Tuesday 26 August 2014

မူလသတ်မှတ်ရက် တစ်ရက်ကျန်ချိန်ထိ ဓမ္မစေတီခေါင်းလောင်းရှာမတွေ့သေး

Photo: မူလသတ်မှတ်ရက် တစ်ရက်ကျန်ချိန်ထိ ဓမ္မစေတီခေါင်းလောင်းရှာမတွေ့သေး
Tuesday, August 26, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် မူလသတ်မှတ်ထား သောကာလ   တစ်ရက် သာ ကျန် တော့သည့်အချိန်ထိ ခေါင်းလောင်းကို ရှာမတွေ့သေးကြောင်း သတင်းရရှိသည်။

ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း သုံးနေရာဆုံသော နေရာတွင် ၁၈ ရက်ကြာ ဓမ္မစေတီခေါင်းလောင်းရှာဖွေ ဆယ်ယူမှု နောက်ဆုံးနေ့သည် ယနေ့တွင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

သြဂုတ် ၂၆ ရက်  (ယနေ့)နောက်ဆုံးထား  ဆယ်ယူမည်ဟု ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်း က ပြောကြားထားသည်။ မြစ်အ တွင်း ရှာဖွေမှုကို ရက်တိုးချဲ့ရန် အစီအစဉ် ရှိ၊မရှိ   ပြန်ကြားရေး အဖွဲ့က ယနေ့အကြောင်း ပြန်ပေးမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

သြဂုတ်လ ၉ ရက်က ဓမ္မ စေတီခေါင်းလောင်းရှာဖွေရေး လုပ်ငန်းကို စတင်ခဲ့ပြီး သြဂုတ် ၁၆ ရက်မှစကာ သဲသောင်တူးစက် ဖြင့် ရှိမည့်နေရာကို တည်နေရာ သတ်မှတ်ကာ သဲစုပ်ယူမှုများပြု လုပ်ခဲ့သည်။ သြဂုတ်လ ၂၆ ရက် နောက်ဆုံးတူးဖော်မည်ဟု ပြော ကြားထားသော်လည်း    ခေါင်း လောင်းမတွေ့သေးသောကြောင့် ရက်     တိုးချဲ့လုပ်ဆောင်ရန်ရှိ ကြောင်း ကမ်းနားရှိ လုံခြုံရေးတာ ၀န်ယူနေသည့် အုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

ဦးစံလင်းသည်     ကော့ သောင်းရှိ နေအိမ်ကိုရောင်းချ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရန် စတင်ကြိုးပမ်းခြင်းဖြစ်ကာ အလှူရှင် ဦးဝင်းမြင့်က ဆက် လက်မတည်၍ ယခုလို ဆယ်ယူ ခြင်းဖြစ်သည်။

‘‘ရှာဖွေမှု   ဆက်လုပ်နေ တယ်။ သင်္ဘောပေါ်မှာ နေတဲ့လူ တွေ စားသောက်ဖို့အတွက် တစ် ပတ်စာ လာဝယ်တယ်။ ခေါင်း လောင်းကြီး ဆယ်ယူဖို့ ရက်တိုးချဲ့ဖို့က မနက်ဖြန်ကျမှသိရမယ်’’ဟု ၎င်းက ရှင်းပြသည်။

သြဂုတ် ၂၅ ရက်တွင် သဲသောင်တူးစက်ဖြင့် ယမန်နေ့က ထက် ပို၍ ဆက်လက်တူးဖော်နေ ပြီး သြဂုတ်၂၆ရက်တွင် လာကြည့်သူများ ပိုမိုများပြားနိုင်ကြောင်း၊ ကမ်းနားတွင် လုံခြုံရေး တာဝန်ယူထားရသည့် ဒေါပုံမြို့နယ်၏ မီးသတ်တပ်ခွဲမှူး   ဦးဝင်းလွင်ဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး၊ ပြန်ကြားရေးအဖွဲ့ ထံသို့ လာရောက်ကြည့်ရှုသူ စေတနာရှင်များ၏ လှူဒါန်းငွေ များကိုလည်း ဘဏ်တွင် ထည့် သွင်းထားပြီး ယနေ့အထိ ထုတ်ယူသုံးစွဲခြင်းမရှိသေးကြောင်း၊ ဆယ် ယူရေးအဖွဲ့က ဆိုသည်။ ဦးစံလင်းသည် ၁၉၉၆ ခုနှစ်တွင် ခေါင်း လောင်းရှာဖွေမှုစတင်ဆောင် ရွက်ခဲ့ပြီး ယခုတစ်ကြိမ်သည် လေးကြိမ်မြောက်ရှာဖွေခြင်း ဖြစ်သည်။မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေသည့် အေးရှားပွိုင့်ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီ မှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာ သာဖြင့် ဆုတောင်းခဲ့သည်။

