Tuesday 26 August 2014

အာဆီယံနိုင်ငံများကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်အရေးကြီးစိန်ခေါ်မှု အဖြစ်ရှိနေဆဲ

အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ နည်းပါးအောင် အကောင်းဆုံးကြိုး စားနေသော် လည်း အာဆီယံ၏ဆယ်စုနှစ် လေးစုကျော် အောင်မြင်မှုရရှိ ထားသော လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိန်းသိမ်းရန် ကြီးမားသော စိန်ခေါ်မှုများရှိနေဆဲ ဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောသည်။
ထို့ကြောင့် အာဆီယံအဖွဲ့ ၀င်နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုး တက်မှုကွာဟချက်များ နည်းပါး အောင် လုပ်ဆောင်ရာတွင် အာ ဆီယံနိုင်ငံများအကြား ရုပ်ပိုင်း ဆိုင်ရာနှင့် အခြေခံအဖွဲ့အစည်းများ ပူးပေါင်းမှု၊ အသေးစား၊ အလတ်စားလုပ်ငန်းများ၏ အခန်းကဏ္ဍမြှင့်တင်ခြင်းများကို အာဆီယံနိုင်ငံများပူးပေါင်းပြီး ယခုထက်အားထည့်ပြီး လုပ်ကိုင်ရန် လိုအပ်ကြောင်း ၎င်းက (၄၆) ကြိမ်မြောက်အာဆီယံစီးပွားရေး ၀န်ကြီးများ အစည်း အဝေးနှင့် (၁၂)ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အ၀န်းကောင်စီအစည်း အဝေး တွင် ပြောကြားသည်။

 မက်ခရိုစီးပွားရေး ဖော် ဆောင်ရေးသဘောတူညီမှုနှင့် ငွေကြေးတည်ငြိမ်ရေး၊ နည်းဥပ ဒေများခေ တ်နှင့် လျော်ညီအောင် ပြုလုပ်ခြင်းကဲ့သို့သော အခြေခံ အဆောက်အအုံဆိုင်ရာ ပြုပြင် ပြောင်းလဲရေးများ ဆက် လက် လုပ်ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဆင်ပြေ ချောမွေ့စေရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ ပါဝင်သည်။

‘‘ဒီကိစ္စတွေဟာ ၂၀၁၅ အလွန်အထိ ဆက်လက်လုပ် ဆောင်ဖို့ လိုနေဦးမှာပဲဆိုတာကို လည်း ကျွန်တော် ၀န်ခံရမှာပါ။ နောက်ပြီးတော့ AEC ကို အ ထောက်အပံ့ဖြစ်စေဖို့ ပြည်သူပိုင် ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ရေးကိုလည်း မြှင့်တင်ရမှာဖြစ်ပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်ကပြောသည်။ အာဆီယံနိုင်ငံများအနေဖြင့်  ဒေသတွင်းပေါင်းစည်းရေးတွင် ပွင့်လင်းမှုရှိရေး၊ ဖန်တီးနိုင်စွမ်းရှိ ရေးများကို ရည်ရွယ်ပြီး နက်နက် နဲနဲဆွေးနွေးသွားမည်ဖြစ်ရာ အာ ဆီယံစီးပွားရေးအသိုက်အ၀န်း (AEC)ဖော်ဆော င်ရေး အတွက် လည်း ကောင်းမွန်သော အမြင် များရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။ ၂၀၁၅ ခုနှစ် တွင် အာဆီယံ စီးပွားရေးအသိုက်အ၀န်း(AEC) ထူထောင်ရန် အချိန်နီးကပ်နေပြီ ဖြစ်သော် လည်း လုပ်ငန်းစဉ်များ သည် ၈၂ ဒသမ ၁ ရာခိုင်နှုန်းသာ ပြီးစီးပြီး ကျန်ရှိနေသေးသည့်အတွက် အချိန်နှင့် တစ်ပြေးညီ အာဆီယံစီးပွားရေးအသိုက်အ၀န်းကို အပြည့်အ၀အကောင်အထည် ဖော်နိုင်ရေး အာဆီ ယံနိုင်ငံ များ ၀ိုင်းဝန်းကြိုးပမ်းကြရန် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment