Tuesday 26 August 2014

အလုပ်လက်မဲ့ ငါးသောင်းခန့်အတွက် အစိုးရက အလုပ်ရှာဖွေပေးခဲ့ဟုဆို

ပြည်တွင်း၌ အလုပ် လက်မဲ့လုပ်သားများအား အစိုးရမှ တိုက်ရိုက်အလုပ်ရှာပေးသည့် အစီအစဉ်သစ်တွင် လုပ်သား ငါး သောင်းခန့်အတွက် အလုပ်ရှာဖွေပေးခဲ့ကြောင်း နေပြည်တော် အလုပ်သမားန်ကြားမှုဦးစီး ဌာနမှ သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၂ နိုဝင် ဘာလမှစ၍ ဝေးလံခေါင်ဖျား သည့် နယ်ဒေသမှ အလုပ်လိုအပ် နေသော လုပ်သား များ အတွက် အလုပ်သမားဝန်ကြီးဌာနက ပြည် တွင်းပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအဖွဲ့ (Mobile Team) ဖွဲ့ စည်းကာ တိုက်ရိုက်အလုပ်ရှာဖွေ ပေးလျက်ရှိသည်ဟု ဆိုသည်။ ထို့ ကြောင့် အလုပ်အကိုင်ရှာဖွေပေး မှုတွင် ယခုနှစ် ဇွန်လအထိ လုပ် သား ၅၈,၀၀၀ ကျော်ကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့ပြီး ငါးသောင်းခန့် အလုပ် ရရှိခဲ့ကြောင်း သတင်းရရှိ သည်။

‘‘သွားလာရခက်တဲ့နေရာမှာ သူတို့ဒေသမှာရှိတဲ့ အလုပ်ဌာန တွေမှာ အလုပ်ရအောင်ရှာပေး နေတာ။ စက်ရုံအလုပ်ရုံမရှိပေ မယ့် လူငါးဦးနှင့်အထက် အလုပ် နေရာတွေမှာ ခန့်ထားပေးခဲ့တယ်။ အိမ်တွင်းမှု အလုပ်တွေမှာ ပေါ့’’ဟု နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အစိုးရအနေဖြင့် အလုပ် လျှောက်ထားသူများကို ၎င်းတို့ နယ်ဒေသရှိ စက်ရုံ၊ အလုပ်ရုံများ အပြင် လူ ၅ဦးနှင့်အထက်ရှိ အသေးစားလုပ်ငန်းများတွင် ထည့်သွင်းအလုပ်ရှာဖွေပေးခဲ့ ကြောင်း သိရသည်။ ထို့အပြင် လက်ရှိ အစိုးရသစ်လက်ထက် တွင် ပြီးခဲ့သည့် သုံးနှစ်ကာလအ တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁.၂ သန်းကျော် ရှာဖွေပေး ခဲ့ပြီး ပြည်တွင်းတွင် ၁.၁ သန်းကျော် ပြည်ပတွင် တစ်သိန်းငါးသောင်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိအလုပ်သမား မှတ်ပုံ တင်ထုတ်ပေးလျက်ရှိသော အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာန လက် အောက်ရှိ ရုံးခွဲပေါင်း ၇၇ ရုံးရှိပြီး အဆိုပါ ရုံးများနှင့် ကွာဝေးသည့်  ဒေသများတွင် လူကုန် ကူးမခံရရန်စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

‘‘လစာ နှစ်သိန်းနဲ့ အလုပ်ရ မယ်ဆိုပြီး တရုတ်ပြည်လိုက်သွား တာ၊ ဟိုရောက်တော့ ရောင်းစားခံလိုက်ရပြီ ဆိုတာ သိလိုက်ရ တယ်။ ဘယ်လိုမှ မလုပ်တတ်တော့ဘူးလေ။ နောက်ပိုင်း အိမ်ကို အ ကြောင်းကြားပြီး လူမှုကယ်ဆယ် ရေးက နေ၀ိုင်ပြီးကူညီကြလို့ ပြန် ရောက်တာ။ ဒီလိုကူညီတာမရှိရင် ဘယ်လောက်အထိ လစာမရဘဲ အလုပ်ဆက်လုပ်ရမလဲ မသိဘူး’’ဟု လူကုန်ကူးခံရပြီး ပြန်ရောက်လာသူ လှိုင်သာယာမြို့ နယ်နေသူ ကိုသန်းဇော်ဝင်းက ပြောသည်။

‘‘အလုပ်သမားမှတ်ပုံတင် တွေ လုပ်ပေးတဲ့နေရာမှာ ရုံးအရေအတွက်နည်းနေတဲ့အတွက် အား နည်းချက်တွေ ရှိနေပါတယ်။ ဒါ ကြောင့် တကယ်ဝေးတဲ့ဒေသက သူတွေကို အလုပ်ရဖို့အတွက် အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး တစ်လ ကို နှစ်ကြိမ်ကွင်းဆင်းပြီး အလုပ် သမားမှတ်ပုံတင် လုပ်ပေးမှာဖြစ် သလို အလုပ် လိုချင်တဲ့သူတွေကို လည်း One Stop Service အလုပ်တစ်ခါတည်းရအောင် လုပ်ပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်’’ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားသည်။

အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဖွဲ့ထားသည့် Mobile Team အဖွဲ့မှာ အလုပ်အကိုင်အတွက် သီးသန့်ဆောင်ရွက်ပေးသော အဖွဲ့ဖြစ်သည်။

7Day DAILY

No comments:

Post a Comment