7Day DAILY 

ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူရေးလုပ်ကိုင်နေသော သင်္ဘောများ ကိုတွေ့ရစဉ်(ဓာတ်ပုံ−ပပ)
ဓမ္မစေတီခေါင်းလောင်းရှာဖွေဆယ်ယူရေးလုပ်ကိုင်နေသော သင်္ဘောများကိုတွေ့ရစဉ်(ဓာတ်ပုံ−ပပ)
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် မူလသတ်မှတ်ထား သောကာလ  တစ်ရက်သာကျန် တော့သည့်အချိန် ထိ ခေါင်းလောင်းကို ရှာမတွေ့သေးကြောင်း သတင်းရရှိသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း သုံးနေရာဆုံသော နေရာတွင် ၁၈ ရက်ကြာ ဓမ္မစေတီခေါ င်းလော င်း ရှာဖွေ ဆယ်ယူမှု နောက်ဆုံးနေ့သည် ယနေ့တွင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

သြဂုတ် ၂၆ ရက်  (ယနေ့)နောက်ဆုံးထား  ဆယ်ယူမည်ဟု ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ေ ခါင်းဆောင် ဦးစံလင်း က ပြောကြားထားသည်။ မြစ်အ တွင်း ရှာဖွေမှုကို ရက်တိုးချဲ့ရန် အစီအစဉ် ရှိ၊မရှိ   ပြန်ကြားရေး အဖွဲ့က ယနေ့အကြောင်း ပြန်ပေးမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။

သြဂုတ်လ ၉ ရက်က ဓမ္မ စေတီခေါင်းလောင်းရှာဖွေရေး လုပ်ငန်းကို စတင်ခဲ့ပြီး သြဂုတ် ၁၆ ရက်မှစကာ သဲသောင်တူးစက် ဖြင့် ရှိမည့်နေရာကို တည်နေရာ သတ်မှတ်ကာ သဲစုပ်ယူမှုများပြု လုပ်ခဲ့သည်။ သြဂုတ် လ ၂၆ ရက် နောက်ဆုံးတူးဖော်မည်ဟု ပြောကြားထားသော်လည်း ခေါင်း လောင်း မတွေ့သေးသောကြော င့် ရက်     တိုးချဲ့လုပ်ဆောင်ရန်ရှိ ကြောင်း ကမ်းနားရှိ လုံခြုံရေးတာ ၀န်ယူနေသည့် အုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။

ဦးစံလင်းသည် ကော့ သောင်းရှိ နေအိမ်ကိုရောင်းချ၍ ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် စတင်ကြိုးပမ်းခြ င်းဖြစ်ကာ အလှူရှင် ဦးဝင်းမြင့်က ဆက် လက်မတည်၍ ယခုလို ဆယ်ယူ ခြင်းဖြစ်သည်။

‘‘ရှာဖွေမှု   ဆက်လုပ်နေ တယ်။ သင်္ဘောပေါ်မှာ နေတဲ့လူ တွေ စားသောက်ဖို့အတွက် တစ် ပတ်စာ လာ ၀ယ် တယ်။ ခေါင်း လောင်းကြီး ဆယ်ယူဖို့ ရက်တိုးချဲ့ဖို့က မနက်ဖြန်ကျမှသိရမယ်’’ဟု ၎င်းက ရှင်းပြသည်။

သြဂုတ် ၂၅ ရက်တွင် သဲသောင်တူးစက်ဖြင့် ယမန်နေ့ကထက် ပို၍ဆက်လက်တူးဖော်နေပြီး သြဂုတ် ၂၆ ရက်တွင် လာကြည့်သူများ ပိုမိုများပြားနိုင်ကြောင်း၊ ကမ်းနားတွင် လုံခြုံရေး တာဝန်ယူထားရ သည့် ဒေါပုံမြို့ နယ် ၏ မီးသတ်တပ်ခွဲမှူး   ဦးဝင်းလွင်ဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး၊ ပြန်ကြားရေးအဖွဲ့ ထံသို့ လာရောက်ကြည့်ရှုသူ စေတနာရှင်များ၏ လှူဒါန်းငွေများကိုလည်း ဘဏ်တွင် ထည့် သွင်းထားပြီး ယနေ့အထိ ထုတ်ယူသုံးစွဲခြင်းမရှိသေးကြောင်း၊ ဆယ်ယူရေးအဖွဲ့က ဆိုသည်။ ဦးစံလင်းသည် ၁၉၉၆ ခုနှစ်တွင် ခေါင်း လောင်းရှာဖွေမှုစတင်ဆောင် ရွက် ခဲ့ပြီး ယခုတစ်ကြိမ်သည် လေးကြိမ်မြောက်ရှာဖွေခြင်း ဖြစ်သည်။မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေ သည့် အေး ရှား ပွိုင့်ဘိုး လင်းစင်တာ ကမ်းစပ်အနီးတွင် မွန်တိုင်းရင်းသား တစ်ရာကျော်ကသြဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီ မှ နံနက် ၉ နာရီခွဲထိ ကမ်းစပ်၌ စင်ထိုး၍ ပွဲများပေးကာ မွန်ဘာ သာဖြင့် ဆုတောင်း ခဲ့သည်။

7Day DAILY

No comments:

Post a Comment