Tuesday 26 August 2014

အီဘိုလာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်ဟု ကုလအရာရှိ ပြောကြား

Photo: အီဘိုလာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်ဟု ကုလအရာရှိ ပြောကြား
Tuesday, August 26, 2014

အီဘိုလာရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်သေးကြောင်း ကုလသမဂ္ဂက ခန့်အပ်ထားသည့် အီဘိုလာပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအရာရှိက သြဂုတ် ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် ကျန်းမာရေးဝန်ထမ်းများကိုပင် ကူးစက်နေကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။

အီဘိုလာရောဂါ ဖြေရှင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂက ခန့်အပ်ထားသည့် ဗြိတိန်ဆရာဝန် ဒေးဗစ်နာဘာရိုက ဆီရာလီယွန်မြို့တော် ဖရီးတောင်းသို့ ငါးရက်ကြာခရီးရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “အီဘိုလာရောဂါ တိုက်ဖျက်ရေးဟာ တိုက်ပွဲအသေးစား မဟုတ်ပါဘူး။ စစ်ပွဲကြီးတစ်ပွဲဖြစ်လို့ အားလုံးက ၀ိုင်းဝန်းပြီး အားကြိုးမန်တက် ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီစစ်ပွဲကြီးက ခြောက်လအ ထိ ကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားရပါမယ်” ဟု ၎င်းက ပြောကြား သည်။

ယခုနှစ်အစောပိုင်းက စတင်ခဲ့သည့် အပူပိုင်းဒေသဗိုင်းရပ်စ် အီဘိုလာကူးစက်ခံရသူ ၂၆၀၀ နှင့် သေဆုံးသူ ၁၄၂၇ ဦး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၁၂၀ ကျော်သေဆုံး သွားပြီး ကူးစက်ခံရသူ ၂၄၀ ကျော်သွားပြီဖြစ်ကြောင်း WHO က သြဂုတ် ၂၅ ရက်တွင် စာရင်းထပ်မံ ထုတ်ပြန်ခဲ့သည်။

ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများတွင် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန် ထမ်းများ ပါဝင်သည်။ WHO ၏ ကြေညာချက်အရ ဂီနာ၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယားနှင့် ဆီရာလီယွန်နိုင်ငံများတွင် အီဘိုလာဗိုင်းရပ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၂၄၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အ နက် သေဆုံး သူ ၁၂၀ ရှိသွားပြီဖြစ်ကြောင်း၊ ဆီရာလီယွန်နှင့် လိုင်ဘေးရီးယားတို့တွင် သေဆုံးခဲ့သည့် ဆရာဝန်များမှာ ထင်ရှားကျော်ကြားသူများဖြစ်သောကြောင့် ကျန်း မာရေးစောင့်ရှောက်မှုကဏ္ဍတွင် အတွေ့အကြုံရှိသူ များ လိုအပ်လာကြောင်း သိရသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အိုဘိုလာေ ရာဂါဖြစ်ပွားသူ နှစ်ဦးတွေ့ရှိခဲ့ရပြီး ၎င်းတို့သည် အနောက်အာဖရိကနိုင်ငံများမှ ကူးစက်ခံရခြင်းမဟုတ်ကြောင်း သိရသည်။ 

Ref:AFP
Mizzima - News in Burmese
အီဘိုလာရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်ရန် နောက်ထပ် ခြောက်လ ကြာမြင့်နိုင်သေးကြောင်း ကုလသမဂ္ဂ က ခန့်အပ်ထားသည့် အီဘိုလာပြဿနာ ကိုင်တွယ်ဖြေရှင်းရေးအရာရှိက သြဂုတ် ၂၅ ရက်တွင် ပြောကြား လိုက်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် ကျန်းမာရေးဝန်ထမ်းများကိုပင် ကူးစက်နေကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။

အီဘိုလာရောဂါ ဖြေရှင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂက ခန့်အပ်ထားသည့် ဗြိတိန်ဆရာဝန် ဒေးဗစ် နာဘာရိုက ဆီရာလီယွန်မြို့တော် ဖရီးတောင်းသို့ ငါးရက်ကြာခရီးရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ “အီဘိုလာရောဂါ တိုက်ဖျက်ရေးဟာ တိုက်ပွဲအသေးစား မဟုတ်ပါဘူး။ စစ်ပွဲကြီး တစ်ပွဲဖြစ်လို့ အားလုံးက ၀ိုင်းဝန်းပြီး အားကြိုးမန်တက် ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီစစ်ပွဲကြီး က ခြော က် လ အ ထိ ကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားရပါမယ်” ဟု ၎င်းက ပြောကြား သည်။

ယခုနှစ်အစောပိုင်းက စတင်ခဲ့သည့် အပူပိုင်းဒေသဗိုင်းရပ်စ် အီဘိုလာကူးစက်ခံရသူ ၂၆၀၀ နှင့် သေဆုံးသူ ၁၄၂၇ ဦး ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၁၂၀ ကျော်သေဆုံး သွားပြီး ကူးစက်ခံရသူ ၂၄၀ ကျော် သွားပြီဖြစ်ကြောင်း WHO က သြဂုတ် ၂၅ ရက်တွင် စာရင်းထပ်မံ ထုတ်ပြန်ခဲ့သည်။

ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများတွင် ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန် ထမ်းများ ပါဝင်သည်။ WHO ၏ ကြေညာချက်အရ ဂီနာ၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယားနှင့် ဆီရာလီယွန်နိုင်ငံများ တွင် အီဘိုလာဗိုင်းရပ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၂၄၀ ကျော်ရှိခဲ့ပြီး ၎င်းတို့အ နက် သေဆုံး သူ ၁၂၀ ရှိသွားပြီဖြစ်ကြောင်း၊ ဆီရာလီယွန်နှင့် လိုင်ဘေးရီးယားတို့တွင် သေဆုံးခဲ့သည့် ဆရာဝန်များမှာ ထင်ရှားကျော်ကြားသူများဖြစ်သောကြောင့် ကျန်း မာရေးစောင့်ရှောက်မှုကဏ္ဍတွင် အတွေ့အကြုံရှိသူ များ လိုအပ်လာကြောင်း သိရသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အိုဘိုလာေ ရာဂါဖြစ်ပွားသူ နှစ် ဦးတွေ့ ရှိ ခဲ့ရပြီး ၎င်းတို့သည် အနောက်အာဖရိကနိုင်ငံများမှ ကူးစက်ခံရခြင်းမဟုတ်ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment