ပြည် ထောင်စုသို့  သွားရောက်ရန်ရှိ ကြောင်း ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ထံ မှသတင်းရရှိသည်။
ယခုလ ၇ ရက်က မြန်မာနိုင် ငံသို့  ရောက်ရှိခဲ့သော အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှ င့် ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်းတို့တွေ့ ဆုံရာတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး က နိုဝင်ဘာလမကုန်မီ  အမေရိကန်ပြည်ထောင်စုသို့ လာရောက်ရန် ဖိတ်ကြားခဲ့ ကြောင်း ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောသည်။

‘‘အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့တုန်းက ဖိတ်တာ ကို ဥက္ကဋ္ဌကြီးက လက်ခံထားပါ တယ်။ ဒါပေမဲ့ ဘယ်တော့သွား မယ်ဆိုတာတော့ တိတိကျကျ သတ်မှတ်မထားပါဘူး။ နိုဝင်ဘာ မကုန်မီအထိတော့ ဟိုဘက်က ဖိတ်ထားတယ်’’ဟု ဦးလှမြင့်ဦးက ဆိုသည်။

သြဂုတ် ၁၁ ရက်က နေပြည် တော်တွင်ပြုလုပ်သော ပြည်တွင်း၊ပြည်ပသတင်းမီဒီယာ များနှင့် တွေ့ဆုံ ရာတွင် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး၏ ဖိတ်ကြားမှုအ ပေါ် သွားရောက်မည့် အချိန်ကို မဆုံးဖြတ် ရသေးကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက  ပြောကြားထား သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီတို့ တွေ့ ဆုံ ရာတွင် မြန်မာ လွှတ်တော်များနှင့် အမေရိကန် ကွန်ကရက်တို့ကြား လွှတ်တော် ရေးရာကိစ္စရပ်များကို ဆက် သွယ် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ သည်။

 ၂၀၁၃ ခုနှစ်အတွင်းက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းခေါင်းဆောင်သည့် လွှတ်တော်  ကိုယ်စားလှယ်အဖွဲ့ သည် အမေရိကန်ပြည်ထောင်စု၏  တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များ ကို လေ့လာနိုင်ရန် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

7Day DAILY

No comments:

Post a Comment