Tuesday 26 August 2014

အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရန် အလုပ်သမားများ၏ ၀င်ငွေ၊ ထွက်ငွေစာရင်း ကောက်ယူမည်

အလုပ်သမား၏ အနိမ့် ဆုံးလစာကို အမြန်ဆုံးသတ်မှတ် ရန် ရန်ကုန်တိုင်းအတွင်း စက်မှု ဇုန်များရှိ အလုပ် သမားများ၏ ၀င်ငွေ၊ ထွက်ငွေ ကုန်ကျစရိတ်များကို လာမည့် စက်တင်ဘာမှ စတင်၍ စာရင်းကောက်ယူ သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။
ပြည်ထောင်စုအစိုးရနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိသည့်မြို့နယ်၁၄ မြို့နယ်တွင် စက်တင်ဘာ၌ စာရင်း များ ကောက်ယူသွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

သြဂုတ် ၂၅ ရက်တွင် ကျင်း ပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ လမ်းမတော် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ် ဦးစိုးဝင်း၏ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ယ နေ့အထိ အလုပ်သမားပြဿနာ ဖြေရှင်းနိုင်မှု မည်မျှရှိ၍ ထိခိုက် နစ်နာသူများအား လျော်ကြေးငွေ မည်မျှရအောင် ဆောင်ရွက်ပေး ခြင်းနှင့် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးမြန်း မှုကို ဦးဇော်အေး မောင်က ဖြေကြားရာတွင် ထည့် သွင်းဖြေကြားခဲ့ခြင်းလည်း ဖြစ် သည်။

 ‘‘ရန်ကုန်တိုင်းဒေသကြီး ဘယ်ဒေသမှာ ဘယ်လောက် တော့ ကုန်ကျစရိတ်ရှိတယ်။ ဘယ် လောက်တော့ ၀င်ငွေရှိတယ်ဆိုတာကို ကျွန်တော်တို့ တင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီစာရင်းဇယားများပေါ်မှာ အခြေခံ ပြီးတော့ အနိမ့်ဆုံးလခကို ပြည်ထောင်စုအ စိုးရက သတ်မှတ်ပေးသွားမှာဖြစ် ပါတယ်’’ ဟု ၀န်ကြီး ဦးဇော်အေး မောင်က ဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် စာရင်းဇယားကောက်ယူခြင်းလုပ်ငန်းများကို တစ်လ အတွင်း အပြီးသတ် လုပ်ဆောင်မည်ဖြစ်ပြီး အလုပ် သမားကိုသာ အဓိကကောက်ယူ မည်ဖြစ်ကာ အလုပ် သမားများ၏ မိသားစုဝင်အရေအတွက်၊ အ လုပ်လုပ်ကိုင်နိုင်သည့် မိသားစု ၀င်ဦးရေတို့ကို ကောက်ယူ သွား မည်ဖြစ်သည်။

အနည်းဆုံး အခြေခံလစာ ငွေ သတ်မှတ်နိုင်ရန် အ နည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ၏ နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

7DAy DAILY

No comments:

Post a Comment